feature-image

ချယ်လ်ဆီးအသင်း၏ ၂၀၁၉/ ၂၀ ဘောလုံးရာသီမှ ထူးခြားခဲ့သော Milestones မှတ်တိုင်များ..

ပြီးဆုံးသွားခဲ့သော ၂၀၁၉/ ၂၀ ဘောလုံးရာသီအတွင်းမှ ချယ်လ်ဆီးအသင်း စိုက်ထူခဲ့သော ထူးခြားသည့် သမိုင်းမှတ်တိုင်များ၊ အချက်အလက်များကို ချယ်လ်ဆီးအသင်းမှ မှတ်တမ်းထိန်းသိမ်းသူ Paul Dutton က Chelsea အသင်း Official website မှတဆင့် ယခုလိုတင်ဆက်ပေးခဲ့သည်..။

ဘောလုံးရာသီ ပြိုင်ပွဲအရပ်ရပ် ရပ်တည်မှုအနှစ်ချုပ်

Premier League – fourth
FA Cup – runners-up
League Cup – round four
Champions League – round of 16
UEFA Super Cup – runners-up
Premier League 2 – winners
Checkatrade Trophy – round two
UEFA Youth League – group stage
U18s Premier League – runners-up
FA Youth Cup – currently in the semi-final, future of competition TBC
U18s Premier League Cup – semi-final
FA Women’s Super League – winners
Women’s FA Cup – currently in the quarter-final, still to be completed
Continental League Cup – winners

ထင်ရှားသော မှတ်တိုင်များ..

ဝီလီယံ - လိုင်လီအသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၃၀၀) ပြည့်မြောက်ခဲ့သည်..။



ဝီလီယံ - နောဝစ်ချ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ပွဲပေါင်း (၂၀၀) ပြည့်မြောက်ခဲ့သည်..။


ပီဒရို - လီဗာပူးလ်အသင်းနှင့် FA ဖလားပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၂၀၀) ပြည့်မြောက်ခဲ့သည်..။


အန်တိုနီယို ရူဒီဂါ  - လက်စ်တာအသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့ပြီး ချယ်လ်ဆီးအသင်း ရရှိခဲ့သော နှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့သည်..။


အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် - ဘေယန် မြူးနစ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည်..။


မားကို့စ် အလွန်ဆို - ဆောက်သမ်တန်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည်..။


ကတ် ဇူးမား - ဘရိုက်တန်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည်..။


ဆီဇာ အက်ဇ်ပီလီကွဲတား - ဘရိုက်တန်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည်..။


ဆီဇာ အက်ဇ်ပီလီကွဲတား - အိုင်းယက်စ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၃၅၀) ပြည့်မြောက်ခဲ့သည်..။



အကယ်ဒမီ လူငယ်များ၏ မှတ်တမ်းများ

ချယ်လ်ဆီးအသင်းမှာ ဂရင်စ်ဘီ တောင်း အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော Carabao ဖလားပြိုင်ပွဲတွင် ၁၉၈၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသက် (၂၀) နှစ်အောက် ကစားသမား လေးဦးကို ပွဲထွက်လူစာရင်းတွင် ထည့်သွင်းခဲ့ပြီး အသင်း၏သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အသက် (၂၀) နှစ်အောက် ကစားသမား ခြောက်ဦးကို ပါဝင်ခွင့်ရရှိခဲ့သည်..။

မေဆန် မောင့် မှာ လီဗာပူးလ်အသင်းနှင့် အဝေးကွင်းပွဲတွင် ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၅၀) ပြည့်ခဲ့ပြီး အသင်း၏ငယ်မွေးခြံပေါက် ကစားသမားမျးထဲမှ တစ်ရာသီအတွင်း ပွဲပေါင်း (၅၀) ပြည့်မြောက်ခဲ့သည့် ပထမဆုံး ကစားသမား ဖြစ်ခဲ့သည်..။

ရိစ် ဂျိမ်းစ် မှာ အိုင်းယက်စ်အသင်းနှင့် တစ်ဘက်လေးဂိုးစီ သရေကျခဲ့သည့်ပွဲတွင် အသင်းအတွက် စတုတ္တမြောက် ချေပဂိုးကို အသက် (၁၉ နှစ် ၃၃၂ ရက်) တွင် သွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်း၏ ချန်ပီယံလိဂ် သွင်းဂိုးရရှိခဲ့သည့် အသက်အငယ်ဆုံး ကစားသမားဖြစ်ခဲ့သည်..။



ဝက်ဒ်ဖို့်ဒ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် တန်မီ အေဘရာဟမ်၊ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း၊ ရူဘင် လော့ဖ်တပ်စ် ချိခ် နှင့် ဘီလီ ဂေးလ်မား တို့ကို ထည့်သွင်းပြီး ပထမဆုံးအကြိမ်အဖြစ် အကယ်ဒမီထွက် လူငယ်ကစားသမားလေးယောက်ကို လူးစားဝင် ကစားသမားများအဖြစ် ထည့်သွင်းအသုံးပြုခဲ့သည်..။

