feature-image

‘အသေးစိတ် ပြင်ဆင်မှု အပိုင်းတွေမှာ လိုအပ်နေသေးတယ်’ - ဒယ်နီ မာဖီ

BBC ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော Match of the Day အစီအစဉ် သုံးသပ်ချက်တွင် လီဗာပူးလ်အသင်းနှင့် အင်္ဂလန်ကွင်းလယ် ကွင်းလယ်ကစားသမားဟောင်း ဒယ်နီ မာဖီ က မန်ချက်စတာ စီးတီးအသင်း၏ သွင်းဂိုးများကို ခွင့်ပြုခဲ့ရချိန်တွင် ချယ်လ်ဆီးအသင်း၏ ကွင်းလယ်ခံစစ်ပိုင်း အားနည်းချက်များကို ယခုလို သုံးသပ်ပြောဆိုသွားခဲ့ပါသည်..။




ဂယ်ရီ လိုင်နီကာ - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံ ကောင်းမွန်ခဲ့တယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး..။ ဒါပေမယ့် ဖရန့် အနေနဲ့ ထိပ်တန်းအဆင့် အသင်းတွေနဲ့ ကစားမယ်ဆိုရင် ဘယ်လိုအရာတွေကို ပိုပြီးတိုးတက်အောင် ပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ထင်မိလဲဗျ..?

ဒယ်နီ မာဖီ - ခင်ဗျားပြောတာ မှန်ပါတယ်..။ ဒီနေ့ပွဲမှာ ချယ်လ်ဆ်ီးအသင်းရဲ့ ကစားပုံကို သုံးသပ်ရမယ်ဆိုရင် တိုးတက်လာတဲ့အချက်တွေ အများကြီးတွေ့ခဲ့ရပါတယ်..။ ဒါပေမယ့် ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သူတို့အနေနဲ့ အသေးစိတ် ကစားပုံတွေ (final details) မှာ အခုထက်ပိုပြီး တိုးတက်ကောင်းမွန်ဖို့၊ အမှားအယွင်းမရှိဖို့ လိုအပ်ပါသေးတယ်..။ အထူးသဖြင့် ကွင်းလယ်ခံစစ်ပိုင်း ကစားပုံတွေမှာပါ..။

ဒီနေ့ပွဲမှာဆိုရင် သူ့ရဲ့ကွင်းလယ်အခင်းအကျင်းမှာ သုံးယောက်စလုံးဟာ သမ္ဘာရင့် ကစားသမားတွေ ဖြစ်ကြပါတယ်..။ ဒါ့ကြောင့်သူတို့တွေရဲ့ တစ်ဦးချင်းအရည်အသွေးတွေအပေါ် သံသယရှိစရာ မလိုပါဘူး..။ ဒါပေမယ့် ဒီ ဘရိုင်း ရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရတဲ့အချိန်မှာ သူတို့ဟာ ပွဲကိုစိုးမိုးထားနိုင်ပြီး အသာစီး ရနေတဲ့အချိန် ဖြစ်ပါတယ်..။ ဂျော်ဂင်ဟို က ကွင်းလယ်ကနေ တန်မီ ရဲ့ ပြေးလမ်းကြောင်းထဲကို ဘောလုံးပေးပို့တယ်..။ အဲဒီအချိန်မှာ အခုအောက်က ပုံ (၁) မှာ ပြထားတဲ့အတိုင်း ကန်တေး နဲ့ ကိုဗာဆစ် တို့ဟာ တိုက်စစ်ကို လိုက်ပါဖို့အတွက် ရှေ့မှာရောက်နေပါတယ်..။ ဖာနန်ဒင်ဟို က ဘောလုံးလမ်းကြောင်း ဖျက်တောက်လိုက်နိုင်တာကြောင့် ပျက်သွားတယ်..၊ ချက်ချင်းတိုက်စစ်ပြန်ဆင်တယ်..။




