22 Emmanuel Emegha

ကစားသည့်နေရာ : Forward

အသက် : 23 years (3 February, 2003)

မွေးဖွားရာဒေသ : The Hague, the Netherlands

အရပ်အမြင့် : 1.96m (6ft 5in)

ကိုယ်ရေးအကျဉ်း
=========

ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် RC စထရာ့ဘာ့ဂ် အသင်းမှ အီမန်နူရယ်လ် အီမေးဂါး အား ခေါ်ယူခဲ့သည့် သဘောတူညီမှုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ပထမဆုံးအကြိမ် ကြေညာခဲ့ပြီး အဆိုပါ ဒတ်ချ်နိုင်ငံသားသည် ၂၀၂၆/၂၇ ဘောလုံးရာသီမတိုင်မီ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်။ ပြင်သစ်၌ရှိစဉ်အတွင်း ဒတ်ချ်တိုက်စစ်မှူးသည် ဥရောပ၏ စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံး လူငယ်တိုက်စစ်မှူးများအနက် တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ စထရာ့ဘာ့ဂ်အသင်း၌ ဘောလုံးရာသီ (၃) ရာသီအတွင်း လီဂူး (၁) ပွဲစဉ် (၆၅) ပွဲ၌ (၂၆) ဂိုး သွင်းယူခဲ့ပြီး အယ်လ်ဆက်ဒေသအခြေစိုက် အသင်း (Alsace club) အား ၂၀၂၅/၂၆ UEFA ကွန်ဖရန့်လိဂ်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် ပွဲစဉ်တွင် (၂) ဂိုး သွင်းယူပေးခဲ့သည်။

နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ ၌ မွေးဖွားခဲ့သည့် အီမေးဂါး သည် ကစားသမားဘဝကို စပါတာ ရော့တာဒမ် အသင်း၌ စတင်ခဲ့ပြီး ဘယ်လ်ဂျီယံလိဂ်မှ ရွိုင်ရယ်လ် အန့်တ်ဝတ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၂၂/၂၃ ဘောလုံးရာသီ ပြီးဆုံးချိန်တွင် စတွမ် ဂရတ်ဇ်အသင်းသို့ ပြောင်းရွှေ့ပြီး ရက်ပစ် ဗီယင်နာအသင်းအား အနိုင်ရ၊ ဗိုလ်စွဲခဲ့သည့် ဩစတြီးယားဖလား ဗိုလ်လုပွဲတွင် ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ အဆိုပါအောင်မြင်မှုအပြီးတွင် အီမေးဂါး သည် ပြင်သစ်သို့ ပြောင်းရွှေ့ခဲ့ပြီး စထရာ့ဘာ့ဂ်အသင်း၌ သူ၏နောက်ဆုံးရာသီတွင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

အီမေးဂါး သည် နယ်သာလန်အသင်း၏ လူငယ်အသင်း အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ပိုလန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၌ နယ်သာလန်အသင်းကြီးအတွက် ပါဝင်ခွင့် စတင်ရရှိခဲ့သည်..။ ထို့နောက်လက်ရွေးစင်အသင်းအတွက် ဒုတိယမြောက် ပွဲထွက်ခွင့်ကို လီသူယေးနီးယားအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ထပ်မံရရှိခဲ့သည်..။