ချယ်လ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီမှာ ၂၀၂၅/၂၆ ဘောလုံးရာသီအတွက် ကစားသမား (၁၆) ဦီးကို လက်မှတ်ရေးထိုး ခေါ်ယူခဲ့ပါတယ်..။ ကစားသမားလေးတွေကို စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးမှာ လက်မှတ်ရေးထိုး အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး အချိန်ပြည့်ကစားသမားလေးတွေအဖြစ် ဘောလုံးလောကထဲကို စတင်ဝင်ရောက်စေခဲ့ကြပါတယ်။
ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းနည်းပြ ဟာဆန် ဆူလေမန် ဟာ ၂၀၂၄/၂၅ ဘောလုံးရာသီမှာ အောင်မြင်မှုတွေရခဲ့ပါတယ်..။ အခုလာမယ့်ရာသီမှာ ဆောက်ပ်သမ်တန်အသင်းကနေ ရောက်ရှိလာတဲ့ လက်ထောက်နည်းပြသစ် ကာလန် မက်ခ်ဖာလိန်း နဲ့အတူ အတွေးအခေါ်သစ်တွေ၊ တန်ဖိုးရှိတဲ့ အတွေ့အကြုံသစ်တွေနဲ့ ပေါင်းစပ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
လာမယ့်ရာသီ ပညာသင်ဆုရရှိခဲ့တဲ့ ကစားသမားတွေထဲမှာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား အများအပြား ပါဝင်ခဲ့ပါတယ်။ တစ်ချို့တွေဟာ ပြီးခဲ့တဲ့ရာသီမှာ အသက် (၁၈) နှစ်အောက် အသင်းအတွက် ကစားပေးခဲ့ကြပြီး အချို့ဆိုရင် အရန်အသင်း (အသက် ၂၁ နှစ်အောက်) အဆင့်မှာပါ စမ်းသပ်၊ ပါဝင်ခွင့်တွေ ရရှိခဲ့ကြပါတယ်။ တစ်ဦးကတော့ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲဝင် အသင်းမှာ ကစားခွင့်ရခဲ့ပါတယ်။
ပညာသင်ဆု သဘောတူ လက်မှတ်ရေးထိုးခြင်းဟာ ကစားသမားတစ်ဦးရဲ့ အကြီးတန်းဘောလုံးလောကဆီ ခရီးဆက်လမ်းမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ကစားသမားတစ်ဦးဟာ အသက် (၁၇) နှစ်ပြည့်ပြီးတဲ့နောက်မှာ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကို လက်မှတ်ရေးထိုးပြီး သူတို့ရဲ့ကစားသမား ဘဝခရီးလမ်ကို ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။
စတန်းဖို့ဒ် ဘရစ်ချ်မှာ ပညာသင်ဆုသဘောတူညီချက်တွေ လက်မှတ်ရေးထိုးပြီးနောက် (အသက် ၁၈ နှစ်အောက်) လူငယ်အသင်းမှာ အချိန်ပြည့်ပါဝင်ရတော့မယ့် ကစားသမားတွေအကြောင်းကို လူငယ်အကယ်ဒမီ နည်းပြအဖွဲ့က အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။
Chris Atherton
ခရစ်စ် ဟာ ၂၀၂၅/၂၆ ရာသီမှာ ချယ်လ်ဆီးအသင်းကို မြောက်အိုင်ယာလန်က ဂလင်နာဗွန် အသင်းကနေ ပြောင်းရွှေ့လာခဲ့ပါတယ်။ လျှင်မြန်ပြီး ပါးနပ်မှုရှိတဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်ပြီး အသက် (၁၃) နှစ်အရွယ်မှာ အသင်းကြီးနဲ့ ပါဝင်ခွင့်ရခဲ့တာကြောင့် ဗြိတိသျှ ဘောလုံးသမိုင်းမှာ အသက်အငယ်ဆုံး အသင်းကြီး ပွဲထွက်ခွင့်ရတဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်..။