အဲဒီမှာ အောက်ကပုံ (ပုံ - ၂) မှာ မြင်တဲ့အတိုင်းပဲ ဂျော်ဂင်ဟို ကို ကူညီပေးနိုင်မယ့်သူ ဘယ်သူမှ မကျန်တော့ဘူးဗျ..။ ပုံ (၃) မှာဆိုရင် ကန်တေး ဟာ နောက်ကိုပြန်ဆင်းပြီး ဂျော်ဂင်ဟို ကို ကူနိုင်ဖို့ ကြိုးစားတာကို တွေ့နိုင်ပါတယ်..။ ဒါပေမယ့် အခုလိုပွဲကြီးတွေမှာဆိုရင် ခံစစ်ဇုန်ကို အချိန်မှီပြန်ပြီး ဆယ်နိုင်ပါ့မလားဆိုတာ မသေချာဘူးဗျ..။ နောက်ပြီး ဂျော်ဂင်ဟို ဟာ ခံစစ်ပိုင်း ကူညီတဲ့နေရာမှာ ဘောလုံးလမ်းကြောင်းမှန်းဆတာ..၊ ဖျက်တောက်တာ ကောင်းမွန်ပေမယ့် တစ်ဦးချင်း ဖျက်ထုတ်မှုအပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိပါတယ်..။ ဒါ့ကြောင့်တကယ့်ပွဲကြီးပွဲကောင်းတွေမှာ သူ့ကို ခံစစ်ပိုင်းအဖျက် ကစားသမား (Defensive Midfielder) နောက်ဆုံးလူအဖြစ် ထားရှိဖို့ သင့်တော်ပါ့မလား ပြန်ပြီးစဉ်းစားဖို့ လိုပါတယ်..။




ကန်တေး ဟာ ဒီနေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တယ်ဆိုပေမယ့် အဲဒီနေရာမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါ..။ ဒါ့ကြောင့်ကျွန်တော်သာဆိုရင် ပွဲကြီးတွေမှာဆိုရင် ကွင်းလယ်ရဲ့ last man အဖြစ် သူ့ကိုပဲ ပြန်ထားမှာပါ..။ ဖရန့် ရဲ့ အသင်းဟာ top six အသင်းတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ရလဒ်တွေ မကောင်းသလို ပေးဂိုးတွေ ခွင့်ပြုရတာလည်း များပါတယ်..။ မာရက်ဇ် ရဲ့ အနိုင်ဂိုးမှာဆိုရင်လည်း မာရက်ဇ် ကို အတွင်းဘက်ကို မချိုးလာနိုင်အောင် ကိုဗာဆစ် က ပိတ်ဆို့ထားနိုင်ဖို့ လိုအပ်သလို ဂျော်ဂင်ဟို ကလည်း အတွင်းဘက်ကို ချိုးဝင်လာမယ့် မာရက်ဇ် ကို တားဆီးနိုင်မယ့်နေရာမှာ ရှိနေသင့်ပါတယ်..။ အောက်ကပူးတွဲပုံ (ပုံ - ၄) မှာဆိုရင် မာရက်ဇ် ထိုးဖောက်လာတဲ့အချိန် ကိုဗာဆစ် နဲ့ ဂျော်ဂင်ဟို တို့နှစ်ယောက် နေရာယူထားပုံတွေနဲ့ တကယ် အာရုံစိုက်သင့်တဲ့..၊ ရှိနေသင့်တဲ့ နေရာတွေကို မြှားနဲ့ထိုးပြီး ပြသပေးထားပါတယ်..။




တကယ်တော့ ကိုယ့်အသင်းရဲ့ ဂိုးဧရိယာထိပ်ကို ကာကွယ်ဖို့ဆိုတာ ကွင်းလယ်အဖျက် ကစားသမားတစ်ယောက်ရဲ့ အဓိကတာဝန် ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာဆိုရင် အဲဒီလို အသေးစိတ် ကစားပုံ လိုအပ်ချက်လေးတွေကပဲ ပွဲအဖြေကို အဆုံးအဖြတ်ပေးသွားတာလို့ ဆိုချင်ပါတယ်..။

#FRANK