30 Aaron Anselmino

ကစားသည့်နေရာ : Centre-back

အသက် : 21 years (29 April, 2005)

မွေးဖွားရာဒေသ : Bernardo Larroude, Argentina

အရပ်အမြင့် : 1.86m (6ft 1in)

ကိုယ်ရေးအကျဉ်း
======

ချယ်လ်ဆီးအသင်းမှာ အာဂျင်တီးနား လူငယ်နောက်ခံလူ အေရွန် အန်ဆယ်လ်မီနို အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် (၇) နှစ်သက်တမ်းရှိ စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည်..။ အန်ဆယ်လ်မီနိုသည် အသက် (၁၂) နှစ်အရွယ်တွင် ဘိုကာ ဂျူနီယာအသင်းသို့ မရောက်ရှိမှီ Juventud Unida..၊ Sportivo Realico လူငယ်အသင်းများနှင့် ဖြတ်သန်းခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင် ဘိုကာအသင်းနှင့် ကစားသမားဘဝ ပထမဆုံးစာချုပ် လက်မှတ်ရေးထိုးနိင်ခဲ့ပြီး ထိုနေ့တွင်ပင် Lanus နှင့် ယှဉ်ပြိုသည့်ပွဲစဉ်၌ ပထမဆုံး စတင်ကစားခွင့် ရရှိခဲ့သည်။
လူငယ်နောက်ခံလူ အန်ဆယ်လ်မီနို သည် ဘိုကာအသင်းအတွက် နောက်ထပ် (၉) ပွဲထပ်မံကစားခွင့်ရခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလတွင် သူ၏ပထမဆုံးသွင်းဂိုးကို Copa Sudamericana ဖလားပြိုင်ပွဲ၊ အုပ်စုအဆင့်ပွဲစဉ်အဖြစ် Trinidense နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

အန်ဆယ်လ်မီနို မှာ ချယ်လ်ဆီးအသင်းနှင့် စာချုပ်လက်မှတ် ရေးထိုးပြီးနောက် ဘိုကာ ဂျူနီယာအသင်းသို့ အဌားစာချုပ်ဖြင့် မွေးရပ်မြေ အာဂျင်တီးနားသို့ ပြန်လာခဲ့ပြီး သူ၏တိုးတက်မှုအတွက် ဆက်လက်ကြိုစားခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ၊ ဆန် လိုရန်ဇို အသင်းအား ၃ဂိုး-၂ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ အစောပိုင်း Copa Sudamericana ပွဲစဉ်တွင် အနိုင်ဂိုးသွင်းယူပြီးနောက် ကိုပါ အာဂျင်းတီးနား ဖလားပွဲစဉ်အဖြစ် Gimnasia အသင်းနှင့်ယှဉ်ပြိုင်ရာတွင် အဖွင့်ဂိုးကို ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့သည်..။ အဆိုပါပွဲစဉ်တွင် ဘိုကာ ဂျူနီယာအသင်းသည် ပင်နယ်တီအဆုံးအဖြတ်၌ အနိုင်ရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဘိုကာအသင်းနှင့် (၁၈) ပွဲ ကစားခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းသို့ ပြန်လာခဲ့သည်။ ထို့နောက် ဘရိုက်တန်နှင့် ယှဉ်ပြိုင်ခဲ့သည့် FA ဖလား၊ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲ ဆက်တိုက်တွင် အရန်ခုံ၌ ပါဝင်ခဲ့သည်။

အန်ဆယ်လ်မီနို သည် ၂၀၂၅ ခုနှစ်၊ အမေရိကန် ပြည်ထောင်စုတွင် ကျင်းပသော ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ချယ်လ်ဆီးအသင်းတွင် ပါဝင်ခဲ့သည်။ ထို့နောက် ဘင်ဖီကာကို အနိုင်ရရှိခဲ့သည့် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်၊ အချိန်ပိုပြီးခါနီးတွင် လူစားဝင်ကစားသမားအဖြစ် အသင်းအတွက် ပထမဆုံးကစားခွင့် စတင်ရရှိခဲ့သည်။

နောက်တစ်လအကြာတွင် သူသည် ၂၀၂၅/၂၆ ရာသီ လက်ကျန်ကာလတွင် ဘွန်ဒက်စ်လီဂါပြိုင်ပွဲဝင် ဘိုရူးရှား ဒေါ့မွန်အသင်းသို့ အငှားသွားရောက်ခဲ့သည်။ ယူနီယံ ဘာလင်အသင်းကို ၃ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှ ခြေစွမ်းအတွက် ချီးကျူးမှုများ ရရှိခဲ့သည်။ သို့သော်နောက်ပိုင်းတွင် ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး အောက်တိုဘာလမှ ပြန်လည်ပါဝင်နိုင်ခဲ့သည်။



ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဗီလာရီးယဲလ်အသင်းအား ၄ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ ပထမဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် လေဗာကူဆင်အသင်းအား အဝေးကွင်းတွင် ၂ဂိုး -၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ပြစ်ဒဏ်ဘောမှတစ်ဆင့် ပြင်းထန်သောခေါင်းတိုက်ချက်ဖြင့် အသင်းအတွက် သူ၏ပထမဆုံးဂိုးကို သွင်းယူခဲ့သည်။ အန်ဆယ်လ်မီနို မှာ နိုဝင်ဘာလကုန်ပိုင်းမှ ဒီဇင်ဘာလအစအထိ  ပွဲထွက်ပါဝင်ခဲ့သည့် (၆) ပွဲအတွင်း ဒေါ့မွန်အသင်းသည် (၄) ပွဲ ဂိုးမပေးရပဲ ပေးဂိုး (၂) ဂိုးသာ ရှိခဲ့သည်။

သို့သော်လည်း အန်ဆယ်လ်မီနို မှာ နောက်ထပ် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့သည်။ သူ၏ဂျာမနီဘွန်ဒက်စ်လီဂါသို့ အငှားသွားရောက်သည့် ခရီးစဉ်အတွင်း (၁၀) ပွဲ ပါဝင်ကစားခွင့် ရခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလဆန်း အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းသည့်နေ့တွင် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် စထရာ့ဘာ်ဂ်အသင်းသို့ သွားရောက်ခဲ့သည်။

မာဆေးလ်အသင်းနှင့် သရေကျခဲ့သည့်ပွဲစဉ် နာကျင်အချိန်ပိုတွင် လူစားဝင် ကစားသမားအဖြစ် စထရာ့ဘာ့ဂ်အသင်း၌ သူ၏ပထမဆုံး ကစားခွင့် ရရှိခဲ့သော်လည်း ဒဏ်ရာကြောင့် သူ၏ရာသီမှာ စောစောစီးစီး အဆုံးသတ်ခဲ့ရသည်။