ကစားသည့်နေရာ : Midfielder
အသက် : 22 years (27 July, 2004)
မွေးဖွားရာဒေသ : Buenos Aires, Argentina
အရပ်အမြင့် : 1.70m (5ft 7in)
ကိုယ်ရေးအကျဉ်း
=========
ဗာလင်တင် ဘာကို သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လဆန်းတွင် ချယ်လ်ဆီးသို့ စထရာ့ဘာ့ဂ်အသင်းမှ ရောက်ရှိလာခဲ့သည်။ အာဂျင်တီးနား လက်ရွေးစင် ကစားသမားသည် စထရာ့ဘာ့ဂ်အသင်းမှ ၂၀၃၃ ခုနှစ်အထိ သက်တမ်းရှိမည့်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ နေရာစုံကစားနိုင်သည့် ကွင်းလယ် ကစားသမားသည် သူ၏ကစားသမားဘဝကို အာဂျင်တီးနားလိဂ် ပြိုင်ပွဲဝင် ဘိုကာ ဂျူနီယာအသင်းတွင် စတင်ခဲ့သည်။ အကယ်ဒမီအဆင့် အသက် (၁၆) နှစ် အရွယ်မှာပင် ပထမဆုံးပွဲထွက်ခွင့် စတင်ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဘရိုက်တန်အသင်းသို့ ပြောင်းရွှေ့ပြီး အင်္ဂလန်သို့ မလာရောက်မီ ဆုဖလားအများအပြား ဆွတ်ခူးနိုင်ခဲ့သည်။
ဆက်ဆက်စ် (Sussex) ကမ်းရိုးတန်းဒေသ၌ ရှိစဉ်အတွင်း သူသည် ဆီဗီးလား နှင့် စထရာ့ဘာ့ဂ် အသင်းများသို့ အငှားသွားရောက် ကစားခဲ့သည်။ စထရာ့ဘာ့ဂ် အသင်းတွင် ၂၀၂၄/၂၅ ရာသီအတွင်း ခြေစွမ်းပြသနိုင်ခဲ့ကာ အသင်းအား ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိအောင်ကူညီပေးနိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းသို့ အပြီးသတ် ပြောင်းရွှေ့လာခဲ့သည်။
ဘာကို သည် ၂၀၂၅/၂၆ ဘောလုံးရာသီ ပြိုင်ပွဲစုံ (၄၃) ပွဲ ကစား၊ ဂိုးပါဝင်ပတ်သက်မှု (၁၂) ကြိမ် (သွင်းဂိုး/ဖန်တီးမှု) ပြုလုပ်ပေးနိုင်ခဲ့ပြီး စထရာ့ဘာ့ဂ်အသင်းမှ စွမ်းဆောင်ရည်များကြောင့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းလူစာရင်း၌ ရွေးချယ်ခြင်း ခံခဲ့ရသည်။ သူသည်ချယ်လ်ဆီးအသင်းသို့ မရောက်မီ အာဂျင်တီးနားအသင်းအတွက် (၅) ပွဲ ကစားခွင့်ရရှိထားပြီးဖြစ်သည်။
ဘာကို ၏ ချယ်လ်ဆီးအသင်းနှင့် ပထမဆုံး ပွဲထွက်ခွင့်ကို ၂၀၂၆/၂၇ ဘောလုံးရာသီ ဒုတိယမြောက် ပွဲစဉ်ဖြစ်သော လူတန် တောင်းအသင်းနှင့် Carabao ဖလားပွဲစဉ်၌ ရရှိခဲ့သည်။ သူ၏ချယ်လ်ဆီးအသင်း ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို လိဒ် ယူနိုက်တက်အသင်းအား အနိုင်ရရှိခဲ့သည့် Carabao ဖလားပွဲစဉ်တွင် သွင်းယူနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်တွင် ဒယ်နီ ဝဲလ်ဘတ် သွင်းယူခဲ့သော နောက်ဆုံးဂိုးမှာ သူ၏ကန်သွင်းချက်မှ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့ခြင်း ဖြစ်သောကြောင့် ဂိုးဖန်တီးမှုကိုပါ ပြုလုပ်နိုင်ခဲ့သည့် မှတ်တမ်းဝင်ခဲ့သည်..။