ချယ်လ်ဆီးအသင်းမှာ ခရစ်စ်တယ် ပဲလေ့စ်အသင်းမှ အသက် (၂၇) နှစ်အရွယ် အိုင်ဗရီကို့စ် တောင်ပံကစားသမား ဝီးလ်ဖရက်ဒ် ဇာဟာ အား ခေါ်ယူရန် ပြင်ဆင်နေကြောင်း သတင်းများ ပေါ်ထွက်နေချိန်တွင် ခရစ်စ်တယ် ပဲလေ့စ်အသင်းနည်းပြ ရွိုင်း ဟော့ဒ်ဆန် က မနေ့က ယှဉ်ပြိုင်ခဲ့သော နောဝစ်ချ်အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်အပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ယခုလိုဖြေကြားခဲ့သည်..။
"ကျွန်တော်အနေနဲ့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုအာမခံချက်မှ ထပ်ပြီးပေးနေစရာ မလိုပါဘူး..။ ကျွန်တော်တို့ဟာ ဝီးလ်ဖရက်ဒ် ဇာဟာ ကို မရောင်းချရအောင် တတ်နိုင်သမျှ ကြိုးစားသွားမှာပါ..။ သူ့ကိုဆက်လက်ပြီး ထိန်းသိမ်းချင်ပါတယ်..။ ကျွန်တော်သိရသလောက် အသင်းမှာရှိနေတဲ့ ဘယ်သူကမှလည်း သူ့ကိုရောင်းချနေတာ မရှိပါဘူး..။
ဒါပေမယ့် ဘယ်လိုကမ်းလှမ်းမှုမျိုးကို လက်ခံရရှိခဲ့လဲဆိုတာ ဘယ်သူကမှ မသိနိုင်ပါဘူး..။ တကယ်လို့ ကမ်းလှမ်းမှုကောင်းကောင်းတစ်ခု ရရှိခဲ့ရင်တောင် အသင်းရဲ့ ဘုတ်အဖွဲ့ ဒါရိုက်တာတွေ အနေနဲ့ အသေအချာထပ်ပြီး စဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်..။"
ထို့အပြင် ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် ကလည်း ဘရိုက်တန်အသင်းနှင့်ပွဲအပြီးတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ယခုလိုထပ်မံ ဖြေကြားခဲ့သည်..။
"ဇာဟာအကြောင်းကို ကျွန်တော်ဖြေကြားမှာ မဟုတ်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ဇာဟာ ရဲ့ အပြောင်းအရွှေ့ သတင်းဟာ ကျွန်တော့်စိတ်ထဲမှာ စဉ်းစားနေတဲ့ အကြောင်းအရောတစ်ခု မဟုတ်တဲ့အတွက် ဖြစ်ပါတယ်..။ ဒါ့အပြင် သူဟာကျွန်တော့်ရဲ့ အနာဂတ် အစီအစဉ်ထဲမှာလည်း ပါဝင်မနေပါဘူး..။
တကယ်လို့ ကျွန်တော်တို့ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ လှုပ်ရှားပြီဆိုရင်လည်း ဘယ်သူဘယ်ဝါကို ခေါ်ယူချင်ပါတယ်လို့ ကြေငြာနေမှာ မဟုတ်ပဲ နောက်ကွယ်ကနေ တိတ်တိတ်ဆိတ်ဆိတ်ပဲ လှုပ်ရှားမှာပါ..။"