ပြီးခဲ့သည့်ရာသီမှာ ဂလင်နာဗွန်အသင်းကြီးမှာ ပုံမှန်ကစားခွင့်ရခဲ့ပြီး တိုက်စစ်မှာ ရဲရဲဝံ့ဝံ့ တိုးဝင်၊ ကစားနိုင်မှုကို ပြသခဲ့ပါတယ်..။ ဒါ့အပြင် မြောက်အိုင်ယာလန် လူငယ် (အသက် ၁၇ နှစ်အောက်) အသင်းကိုလည်း ကိုယ်စားပြု ကစားခဲ့ပါတယ်..။
Toby Bell
တိုဘီ ဟာ ချယ်လ်ဆီးလူငယ် (အသက် ၁၅ နှစ်အောက်) အသင်းအတွက် ဆန်းဒါးလန်းအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး အသင်းရဲ့ဂိုးပေါက်မှာ ယုံကြည်မှုအပြည့်ရှိတဲ့၊ နောက်တန်းလူတွေအပေါ် ဩဇာလွှမ်းမိုးနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် လျှင်လျှင်မြန်မြန် နေရာရခဲ့ပါတယ်..။ အသက် (၁၅) နှစ်အောက်အသင်းရဲ Premier League Floodlit ဖလား၊ National ဖလားပြိုင်ပွဲ အောင်မြင်မှုတွေမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်ခဲ့ပြီး ဖိအားအောက်မှာ တည်ငြိမ်တဲ့ ခေါင်းဆောင်မှုကို ပြသခဲ့ပါတယ်..။
ဘောလုံးအထိန်းအသိမ်း ကောင်းမွန်ပြီး play from the back ကစားဟန်ကို အထောက်အကူပြုနိုင်တဲ့သူ ဖြစ်ပါတယ်..။ သူဟာပြီးခဲ့တဲ့ရာသီ Premier League Cup ဖလားပြိုင်ပွဲ မီးလ်ဝေါလ်အသင်းနှင့်ပွဲမှာ လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းနဲ့ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်..။
Jeremiah Berkeley-Agyepong
ဂျယ်ရမီ အက်ဂျီပေါင်း ဟာ လျှင်မြန်တဲ့ တောင်ပံ ကစားသမားတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအသင်းကို အသက် (၈) နှစ် အရွယ်မှာ ရောက်ရှိလာခဲ့ပါတယ်..။ သူဟာအမြန်နှုန်း၊ ဖန်တီးနိုင်စွမ်းနှင့် တစ်ဦးချင်းရင်ဆိုင်ရာမှာ ထူးထူးခြားခြား ကောင်းမွန်ပြီး အဝင်အတွက် ရဲရဲရင့်ရင့် ကစားနိုင်တာကြောင့် လူသိများသလို အသက် (၁၅) နှစ်အောက် လူငယ်အသင်းရဲ့ Premier League Floodlit Cup အောင်ပွဲမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်..။
ပြီးခဲ့တဲ့နွေရာသီ ရာသီကြိုကာလမှာ အသက် (၁၈) နှစ်အောက် လူငယ်အသင်းမှာ ကစားခွင့်ရခဲ့ပြီး ထက်မြက်တဲ့ တိုက်စစ်စွမ်းရည် ပြသနိုင်ခဲ့ပါတယ်..။
Freddy Bernal
အသက် (၈) နှစ်အောက် အသင်းမှစတင် ရောက်ရှိလာခဲ့သည်..။ လူငယ်အကယ်ဒမီမှာ တဖြည်းဖြည်း တိုးတက်လာလာခဲ့ပြီး ရင့်ကျက်မှုနှင့် တည်ငြိမ်မှုကို ပြသနိုင်ခဲ့ပါတယ်။ အေးဆေးတည်ငြိမ်ပြီး ယုံကြည်ရတဲ့ ဂိုးသမားတစ်ဦးဖြစ်ကာ လိဒ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် Floodlit National ဗိုလ်လုပွဲစဉ်မှာ ပါဝင်ကစားခဲ့ရပါတယ်..။