ဖီကာရို တိုမိုရီ မှာ အင်္ဂလန်အသင်းနှင့် ကိုဆိုဗိုအသင်းတို့ပွဲစဉ်၊ ပွဲချိန် (၈၄) မိနစ်တွင် လူစားဝင်ခွင့်ရခဲ့ပြီး အင်္ဂလန်အသင်းအတွက် ကိုယ်စားပြုခွင့်ရခဲ့သည့် ချယ်လ်ဆီးအသင်းမှ အယောက် (၅၀) မြောက်  ကစားသမား ဖြစ်ခဲ့သည်..။

တန်မီ အေဘရာဟမ် မှာ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ အဝေးကွင်းသွင်းဂိုး (၁၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီဒီယာ ဒရော့ဘာ (၂၀၀၉/ ၁၀ ဘောလုံးရာသီတွင် ၁၈ ဂိုး သွင်းယူပေးခဲ့သည်..) နောက်ပိုင်း အဝေးကွင်းသွင်းဂိုး အများဆုံး ရရှိခဲ့သည့် ကစားသမား ဖြစ်ခဲ့သည်..။

အခြားသော မှတ်တမ်းများ

ဆီဇာ အက်ဇ်ပီလီကွဲတား မှာ ဘုန်းမောက်အသင်းနှင့်အိမ်ကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် ပွဲပေါင်း (၂၅၀) ကစားခွင့်ရခဲ့သည့် ပထမဆုံး စပိန်ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။

ဘရိုက်တန်အသင်းနှင့်ပွဲစဉ်တွင် ဂျော်ဂင်ဟို သွင်းယူခဲ့သော ပင်နယ်တီဂိုးဖြင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင်ကွင်းများအနက် ပင်နယ်တီသွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့သော ပထမဆုံးကွင်း (ချယ်လ်ဆီးအသင်း ၇၈ ဂိုး၊ ပြိုင်ဘက်များ ၂၂ ဂိုး) ဖြစ်ခဲ့သည်..။



ချယ်လ်ဆီးအသင်းမှာ ၂၀၁၉/ ၂၀ ဘောလုံးရာသီတွင် ပေးဂိုး (၇၉) ဂိုး ခွင့်ပြုခဲ့ရပြီး တစ်ပွဲလျှင် ပျမ်းမျှ (၁.၄၄) ဂိုးဖြင့် ၁၉၉၀/ ၉၁ ဘောလုံးရာသီနောက်ပိုင်း (တစ်ပွဲလျှင် ပျမ်းမျှပေးဂိုး- ၁.၆၄) ခံစစ်အဆိုးရွားဆုံး ဘောလုံးရာသီ ဖြစ်ခဲ့သည်..။

ယခုနှစ်ဘောလုံးရာသီမှာ ၁၉၈၅/ ၈၆ ဘောလုံးရာသီ (အိမ်ကွင်းရှုံးပွဲ- ၈) နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ အိမ်ကွင်းရှုံးပွဲ (၈) ပွဲ ရှိခဲ့သည့် ဘောလုံးရာသီဖြစ်ခဲ့သည်..။

စပိန်တောင်ပံကစားသမား ပီဒရို မှာ အသင်းမှထွက်ခွာသွားပြီဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ ပီဒရို ဂိုးသွင်းယူနိုင်ခဲ့သည့် ပွဲစဉ်များတွင် ရှုံးပွဲလုံးဝမရှိခဲ့သည့် မှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့သည်..။ ပီဒရို မှာ သူ၏ချယ်လ်ဆီးအသင်းသွင်းဂိုး (၄၃) ဂိုးကို (၃၉) ပွဲတွင် သွင်းယူပေးခဲ့ပြီး (၃၇) ပွဲနိုင်၊ (၂) ပွဲသရေကျခဲ့သည်..။



ဝီလီယံ မှာ ပြက္ခဒိန်နှစ်တစ်နှစ်၏ လတိုင်းတွင် ချယ်လ်ဆီးအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့သော ပထမဆုံး ချယ်လ်ဆီးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်…။

FA ဖလား၊ ဗိုလ်လုပွဲစဉ်တွင် ချယ်လ်ဆီးအသင်းမှ ပါဝင်ခဲ့သော ဝီလီ ကာဘာလာယို မှာ အသက် (၃၈ နှစ်၊ ၃၀၈ ရက်) ဖြင့် ချယ်လ်ဆီးအသင်း၏ FA ဖလား၊ ဗိုလ်လုပွဲများတွင် ပါဝင်ခဲ့သည့် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ အသက် (၁၉ နှစ်၊ ၂၆၈ ရက်) ဖြင့် FA ဖလား၊ ဗိုလ်လုပွဲများတွင် ပါဝင်ခဲ့သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်..။

ယခုနှစ်ဘောလုံးရာသီတွင် အာဆင်နယ်အသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် ပွဲပေါင်း (၂၀၀) ပြည့်မြောက်ခဲ့ပြီး ဘန်လေအသင်းနှင့် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည်..။

တစ်လတာ အကောင်းဆုံးမန်နေဂျာဆု - ဖရန့် လမ်းပတ် (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ)