5 Maxence Lacroix

ကစားသည့်နေရာ : Centre-back

အသက် : 26 years (6 April, 2000)

မွေးဖွားရာဒေသ : Villeneuve-Saint-Georges, France

အရပ်အမြင့် : 1.90m (6ft 3in)

ကိုယ်ရေးအကျဉ်း
=========

မက်ဇန့်စ် လာခရွားစ် သည် ချယ်လ်ဆီးအသင်းနှင့် ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိမည့်စာချုပ် လက်မှတ်ရေးထိုးကာ ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ရောက်ရှိလာခဲ့သည်။ ပြင်သစ်လက်ရွေးစင် ဗဟိုခံစစ်မှူးသည် ခရစ်စတယ် ပဲလေ့စ်မှ လန်ဒန်အသင်းအချင်းချင်း ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ လာခရွားစ် သည် ဥရောပဘောလုံးလောက၏ ဩဇာအရှိဆုံး ဗဟိုခံစစ်မှူးများအနက် တစ်ဦးအဖြစ်လည်းကောင်း၊ ပရီးမီးယားလိဂ်၏ အမြန်ဆုံးနှင့် အမြင့်ဘော ဖျက်ထုတ်မှုများတွင် အကောင်းဆုံးခံစစ်မှူးများအနက် တစ်ဦးအဖြစ်လည်းကောင်း နာမည်ကောင်း ရရှိထားသူ တစ်ဦးအဖြစ် စတန်းဖို့ဒ် ဘရစ်ချ်သို့ ရောက်ရှိလာခဲ့သည်။

လာခရွားစ် သည် ဆိုးချော့စ် အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် ဝုလ်ဖ်ဘတ်အသင်းသို့ မပြောင်းရွှေ့မီ ပြင်သစ်အသင်းအတွက် အသင်းကြီးအဆင့် (၂၈) ပွဲ ပါဝင်ကစားခဲ့သည်။ သူသည်ဂျာမနီ၌ (၄) နှစ် ကုန်ဆုံးခဲ့ပြီး လန်ဒန်မြို့ တောင်ပိုင်းသို့ မပြောင်းရွှေ့မီ (၁၃၀) ပွဲ ပါဝင်ကစားခဲ့သည်။ သူသည် ဆဲလ်ဟာ့စ် ပါ့ခ်ကွင်း၌ ဘောလုံးရာသီ (၂) ရာသီအတွင်း ခရစ်စတယ် ပဲလေ့စ်အသင်းအတွက် (၉၈) ပွဲ ကစားခဲ့ပြီး UEFA ကွန်ဖရန့်လိဂ်၊ FA ဖလားနှင့် ကွန်မြူနတီဒိုင်း ဆုဖလားများကို ဆွတ်ခူးပေးခဲ့ကာ ပဲလေ့စ်အသင်း၏ သမိုင်းကို ဆန်းသစ်စေခဲ့သည်။ 

လာခရွားစ် သည် ချယ်လ်ဆီးအသင်း၏ ဘောလုံးရာသီအဖွင့် ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်သည့် ဖူးလ်ဟမ်းအသင်းနှင့် အဝေးကွင်းလန်ဒန်ဒါဘီ ပွဲစဉ်၌ ပွဲထွက်ပါဝင်ကာ ၃ဂိုး -၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် မော်ဂန် ရော်ဂျားစ် ၏ သွင်းဂိုးကို ဖန်တီးမှု (Assist) ပြုလုပ်ပေးခဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ပဲလေ့စ်အသင်းနှင့် ပရီးမီးယားလိဂ်နှင့် ဥရောပပြိုင်ပွဲ စွမ်းဆောင်ရည်များကြောင့် လာခရွားစ် မှာ ၂၀၂၆ ခုနှစ် မတ်လတွင် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည်။ ထို့နောက်သူသည် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲအဝင် လေ ဘလူးစ် (Les Bleus - ပြင်သစ်အသင်း) လူစာရင်း၌ ပါဝင်ခဲ့ပြီး ပြိုင်ပွဲတွင် (၃) ပွဲ ပါဝင်ကစားကာ ပြင်သစ်အသင်းအား စတုတ္ထနေရာ ရရှိအောင် ကူညီပေးနိုင်ခဲ့သည်။