ပြီးခဲ့သော ရာသီမှာ လူငယ်အသင်း (အသက် ၁၇ နှစ်အောက်)၊ (အသက် ၁၈ နှစ်အောက်နှစ်သင်းစလုံးမှာ ကစားခွင့်ရခဲ့ပြီး ကောင်းမွန်သော စွမ်းဆောင်မှုများကို ပြသနိုင်ကာ အင်္ဂလန်လူငယ် အသင်းများသို့ မကြာခဏ ခေါ်ယူခြင်းခံခဲ့ရပါတယ်..။
Calvin Diakite
ချယ်လ်ဆီးအသင်းကို အသက် (၁၁) နှစ်အရွယ်မှာ ရောက်ရှိလာခဲ့ပြီး စိတ်ချရတဲ့ ဗဟိုနောက်ခံလူ တစ်ဟောက်အဖြစ် တိုးတက်လာခဲ့ပါတယ်..။ မွေးရာပါ ခေါင်းဆောင်စရိုက်ရှိသူဖြစ်ပြီး အသက် (၁၆) နှစ်အောက်အသင်းရဲ့ အသင်းခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့သလို အသင်းဖော်တွေအပေါ် ဩဇာလွှမ်းနိုင်မှု၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုတို့ကြောင့် လူသိများပါတယ်..။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းအတွက် ပုံမှန်ကစားခွင့်ရခဲ့ပြီး ရင့်ကျက်တဲ့ ခြေစွမ်းနဲ့အတူ ခံစစ်ပိုင်းဆိုင်ရာနည်းစနစ်ပိုင်း မြင့်မားမှုတို့ကို ပြသနိုင်ခဲ့သည်။ အင်္ဂလန် လူငယ်အသင်တွေမှာလည်း ပါဝင်ခဲ့ရပါတယ်..။
Mathis Eboue
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ဝက်ဒ်ဖို့ဒ်အသင်းကနေ ချယ်လ်ဆီးကို ရောက်ရှိလာပြီး ချက်ချင်းမှာပဲ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်..။ နေရာစုံ ကစားနိုင်ပြီး ဖန်တီးနိုင်စွမ်း ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ကာ လျှင်မြန်မှုနဲ့အတူ တန်ပြန်တိုက်စစ်တွေ စတင်ရာမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ်..။
ဝက်ဒ်ဖို့ဒ်အသင်းရဲ့ အသက် (၁၆) နှစ်အောက် လူငယ်အသင်းမှာ ရှိစဉ်ကတည်းက အရန်အသင်း (အသက် ၂၁ နှစ်အောက်) အတွက် ကစားခွင့်ရခဲ့တဲ့သူဖြစ်ပြီး တိုးတက်တွေ ဆက်လက်ပြသနေသလို အင်္ဂလန် လူငယ်အသင်းမှာလည်း ပုံမှန်နေရာ ရရှိနေတဲ့သူ ဖြစ်ပါတယ်..။
Chizaram Ezenwata
ချာလ်တန်အသင်းကနေ ချယ်လ်ဆီးအသင်းကို အသက် (၁၅) နှစ်အောက် အသင်းအတွက် ရောက်ရှိလာခဲ့ပြီး ခြေနှုတ်ခြေသိမ်း လျင်မြန်တဲ့သူ၊ ပင်ကိုယ်ခြေစွမ်း ကောင်းမွန်ပြီး တိကျတဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် သူ့ကိုသတိထားမိခဲ့ကြပါတယ်..။
ပြီးခဲ့တဲ့ရာသီမှာ အသက် (၁၈) နှစ်အောက် လူငယ်အသင်းနဲ့ ပုံမှန်ကစားခွင့်ရခဲ့ပြီး အသင်းရဲ့ဂိုးအများဆုံး သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်..။ မန်ချက်စတာ စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် (B) ပွဲစဉ်မှာ အရန်အသင်း (အသက် ၂၁ နှစ်အောက်) အတွက် စတင်ကစားခွင့်ရခဲ့ပါတယ်..။ သူ့ရဲ့ခြေစွမ်းကောင်းတွေကြောင့် အင်္ဂလန်လူငယ် အသင်းအတွက် မကြာခဏ ခေါ်ယူခြင်းခဲ့ရပါတယ်..။
Jacob Hall
