ချယ်လ်ဆီးအသင်း ကစားသမားဟောင်း မိုက်ကယ် ဘောလက် မှာ lockdown ကာလအတွင်း ပုံမှန်ဆေးစစ်မှု ပြုလုပ်ခဲ့စဉ်အတွင်း ပင်မအာရုံကြောမအနီးတွင် (spinal cord) ကင်ဆာကျိတ်တစ်ခု တွေ့ရှိခဲ့သည်..။ MRI စစ်ဆေးမှု ပြုလုပ်ချိန်တွင် တွေ့ရှိခဲ့သော အဆိုပါကင်ဆာကျိတ်အား ခွဲစိတ်မှုခံယူပြီး ဖယ်ရှားခဲ့ကြောင်း ဂျာမနီသတင်းဌာန The Bild က ဖော်ပြခဲ့သည်..။
ဓါတ်ခွဲစမ်းသပ်မှုများအရ အဆိုပါအကျိတ်မှာ အခြားနေရာများသို့ ပျံ့နှံ့မှုမရှိသေးသဖြင့် (benign) စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်..။ မိုက်ကယ် ဘောလက် မှာ လွန်ခဲ့သည့်ငါးပတ်က ပြုလုပ်ခဲ့သော ခွဲစိတ်မှုအပြီး ပေါ်တူဂီနိုင်ငံတွင် အနားယူခဲ့ကြောင်း၊ ယခုအချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ နောက်ဆုံးအဆင့်ပွဲစဉ်များကို ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) နှင့်အတူ တက်ရောက်နေကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်..။