ကစားသည့်နေရာ : Attacking midfielder/winger
အသက် : 24 years (26 July, 2002)
မွေးဖွားရာဒေသ : Halesowen, England
အရပ်အမြင့် : 1.87m (6ft 2in)
ကိုယ်ရေးအကျဉ်း
=========
မော်ဂန် ရော်ဂျားစ် သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် အက်စတွန် ဗီလာမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သည်။ ရော်ဂျားစ် သည် ပရီးမီးယားလိဂ်၏ ထိပ်တန်း တိုက်စစ်လူငယ် ကြယ်ပွင့်များအနက် တစ်ဦးအဖြစ် အခိုင်အမာ စိုက်ထူထားနိုင်ခဲ့ပြီးမှ စတန်းဖို့ဒ် ဘရစ်ချ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ရော်ဂျားစ် သည် ချယ်လ်ဆီးအသင်းနှင့် ၂၀၃၃ ခုနှစ်အထိ သက်တမ်းရှိမည့်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ရော်ဂျားစ် သည် သူ၏ကစားသမားဘဝခရီးစဉ်ကို ဝက်စ်ဘရွန်း အယ်လ်ဘီယွန် အသင်းတွင် စတင်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် မန်ချက်စတာ စီးတီးသို့ မပြောင်းရွှေ့မီ အသက် (၁၆) နှစ်အရွယ်၌ ဝက်စ်မစ်ဒ်လန်းဒ်စ် (West Midlands) အသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ခွင့် စတင်ရရှိခဲ့သည်။ နေရာစုံ ကစားနိုင်သည့် တိုက်စစ်အားသန် ကွင်းလယ် ကစားသမားသည် စီးတီးအသင်းနှင့် (၄) နှစ်တာ ကုန်လွန်ခဲ့ပြီး ထိုကာလအတွင်း လင်းကွန်း စီးတီး၊ ဘုန်းမောက်နှင့် ဘလက်ပူးလ် အသင်းများသို့ အငှားသွားရောက် ကစားခြင်းဖြင့် အသင်းကြီး အတွေ့အကြုံများ ရယူနိုင်ခဲ့သည်။
ရော်ဂျားစ် သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ချန်ပီယံရှစ်ပြိုင်ပွဲဝင် မစ်ဒယ်လ်ဘရော့ အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့သည်။ အက်စတွန် ဗီလာသို့ မပြောင်းရွှေ့မီ ၂၀၂၃/၂၄ ဘောလုံးရာသီ၊ ပထမပိုင်းအတွင်း (၃၃) ပွဲ ပါဝင်ကစားခဲ့သည်။ ရော်ဂျားစ် သည် ဗီလာအသင်းတွင် အဓိကကစားသမား တစ်ဦးအဖြစ် လျှင်လျှင်မြန်မြန် ခြေကုပ်ယူနိုင်ခဲ့သည်။ သူသည် ဗီလာအသင်းနှင့် (၂) နှစ်ခွဲတာ ကာလအတွင်း (၁၂၅) ပွဲကစား၊ (၃၁) ဂိုး သွင်းယူနိုင်ခဲ့ရာ အက်စတွန် ဗီလာအသင်းအတွက် သူ၏နောက်ဆုံးသွင်းဂိုးမှာ ဖရိုင်းဘတ်အသင်းအား အနိုင်ရ ဗိုလ်စွဲခဲ့သည့် ၂၀၂၆ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ဖြစ်သည်။
ရော်ဂျားစ် သည် ချယ်လ်ဆီးအသင်း၏ ၂၀၂၆/၂၇ ဘောလုံးရာသီ အဖွင့်ပွဲစဉ်ဖြစ်သော ဖူးလ်ဟမ်းအသင်းအား အဝေးကွင်းတွင် ၃ဂိုး -၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဒုတိယမြောက်ဂိုးကို သွင်းယူပေးကာ ချယ်လ်ဆီးအသင်းနှင့် ပွဲဦးထွက်မှာပင် ဂိုးသွင်းယူနိုင်ခြင်းဖြစ်သည်။
ရော်ဂျားစ် သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလန်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ရရှိခဲ့ပြီး ထိုအချိန်မှစ၍ အင်္ဂလန်အသင်းတွင် ပုံမှန်ပါဝင်ခွင့်ရသူတစ်ဦး ဖြစ်လာခဲ့သည်။ ချယ်လ်ဆီးသို့ မပြောင်းရွှေ့မီ (Three Lions - အင်္ဂလန်အသင်း) အတွက် (၂၂) ပွဲကစားထားခဲ့ပြီး အင်္ဂလန်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တတိယနေရာရရှိအောင် ကူညီပေးနိုင်ခဲ့သည်။