ဂျက်ကော့ဘ် ဟာ ချယ်လ်ဆီးအသင်းကို အသက် (၉) နှစ်အောက်အသင်းနဲ့အတူ ရောက်ရှိလာခဲ့ပြီး ပါးနပ်၊ တည်ငြိမ်မှူရှိတဲ့ နောက်ခံလူတစ်ဦးအဖြစ် ဖွံ့ဖြိုး၊ တိုးတက်လာခဲ့ပါတယ်..။ ကစားပွဲကို ဖတ်နိုင်စွမ်း ကောင်းမွန်သလို တစ်ဦးချင်းဖျက်ထုတ်ရာမှာ သေသပ်သူ ဖြစ်ပါတယ်..။ အသင်းရဲ့ နောက်ခံလူတွေထဲမှာ ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြု ခံရသူလည်း ဖြစ်ပါတယ်..။
ပြီးခဲ့တဲ့ရာသီမှာ အသက် (၁၆) နှစ်အောက်အသင်းမှာရှိနေစဉ် အသက် (၁၈) နှစ်အောက် လူငယ်အသင်းအဆင့်ကို တက်ရောက်ကစားခွင့်ရခဲ့ကာ အချိန်ပြည့် ဘောလုံးသမားဘဝကို ကူးပြောင်းရာမှာ လိုအပ်တဲ့ အဖိုးတန်အတွေ့အကြုံတွေ ရယူနိုင်ခဲ့ပါတယ်..။
Charlie Holland
သူဟာ အသက် (၈) နှစ်အရွယ်မှာပဲ ချယ်လ်ဆီးအသင်းနဲ့ခရီးကို စတင်ခဲ့ပြီး ကွင်းလယ်ကနေ ခေါင်းဆောင်မှုစွမ်းရည် စဉ်ဆက်မပြတ် ပြသနိုင်ခဲ့သူဖြစ်ပါတယ်..။ မာကျောတဲ့ ကွင်းလယ်အဖျက် ကစားသမား တစ်ယောက်ဖြစ်ကာ ခံစစ်ပိုင်းတာဝန်ယူမှုနဲ့ တိုက်စစ်မောင်းနှင်အားတို့ကို ပေါင်းစပ်ကစားနိုင်သူ ဖြစ်ပါတယ်..။
ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးလူငယ် အကယ်ဒမီ အသက် (၁၆) နှစ်အောက် အသင်းရဲ့ ခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့ပြီး အသက် (၁၈) နှစ်အောက် လူငယ်အသင်းမှာလည်း ကစားခွင့်ရခဲ့ပါတယ်..။ သူဟာအင်္ဂလန် လူငယ်အသင်းနှင့်အတူ ဆက်လက်ပါဝင်ခွင့်ရနေပြီး ရင့်ကျက်မှုနှင့် နည်းစနစ်ပိုင်း ကောင်းမွန်မှုတွေကို ပြသနေဆဲဖြစ်ပါတယ်..။
Ryan Kavuma-McQueen
ချယ်လ်ဆီးအသင်းကို အသက် (၈) နှစ်အောက် လူငယ်အသင်းနဲ့အတူ ရောက်ရှိခဲ့ပြီး လုပ်အားနှုန်း ကောင်းမွန်၊ သွက်လက်တဲ့ တောင်ပံကစားသမားတစ်ဦးအဖြစ် တိုးတက်လာခဲ့ပါတယ်..။ အသက် (၁၅) နှစ်အောက် အသင်းနဲ့အတူ ပရီးမီးယားလိဂ် Floodlit Cup ဖလားပြိုင်ပွဲ ဗိုလ်စွဲရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ပြီးခဲ့သော ရာသီမှာ လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းရဲ့ ပုံမှန်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်..။
ရိုင်ယန် ဟာ ချယ်လ်ဆီးအရန်အသင်း (အသက် ၂၁ နှစ်အောက်) အသင်းမှာလည်း ကစားခွင့်ရခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်၊ အစ်ပ်ဝစ်ချ် အသင်းတွေကို ဂိုးသွင်းယူနိုင်ခဲ့ပါတယ်..။ သူဟာ အင်္ဂလန်လူငယ်အသင်းနဲ့ နိုင်ငံတကာ ပွဲစဉ်တွေမှာလည်း ပါဝင်ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။
Isago Silva
