စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပြန်လည်စတင်မည့် ၂၀၂၀/ ၂၁ ဘောလုံးရာသီနှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာ အချက်များကို Chelsea အသင်း Official website က ယခုလိုတင်ဆက်ပေးခဲ့သည်..။
ဘယ်အချိန်မှာ ဘောလုံးရာသီအသစ် စတင်မလဲ..?
၂၀၂၀/ ၂၁ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သြဂုတ်လ (၂၉) ရက်နေ့၊ ဝင်ဘလေကွင်းတွင် အာဆင်နယ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သော Community Shield ပြိုင်ပွဲဖြင့် စတင်ပါမည်..။
ပရီးမီးယားလိဂ်ပြိုင်ပွဲများမှာ စက်တင်ဘာ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့များတွင် ပြန်လည်စတင်မည်ဖြစ်ပြီး ဖရန့် လမ်းပတ် ၏ ချယ်လ်ဆီးအသင်းမှာ ဘရိုက်တန်အသင်းနှင့် စက်တင်ဘာလ (၁၄) ရက်၊ တနင်္လာနေ့တွင် စတင်ယှဉ်ပြိုင်ကစားရပါမည်..။ ထို့နောက်ပွဲစဉ် (၂) တွင် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းနှင့် စတန်းဖို့ဒ် ဘရစ်ချ်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်..။
ချယ်လ်ဆီးအသင်းမှာ ရာသီကုန်ပိုင်းတွင် မန်ချက်စတာ စီးတီး၊ အာဆင်နယ်နှင့် လက်စ်တာအသင်းများနှင့် ပွဲကျပ်များကို ဆက်တိုက်ယှဉ်ပြိုင်ကစားပြီး ဘောလုံးရာသီနောက်ဆုံးပွဲစဉ်အဖြစ် အက်စ်တွန် ဗီလာအသင်းနှင့် မေလ (၂၃) ရက်နေ့တွင် ရင်ဆိုင်ရပါမည်..။
၂၀၂၀/ ၂၁ ဘောလုံးရာသီ၏ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဇူလိုင်လ (၂၇) ရက်၊ တနင်္လာနေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာလ (၅) ရက်နေ့ (မြန်မာစံတော်ချိန်- အောက်တိုဘာ (၆) ရက်၊ အင်္ဂါနေ့၊ နံနက် (၄း၃၀) နာရီ) တွင် ပြီးဆုံးပါမည်..။ ပြည်တွင်းအပြောင်းအရွှေ့မှာ အောက်တိုဘာလ (၁၆) ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ည (၁၀း၃၀) နာရီအထိ ပြုလုပ်နိုင်ပါမည်..။ သို့သော်ပရီးမီးယားလိဂ် အသင်းများအနေဖြင့် English Football League ပြိုင်ပွဲဝင်အသင်းများနှင့်သာ အပြောင်းအရွှေ့ ပြုလုပ်နိုင်မည်ဖြစ်သည်..။
၂၀၂၀/ ၂၁ ဘောလုံးရာသီ၏ ထူးခြားချက်..
ယခုကျင်းပမည့်ဘောလုံးရာသီမှာ စတင်ချိန်နောက်ကျခဲ့သော်လည်း မေလကုန်ပိုင်းတွင် အပြီးသတ်နိုင်ရန် ရေးဆွဲထားသဖြင့် အပါတ်စဉ် စနေ၊ တနင်္ဂနွေနှင့် ကြားရက်များတိုင်းတွင် ပရီးမီးယားလိဂ် ပွဲစဉ်များ၊ ဖလားပွဲများ၊ နိုင်ငံတကာ ပွဲစဉ်များအပြည့် ရေးဆွဲထားမည်ဖြစ်သည်..။
အနားပေးထားသည့်ကြားရက်ကာလမှာ လေးကြိမ်သာရှိသော်လည်း အဆိုပါကြားရက်များအတွင်း အစားထိုးပွဲစဉ်များကို ပြန်လည်စီစဉ်ရမည် ဖြစ်သောကြောင့် တစ်ရာသီလုံး နားရက်မရှိ ဆက်တိုက်ယှဉ်ပြိုင်ရပါမည်..။
၂၀၂၀/ ၂၁ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ..
ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့် မဲခွဲပွဲများကို အောက်တိုဘာလ (၁) ရက်၊ ကြာသာပတေးနေ့တွင် ဂရိနိုင်ငံ၊ အေသင်စ်မြို့၌ ကျင်းပမည်ဖြစ်သည်..။ ချယ်လ်ဆီးအသင်းမှာ ‘မဲအိုး (၂) Pot 2’ တွင် ပါဝင်ရမည် ဖြစ်သောကြောင့် ထိပ်သီးလိဂ်ပြိုင်ပွဲ (၆) ခုမှာ ချန်ပီယံအသင်းတစ်သင်း၊ သို့မဟုတ် လက်ရှိချန်ပီယံလိဂ် ချန်ပီယံ (သို့မဟုတ်) ယူရိုပါလိဂ် ချန်ပီယံအသင်းနှင့် ယှဉ်ပြိုင်ရပါမည်..။ အုပ်စုအဆင့်ပွဲစဉ်ကျင်းပမည့် ရက်များကို အောက်ပါအတိုင်း ရေးဆွဲထားပါသည်..။
အောက်တိုဘာလ (၂၀/ ၂၁) ရက် – အုပ်စုအဆင့်၊ ပွဲစဉ် (၁)
အောက်တိုဘာလ (၂၇/ ၂၈) ရက် – အုပ်စုအဆင့်၊ ပွဲစဉ် (၂)
နိုဝင်ဘာလ (၃/ ၄) ရက် – အုပ်စုအဆင့်၊ ပွဲစဉ် (၃)
နိုဝင်ဘာလ (၂၄/ ၂၅) ရက် – အုပ်စုအဆင့်၊ ပွဲစဉ် (၄)
ဒီဇင်ဘာလ (၁/ ၂) ရက် – အုပ်စုအဆင့်၊ ပွဲစဉ် (၅)
ဒီဇင်ဘာလ (၈/ ၉) ရက် – အုပ်စုအဆင့်၊ ပွဲစဉ် (၆)
ပြည်တွင်းဖလား ပြိုင်ပွဲများ..
Carabao ဖလားနှင့် FA ဖလားပြိုင်ပွဲများ ကျင်းပမည့်ပုံစံကို ပြောင်းလဲထားပြီး Carabao ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် တစ်ကျော့သာ ယှဉ်ပြိုင်ရပါမည်..။ FA ဖလားပြိုင်ပွဲတွင် ပြန်ကန်ရမည့် (replay) ပွဲစဉ်များကို ပယ်ဖျက်ထားကြောင်း ဘောလုံးအဖွဲ့ချုပ် (FA) က အတည်ပြု၊ ပြောကြားထားပါသည်..။
ချယ်လ်ဆီးအသင်း ပါဝင်သည့် Carabao ဖလား၊ တတိယအဆင့် ပွဲစဉ်များကို စက်တင်ဘာ (၂၂/ ၂၃) ရက်များတွင် ကျင်းပမည်ဖြစ်ပြီး FA ဖလားပြိုင်ပွဲ၊ တတိယအဆင့် ပွဲစဉ်များကို ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကျင်းပပါမည်..။
နိုင်ငံလက်ရွေးစင်အသင်း ပွဲစဉ်များ..
၂၀၂၀/ ၂၁ ဘောလုံးရာသီ၏ နိုင်ငံလက်ရွေးစင်အသင်း ပွဲစဉ်များကို လာမည့်အပါတ် (စက်တင်ဘာ- ၃/ ၄ ရက်နေ့များ) UEFA Nations League ပြိုင်ပွဲ၊ အုပ်စုအဆင့်ပွဲစဉ်များဖြင့် ပြန်လည်စတင်ပါမည်..။ ထို့နောက် အောက်တိုဘာ (၅- ၁၃) ရက်နေ့များအတွင်း၊ နိုဝင်ဘာ (၉- ၁၇) ရက်နေ့များအတွင်းနှင့် မတ်လ (၂၂- ၃၀) ရက်နေ့များတွင် ယှဉ်ပြိုင်ရပါမည်..။ ယူရို ၂၀၂၀ ဥရောပဖလားပြိုင်ပွဲကို ဇွန်လ (၁၁) ရက်နေ့တွင် စတင် ယှဉ်ြ့ပိုင်ရပါမည်..။
ပရိသတ်များကို ဝင်ရောက်ခွင့်ပြုမည်လား..?
၂၀၂၀/ ၂၁ ဘောလုံးရာသီကို ကွင်းပိတ်ပွဲစဉ်များဖြင့်သာ စတင်ပါမည်..။ အားပေးသည့် ပရိသတ်များ ကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်ခွပရီးမီးယားလိဂ် အဖွဲ့ချုပ်က ကြိုးစားလျှက်ရှိပါသည်..။
ဆောင်းရာသီ အနားပေးရက်..
ဆောင်းရာသီ အနားပေးရက် (winter break) ထားရှိမည် မဟုတ်ပေ..။ ဇန်နဝါရီလအတွင်း ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပါတ်ကို ကြားရက်များတွင် ရက်သတ္ထပါတ် နှစ်ပါတ်ခွဲပြီး ကျင်းပရန် စီစဉ်ထားပါသည်..။
လူစားလဲခြင်း ခွင့်ပြုမှု အပြောင်းအလဲ ဖြစ်နိုင်မည်လား...?
ပရီးမီးယားလိဂ် ရှယ်ယာဝင်များ၏ မဲခွဲဆုံးဖြတ်ချက်အရ ၂၀၂၀/ ၂၁ ဘောလုံးရာသီတွင် မူလစည်းမျဉ်းအတိုင်း လူစားလဲခွင့် သုံးယောက်နှင့် အရန်ခုံတန်းတွင် ကစားသမား ခုနှစ်ယောက် သာ ခွင့်ပြုသွားပါမည်..။