feature-image

မြန်မာပြည်မှချယ်ဆီးပရိတ်သတ်များရဲ့MUNICH Final 2012 ၈နှစ်ပြည့်အမှတ်တရ

မေလ၁၉ရက်နေ့(ယနေ့) ရောက်တော့သတိရစရာတစ်ခုပေါ်လာပါတယ်, လွန်ခဲ့တဲ့၈နှစ်ခန့်ကအချိန်တွေခေါင်းထဲပေါ်လာပါတယ်, ခုလိုမျိုးအချိန်မျိုးမိုးအေးအေးပါဘဲ, မိုးရွာလိုက်နားလိုက်အနေအထားတခုပါ, ပုံမှန်အချိန်ဆိုမိုးအေးအေးနဲ့ကွေးနေလောက်ပါပြီဒါပေမဲ့အပြင်ကိုထွက်ရမည့်ကိစ္စတခုရှိနေခဲ့ပါတယ်ဘာလို့လည်းဆိုတော့ကျတော်အပါအဝင်ချယ်ဆီးဖန်တွေအားလုံးရဲ့အရေးကြီးဆုံးနဲ့စိတ်လှုပ်ရှားဖွယ်ရာနေ့တနေ့ဖြစ်နေခဲ့လိုပါဘဲ

Myanmar Chelsea Official Supporters Club အဖြစ်မရောက်ရှိသေးခင်ကာလ၂၀၁၂ခုနှစ်မှာမြန်မာချယ်ဆီးဖန်တွေစုံရပ်ကChelsea Fans Club Myanmar Facebook Group ဖြစ်ပါတယ်အဲ့ဒီမှာဘဲလူစုစည်းရုံးပြီးChampion League Final ပွဲLive ပြသည့်မည့်ရန်ကုန်မြို့ရဲ့မျှော်စင်ကျွန်းမှာည၈နာရီဆုံကြဖို့သတ်မှတ်ခဲ့ကြပါတယ်,  Media Agency တစ်ခုနဲ့Consumer Brand တခုတို့ကနေsponsor ပေးပြီးLive Match စီစဥ်တဲ့ပွဲပါ, အဲ့ဒီအချိန်ကာလမှာOffiicial Supporters Club အဆင့်မရောက်ရှိသေးတာမို့ကျတော်တို့အားလုံးဟာပရိတ်သတ်အနေနဲ့ဘဲပွဲသွားကြည့်ခဲ့ရတဲ့အနေအထားတခုပါ, 


ချယ်ဆီး-ဘိုင်ယန်Final ပွဲစဥ်ဟာမေလ၂၀ရက်နေ့မနက်၂:၃၀ပွဲစဥ်ဖြစ်တာကြောင့်ပရိတ်သတ်တွေများများလာနိုင်အောင်အတွက်ပွဲစီစဥ်သူများဘက်မှမေလ၁၉ရက်နေ့ည၈နာရီလောက်မှစတင်ပြီးStage Show အစီအစဥ်တွေထည့်ထားတာမို့စောစောစီးစီးပွဲစည်နေခဲ့ပါတယ်, ည၉နာရီလောက်မှာအဖွဲ့သားတွေစုံနေကြပြီ, နာမည်ကြီးFM တခုကလည်းချယ်ဆီးအသင်းကိုယ်စားပြုintetview လေးလုပ်ချင်တယ်ဆိုတာကြောင့်ဗျူးခဲ့ရပါသေးတယ်, အဲ့ဒီအချိန်မှာရေပန်းစားတာကအိမ်ရှင်ဖြစ်တဲ့ဘိုင်ယန်မြူးနစ်အသင်းပါ, ဒါပေမဲ့ချယ်ဆီးဟာUCLWinners ဖြစ်မှာပါလို့ရဲရဲတင်းတင်းပြောခဲ့ပါတယ်( Final ပွဲစဥ်တိုင်းအင်တာဗျူးတိုင်းမှာဒီလိုဘဲအမြဲဖြေပါတယ်), အဲ့ဒီနေ့ပွဲထူးခြားတာတခုကတော့ဘိုင်ယန်ဂျာစီတွေနဲ့လူတွေအများကြီးရောက်လာကြချင်းပါဘဲ, အမှန်ဆိုဘိုင်ယန်ဖန်တွေမြန်မာပြည်မှာEPL အသင်းတွေလောက်မရှိပါ, နောက်မှသိရတာကတော့EPL ပြိုင်ဘက်အသင်းတသင်းမှဖန်တွေဟာဘိုင်ယန်ဖန်အဖြစ်ခဏတာအတွင်းအသွင်ကူးပြောင်းထားခဲ့ကြတယ်ဆိုတာပါဘဲ, ဘယ်အသင်းဖန်တွေများလို့သင်ထင်ပါသလည်း😂😂🤣🤣


၁၉ရက်နေ့ညမှာလူစုခဲ့ကြပေမဲ့Live ပွဲစဥ်စတင်တော့မြန်မာပြည်စံတော်ချိန်အရနံနက်၂:၃၀ပါမိုးရွာရင်ထီးဖွင့်ဆောင်းတဲ့သူဆောင်း, Vinyl တွေအောက်ပြေးဝင်တဲ့သူဝင်ပေါ့ဗျာအင်မတန်ပျော်စရာကောင်းခဲ့ပါတယ်, Group အတွင်းကသူတွေမဟုတ်သော်လည်းချယ်ဆီးဂျာစီဝတ်ထားသူတွေအချင်းချင်းရင်ဘတ်ချင်းနီးစပ်သူများမို့ချယ်ဆီးဖန်များအားလုံးတစုတဝေးတည်းစုပေါင်းကြည့်ခဲ့ကြပါတယ်Final ဘောလုံးပွဲစဥ်ဟာအလွန်တရာစိတ်လှုပ်ရှားဖွယ်အပြည့်နဲ့ပါ, မူလာကဦးစွာခေါင်းတိုက်ပြီးဘိုင်ယန်အတွက်ဂိုးစတင်သွင်းယူတာမို့နောက်ကနေလိုက်ဆော့ရတဲ့အသင်းဖန်တွေရဲ့ရင်ထဲအင်မတန်ဘဲစိတ်တွေလှုပ်ရှားရပါတယ်ဒါပေမဲ့မကြာပါဘူးကျတော်တို့Legend ကြီးDrogba ကလျင်မြန်လှတဲ့ခေါင်းတိုက်ဂိုးနဲ့ပြန်လည်ချေပလိုက်တော့၁-၁ပေါ့ဗျာ, တကယ်လှပြီပွဲကောင်းပြီ💪🏼💪🏼💪🏼အဲမကြာပါဘူးMr Drogba ရဲ့ဖျက်ထုတ်မှု့ကြောင့်ပယ်နတီပေးရပြီ, ကံတရားကကို့ဘက်မှာရော်ဘင်ရဲ့ပယ်နတီမဝင်ခဲ့ပါဘူး, အဲ့ဒီပယ်နတီသာဝင်သွားလို့ကတော့ဘိုင်ယန်ဟာချန်ပီယံဖြစ်ခဲ့ပြီလေ, အထဲမှာပွဲကောင်းသလိုအပြင်ပရိတ်တွေလည်းအော်ကြဟစ်ကြနဲ့တကယ့်ကိုအပြိုင်ဆိုင်ပါဗျာလူသူဝေးရာမျှော်စင်ကျွန်းမို့ပါဘဲ 

Extra Time အထိ၁-၁ဖြစ်နေတာမို့ပယ်နတီတဖက်၅လုံးစီကန်ကြပါပြီ, မာတာသွင်းတဲ့ပယ်နတီမဝင်ပေမဲ့ဘိုင်ယန်ဘက်မှ၂လုံးမဝင်တာမို့ချယ်ဆီးဟာဆက်လက်ပြီးအသက်ဝင်နေပါတယ်, ကဲနောက်ဆုံးအဆုံးအဖြတ်လာပါပြီDrogba ရဲ့ကန်ချက်အောက်မှာအဲ့ဒီအချိန်ကအကောင်းဆုံးဂိုးသမားNeuer ဟာဒူးထောက်အရှုံးပေးခဲ့ရပါပြီ, ချယ်ဆီးဟာ၄-၃ဂိုးနဲ့၂၀၁၁-၂၀၁၂ခုနှစ်ရဲ့UCL Champion ဖြစ်ခဲ့ပါပြီ, ချယ်ဆီးဖန်များအောင်ပွဲခံကြရမှာပျော်ကြလွန်းလို့တချို့ဟာဆောင်းထားတဲ့ထီးတွေတောင်ယောင်ရန်းပြီးလွှင့်ပစ်ခဲ့ရတဲ့အထိပါဘဲ, ဘိုင်ယန်အယောင်ဆောင်ပရိတ်သတ်များလည်းတိတ်ဆိတ်စွာအစုလိုက်ထွက်ပြေးကုန်ကြပါတယ်🤣🤣😂😂အောင်ပွဲခံပြီးတဲ့အချိန်ဟာနံနက်၅:၃၀လောက်ရှိနေပြီမို့အုပ်စုလိုက်နီးစပ်ရာTea Shop တခုကိုချီတက်ရင်းနံနက်စာစားပြီးမှအိမ်ပြန်ခဲ့ကြသည်, အိမ်ရောက်တော့အိမ်မပျော်Delay ပြန်လွှင့်တာကိုတစိမ့်စိမ့်ထပ်ကြည့်နေခဲ့တာကိုတယောက်တည်းလား😊


#KTBFFH