ကစားသည့်နေရာ : Left-back
အသက် : 28 years (10 April, 1998)
မွေးဖွားရာဒေသ : Figueres, Spain
အရပ်အမြင့် : 1.74m (5ft 9in)
ကိုယ်ရေးအကျဉ်း
=========
ပက်ပ် ချာဗာရီးယား မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် စပိန်လာလီဂါပြိုင်ပွဲဝင် ရာယို ဗာလာကာနိုအသင်းမှ ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ချာဗာရီးယား သည် စပိန်စတုတ္ထတန်းလိဂ်ပြိုင်ပွဲ၌ မွေးရပ်မြေ UE ဖီဂွားရက်စ် အသင်းတွင် ကစားသမားဘဝကို စတင်ခဲ့သည်။ အသက် (၁၈) နှစ် အရွယ်တွင် CF ပီရာလာဒါ (CF Peralada) နှင့် ပွဲစဉ်၌ ပထမဆုံးအကြိမ် အသင်းကြီးပွဲထွက်ခွင့် ရရှိခဲ့ပြီး နောက်ထပ်ရာသီနှစ်ခုအတွင်း တိုက်စစ်အားသန် ဘယ်နောက်ခံလူ (Left-back) အဖြစ် တိုးတက်၊ ပြောင်းလဲလာခဲ့သည်။
ချာဗာရီးယား သည် ၂၀၁၈ ခုနှစ်၊ နွေရာသီတွင် တတိယတန်း အသင်းတစ်သင်းဖြစ်သော UE အိုလော့တ် နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ပထမပွဲထွက် ကစားသမားအဖြစ် သာမက တတိယတန်း လိဂ်ပြိုင်ပွဲ၏ ထူးချွန်သော ကစားသမားများအနက် တစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည်။ ပက်ပ် သည် အိုလော့တ် အသင်းအတွက် (၅၂) ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် စပိန် ဒုတိယတန်းသို့ ရောက်ရှိနေသော ရီးရဲလ် ဇာရာဂိုဇာ အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ချာဗာရီးယား မှာ ဇာရာဂိုဇာအသင်းသို့ ရောက်ရှိပြီး နောက်တစ်လအကြာ လက်စ် ပါးလ်မက်စ် အသင်းနှင့် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ပွဲထွက်ခွင့် ရရှိခဲ့သည်။
ချာဗာရီးယား မှာ ပြိုင်ပွဲအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လိုက်လျောညီထွေဖြစ်အောင် ကူးပြောင်းနိုင်ခဲ့သည်။ သူသည်ဇာရာဂိုဇာ အသင်းနှင့် ဘောလုံးရာသီ (၂) ရာသီ ကုန်လွန်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ရာယို အသင်းသို့ ပြောင်းရွှေ့ကာ စပိန်နိုင်ငံ၏ ထိပ်တန်းလိဂ်ပြိုင်ပွဲအဆင့် လာလီဂါသို့ ရောက်ရှိလာခဲ့သည်။ အသင်းသို့ရောက်ရှိပြီး (၄) နှစ်တာ ကာလအတွင်း ချာဗာရီးယား သည် ရာယိုအသင်း၏ အမာခံကစားသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ သူသည် ပြီးခဲ့သည့်ရာသီတွင် ရာယို အသင်းအား လာလီဂါပြိုင်ပွဲ အဆင့် (၈) နေရာနှင့် ဥရောပပြိုင်ပွဲအဆင့်တွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်အောင် ကူညီပြီး အသင်း၏သမိုင်းသစ် ရေးထိုးနိုင်ရန် ကူညီပေးခဲ့သည်။
၂၀၂၅/၂၆ ဘောလုံးရာသီတွင် ရာယိုအသင်းမှာ UEFA ကွန်ဖရန့်လိဂ် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ချိန်အထိ ချာဗာရီးယား သည် (၄၄) ပွဲ ပါဝင်ကစားခဲ့ပြီး ဗိုလ်လုပွဲတွင် ခရစ်စတယ် ပဲလေ့စ် အသင်းအား ရှုံးနိမ့်ခဲ့သည်။
၂၀၂၆/၂၇ ဘောလုံးရာသီ၏ ချယ်လ်ဆီးအသင်း၏ ပထမဆုံးပွဲစဉ်တွင် ဂျိုရယ်လ် ဟာတို ၏ နေရာ၌ ဒုတိယပိုင်းတွင် လူစားဝင်ကစားပြီး အသင်းနှင့် ပထမဆုံး ကစားခွင့် ရရှိခဲ့သည်။ သူ၏ပထမဆုံး ပွဲထွက်ခွင့်ကို နောက်တစ်ပွဲဖြစ်သော လူတန် တောင်းအား အိမ်ကွင်းတွင် အနိုင်ရခဲ့သည့် Carabao ဖလား ပွဲစဉ်တွင် ရရှိခဲ့သည်။