ဘရာဇီးလ် ဂန္တဝင်ကစားသမားကြီး သီယာဂို ဆေးလ်ဗား ရဲ့ သားဖြစ်သူ အီဆာဂို ဆေးလ်ဗား ဟာ ချယ်လ်ဆီးအသင်းကို အသက် (၁၃) နှစ်အောက် အသင်းနဲ့အတူ ရောက်ရှိခဲ့ပါတယ်..။ နည်းစနစ်ပိုင်း အထူးကောင်းမွန်သလို ဉာဏ်ရည်ထက်မြက်ပြီး ခံစစ်ကြောင်းမှာ နေရာစုံ ကစားပေးနိုင်တဲ့သူ တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပါတယ်..။ ဘယ်နောက်ခံလူနဲ့ ဗဟိုခံစစ်မှူး နေရာနှစ်ခုစလုံး ကစားနိုင်စွမ်းရှိပြီး အသက် (၁၅) နှစ်အောက်အသင်းရဲ့ ပရီးမီးယားလိဂ် Floodlit Cup ဆုဖလားအောင်မြင်မှုမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်..။
ပြီးခဲ့သော ရာသီမှာ အသက် (၁၆) နှစ်အောက်အသင်းရဲ့ အဓိကကစားသမား တစ်ဦးဖြစ်ခဲ့ပြီး လက်စ်တာ စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လူငယ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသက် (၁၈) နှစ်အောက် လူငယ်အသင်းနဲ့ စတင်ကစားခွင့်ရခဲ့ကာ ပါးနပ်မှုနဲ့ တည်တည်ငြိမ်ငြိမ် ကစားနိုင်စွမ်းကို ပြသနိုင်ခဲ့ပါတယ်..။
Ibrahim Rabbaj
အီဘရာဟင် ရာဘာ့ဂျ် မှာ ခရစ္စတယ် ပဲလေ့စ်အသင်းကနေ ချယ်လ်ဆီးအသင်းကို အသက် (၁၂) နှစ်အောက် အသင်းနဲ့အတွက် ရောက်ရှိလာခဲ့ပြီး ဖန်တီးနိုင်စွမ်း ကောင်းမွန်တဲ့ တိုက်စစ်အားသန် ကွင်းလယ်ကစားသမား တစ်ဦးအဖြစ် တိုးတက်လာခဲ့ပါတယ်..။ သူ့ရဲ့လှပတဲ့ ကစားဟန်နဲ့အတူ ပင်ကိုယ်ပါရမီ ကောင်းမွန်တဲ့သူ ဖြစ်တာကြောင့် လူသိများတဲ့ ကစားသမားတစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ရာသီ အသက် (၁၆) နှစ်အောက် အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်..။ အသက် (၁၈) နှစ်အောက် လူငယ်အသင်းနဲ့အတူ လက်စတာ စီးတီးအသင်းနဲ့ လူငယ်ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်..။
သူဟာမကြာသေးမီက ယှဉ်ပြိုင်ခဲ့တဲ့ လူငယ်အာဖရိကဖလား (အသက် ၁၇ နှစ်အောက်) ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ မော်ရိုကိုအသင်းနှင့်အတူ ပါဝင်ခဲ့ပါတယ်..။
Lewis Richard
သူ့ရဲ့ချယ်လ်ဆီးအသင်းနဲ့ ခရီးစဉ်ကို အသက် (၈) နှစ်အောက်အသင်းအဆင့်နဲ့အတူ စတင်ခဲ့ပြီး ကွင်းလယ်အဖျက်နဲ့ ဗဟိုခံစစ်မှူးနေရာ နှစ်ခုစလုံးမှာ သက်တောင့်သက်သာ ကစားနိုင်စွမ်းရှိတဲ့ စွယ်စုံရ ကစားသမားတစ်ဦး ဖြစ်ပါတယ်..။ စိတ်ဓာတ်ပိုင်းခိုင်မာတဲ့ စားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် Floodlit ဖလား ဗိုလ်စွဲခဲ့တဲ့ အသက် (၁၅) နှစ်အောက် လူငယ်အသင်းရဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ သူဟာပြီးခဲ့တဲ့ရာသီမှာ အသက် (၁၈) နှစ်အောက် လူငယ်အသင်းအတွက်လည်း ပုံမှန်ကစားခွင့် ရခဲ့ပါတယ်..။
လူးဝစ် ဟာ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်မာမှု ကောင်းမွန်ပြီး စိတ်ဓါတ်အပြည့်နဲ့ အားသွန်ခွန်စိုက် ကစားတာကြောင့် လူသိများပါတယ်..။ သူဟာ အင်္ဂလန်လူငယ်အသင်းနဲ့လည်း ပါဝင်ကစားခဲ့ဖူးပါတယ်..။
Joel Philbert
ဝက်စ်ဟမ်းအသင်းကနေ ချယ်လ်ဆီးအသင်းကို အသက် (၁၅) နှစ်အောက် အသင်းနဲ့အတူ ရောက်ရှိလာခဲ့ပြီး ဘောလုံးစွမ်းရည် ကောင်းမွန်ကာ တိုက်ရိုက်ထိုးဖောက်တတ်တဲ့ တောင်ပံကစားသမားတစ်ဦး ဖြစ်ပါတယ်..။ 1 vs 1 တစ်ဦးချင်း ကျော်ဖြတ်မှုတွေမှာ ထူးချွန်ပြီး ဘေးစည်းတစ်လျှောက် ထိုးဖောက်ရာမှာ အမြန်နှုန်းကို အကျိုးရှိစွာ အသုံးချတတ်သူ ဖြစ်ပါတယ်..။
ပြီးခဲ့သော ရာသီမှာ အသက် (၁၈) နှစ်အောက် လူငယ်အသင်းအတွက် ကစားခွင့်ရခဲ့ပြီး ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လူငယ်ပရိးမီးယားလိဂ် (အသက် ၁၈ နှစ်အောက်) ပြိုင်ပွဲမှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်..။ ဂျိုးရ် ဟာ အင်္ဂလန်လူငယ်အသင်းမှာလည်း ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်..။
Dante White
ဒန်တေး ဝှိုက် ဟာ ချယ်လ်ဆီးအသင်း လူငယ်ဖွံ့ဖြိုး၊ တိုးတက်ရေးဌာနကို အသက် (၈) နှစ်အောက်အသင်းနဲ့အတူ ရောက်ရှိခဲ့ပြီး တည်ငြိမ်မှုအပြည့်နဲ့ စိတ်ချရတဲ့ နောက်ခံလူတစ်ဦးအဖြစ် ဖွံ့ဖြိုး၊ တိုးတက်လာခဲ့ပါတယ်..။
သူဟာပရီးမီးယားလိဂ် Floodlit Cup ဖလားအောင်ပွဲရရှိခဲ့တဲ့ အသက် (၁၅) နှစ်အောက် လူငယ်အသင်းမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး အသက် (၁၆) နှစ်အောက်အသင်းရဲ့ အသင်းခေါင်းဆောင်တွေထဲမှာ ပါဝင်တဲ့သူ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ရာသီမှာ အသက် (၁၈) နှစ်အောက် လူငယ်အသင်းအတွက် ပုံမှန်ကစားခွင့်ရခဲ့ပြီး ရင့်ကျက်မှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်တို့ကို ပြသနိုင်ခဲ့ပါတယ်..။
Reggie Walsh
ရက်ဂီ ဝက်ရှ် ဟာ ချယ်လ်ဆီးအသင်းကို အသက် (၈) နှစ်အောက် အသင်းနဲ့အတူ ရောက်ရှိခဲ့ပြီး တစ်ကွင်းလုံးအနှံ့ ထိန်းချုပ်ကစားနိုင်တဲ့ ကွင်းလယ်သမားတစ်ဦးအဖြစ် ဖွံ့ဖြိုးလာခဲ့ပါတယ်..။ ပြီးခဲ့တဲ့ရာသီမှာ အသက် (၁၆) နှစ်အောက် အသင်းကိုတက်ရောက်ခဲ့ပြီး အရန်အသင်း (အသက် ၂၁ နှစ်အောက်) နဲ့အတူ ပရီးမီးယားလိဂ် (B) ပြိုင်ပွဲတွေမှာလည်း ပါဝင်ကစားခဲ့ရပါတယ်..။
သူဟာ လီဂီယာ ဝါဆောအသင်းနဲ့ UEFA ကွန်ဖရင့်စ်လိဂ် ပြိုင်ပွဲမှာ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ချယ်လ်ဆီးအသင်းကြီးနဲ့အတူ ပါဝင်ခွင့်ရခဲ့ပြီး Djurgarden နဲ့ ကစားတဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရခဲ့ရှိခဲ့ပါတယ်..။
ရက်ဂီ ဟာ အင်္ဂလန်လူငယ် အသင်းနဲ့အတူ နိုင်ငံတကာအဆင့် ပွဲစဉ်တွေမှာ ပါဝင်နေရဆဲ ဖြစ်ပါတယ်..။
Congratulations to all our new scholars!