ချယ်လ်ဆီးအသင်း ပရိသတ်များကို ကိုယ်စားပြုနေသည့် Chelsea Supporters Trust အဖွဲ့က ၂၀၂၃/၂၄ ဘောလုံးရာသီတွင် ကွင်းဝင်ကြေး၊ တစ်ရာသီစာ လက်မှတ်ကြေးများကို တိုးမြှင့်ရန် စဉ်းစားနေမှုများကို မပြုလုပ်ရန် အသင်းဥက္ကဌ တော့ဒ် ဘိုလေး ထံသို့ အိပ်ဖွင့်ပေးစာတစ်စောင် တရားဝင် ပေးပို့ခဲ့သည်..။
ချယ်လ်ဆီးအသင်း ပရိသတ်များကို ကိုယ်စားပြုသည့် အဆိုပါ CST အဖွဲ့က နောက်လာမည့် ဘောလုံးရာသီတွ်င် လက်မှတ်ခ တိုးမြှင့်ခြင်းမပြုသင့်ကြောင်းကို အချက်လေးချက်ပါဝင်သည့် အကြောင်းပြချက်များဖြင့် အသိပေးခဲ့ပြီး မိမိတို့၏ အကြုံပြုချက်များကို ထည့်သွင်း၊ စဉ်းစားခြင်းမပြုပါက ဆိုးရွားသည့် နောက်ဆက်တွဲရလဒ်များဖြင့် ကြုံတွေ့နိုင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်..။
လက်ရှိဗြိတိန်နိုင်ငံတွင် ကြုံတွေ့နေရသော မြင့်မားသည့် ငွေကြေးဖောင်းပွမှုနှင့် အခြေခံကုန်ကျစားရိတ်များ မြင့်မားနေမှုတို့ကြောင့် ပြည်သူအများကြုံတွေ့နေရသည့် စီးပွားရေး ကျပ်တည်းမှု၊ ချယ်လ်ဆီးအသင်း၏ စီးပွားရေး လုပ်ငန်းများမှ ဝင်ငွေရရှိမှု မြင့်မားလာမှု၊ လက်ရှိဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ ရလဒ်များ ဆိုးရွားနေမှုကြောင့် လာမည့်ဘောလုံးရာသီတွင် လက်မှတ်ခ တိုးမြှင့်လိုက်ပါက အသင်းပရိသတ်များ၏ ကွင်းအတွင်း ဝင်ရောက်အားပေးမှုကို ထိခိုက်နိုင်မှု အခြေအနေများကို အဆိုပါအိပ်ဖွင့်ပေးစာအတွင်း ထည့်သွင်းဖော်ပြခဲ့ပါသည်..။
၂၀၂၂/၂၃ ဘောလုံးရာသီအတွင် ကွင်းဝင်ကြေးလက်မှတ်ခမှာ စတာလင်ပေါင် (၅၃) နှင့် စတာလင်ပေါင် (၇၆) ကြားတွင် ရှိနေပြီး တစ်ရာသီစာလက်မှတ်မှာ စတာလင်ပေါင် (၅၉၅) မှ စတာလင်ပေါင် (၉၅၀) ကြားတွင် တန်ကြေးရှိပါသည်..။