ကစားသည့်နေရာ : Midfielder
အသက် : 16 years (26 January, 2010)
မွေးဖွားရာဒေသ : Bromley, England
အရပ်အမြင့် : 1.82 m (6 ft)
ကိုယ်ရေးအကျဉ်း
=========
ရက်ဂီ ဝတ်ဆင် သည် ခရစ်စ်တယ် ပဲလေ့စ်အသင်း၏ အသက် (၁၅) နှစ်အောက် လူငယ်အသင်းမှ ချယ်လ်ဆီးသို့ ရောက်ရှိလာခဲ့ပြီး တည်ငြိမ်မှုရှိသည့် ကွင်းလယ် ကစားသမားတစ်ဦးအဖြစ် တိုးတက်လာခဲ့သည်။ သူသည် လူငယ်အကယ်ဒမီ (အသက် ၁၆ နှစ်အောက်) အသင်းနှင့် ဘောလုံးရာသီအတွင်း (အသက် ၁၈ နှစ်အောက်) အသင်း၏ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမား ဖြစ်လာခဲ့ပြီး ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းမှာ တောင်ပိုင်းနှင့် အမျိုးသား လူငယ်ပရီးမီးယားလိဂ် (Southern and National Premier League) ချန်ပီယံဆု နှစ်ခုစလုံး ဆွတ်ခူးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ရက်ဂီ သည် အဆိုပါဘောလုံးရာသီအတွင်း၌ FA လူငယ်ဖလားပြိုင်ပွဲတွသ် ပါဝင်ခဲ့ပြီး ရက်ဒင်းအသင်းဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့အပြင် သူသည်ကျောင်းသားအရွယ်မျှသာ ရှိသေးသော်လည်း UEFA လူငယ် ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်က်အဆင့်၌ PSV အိုင်ဒိုဗင်အသင်းနှင့် ပွဲစဉ်တွင် UEFA လူငယ် ချန်ပီယံလိဂ် အတွေ့အကြုံ ရရှိခဲ့သလို လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက်လည်း ပါဝင်ကစားခွင့် ရရှိခဲ့သည်။
ဝတ်ဆင် သည် ချယ်လ်ဆီးအသင်းကြီး၏ ရာသီကြိုခြေစမ်းပွဲစဉ်များတွင် ပွဲကစားခွင့်ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း စတန်းဖို့ဒ် ဘရစ်ချ်၌ လိဒ် ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် Carabao ဖလားပွဲစဉ် ပထမပိုင်းတွင် ပထမဆုံး ပွဲထွက်ခွင့် စတင်ရရှိခဲ့သည်။