13 Marcus Bettinelli

ကစားသည့်နေရာ : Goalkeeper

အသက် : 31 years (May 24, 1992)

မွေးဖွားရာဒေသ : London, England

အရပ်အမြင့် : 1.93 m (6 feet 4 in)

ကိုယ်ရေးအကျဉ်း
========

ဂိုးသမား မားကပ်စ် ဘတ်တင်နယ်လီ မှာ ဖူးလ်ဟမ်းအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ဂိုးသမားကြီး ဝီလီ ကာဘာလာယို ၏ နေရာကို အစားထိုးရန် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သည်..။ အရပ် (၆) ပေ၊ (၄) လက်မ အရွယ်ရှိ လန်ဒန်မြို့ဖွား ဂိုးသမားကြီးမှာ ဖူးလ်ဟမ်းအသင်းအတွက် ပွဲပေါင်း (၁၂၀) ကျော် ကစားပေးခဲ့ပြီး အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းကို ကိုယ်စားပြုခဲ့ဖူးသည့် အတွေ့အကြုံ ရှိပါသည်..။

ဘတ်တင်နယ်လီ မှာ အသက် (၁၄) နှစ်အရွယ်တွင် ဖူးလ်ဟမ်းအသင်း လူငယ်အကယ်ဒမီသို့ ရောက်ရှိလာပြီး ၂၀၁၄/၁၅ ဘောလုံးရာသီတွင် ဖူးလ်ဟမ်းအသင်းကြီးအတွက် ပွဲထွက်ခွင့် ရခဲ့သည်..။

ထိုသို့ ဖူးလ်ဟမ်းအသင်းနှင့် ပွဲထွက်ခွင့်မရမီ ဒါးဖို့ဒ်၊ အက်ခရင်တန် စတန်လေ အသင်းများတွင် အဌားသွားရောက်ခဲ့သည်..။ ဘတ်တင်နယ်လီ မှာ ၂၀၁၄/ ၁၅ ဘောလုံးရာသီတွင် (၄၅) ပွဲ ကစားခဲ့ပြီး လက်စွမ်းပြနိုင်ခဲ့သောကြောင့် အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် ခေါ်ယူခြင်းခံခဲ့ရသည်..။

ထို့နောက် ၂၀၁၈ ခုနှစ်တွင် ဖူးလ်ဟမ်းအသင်းနှင့်အတူ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ပြန်လည်ရရှိခဲ့ပြီး ဂါးရတ် ဆောက်ဂိတ် ၏ အင်္ဂလန်အသင်း တတိယဂိုးသမား နေရာအတွက်ပါ ခေါ်ယူခြင်း ခံခဲ့ရသည်..။ သို့သော်အောက်တိုဘာလ နောက်ပိုင်းတွင် ဖူးလ်ဟမ်းအသင်း ပွဲထွက်ဂိုးသမား နေရာကို ဆာဂျီယို ရီကို အား လက်ပြောင်းပေးခဲ့ရပြီး ၂၀၁၉/၂၀ ဘောလုံးရာသီတွင် ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရသည်..။ ဘတ်တင်နယ်လီ မှာ ၂၀၂၀/၂၁ ဘောလုံးရာသီတွင် မစ်ဒယ်လ်ဘရော့ အသင်းသို့ အဌားသွားရောက်ခဲ့ပြီး (၄၂) ပွဲကစား၊ clean sheet (၁၃) ကြိမ် ရရှိခဲ့သည်..။

မားကပ်စ် ဘတ်တင်နယ်လီ မှာ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် အက်ဒ်ဒွပ် မန်ဒီ အာဖရိကဖလား ပြိုင်ပွဲအတွက် သွားရောက်နေစဉ်ကာလအတွင်း ဖလားပြိုင်ပွဲအချို့တွင် လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ရသည်..။ သူ၏ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ကို ချက်စ်တာဖီးလ် အသင်းအား အနိုင်ရခဲ့သည့် FA ဖလားပြိုင်ပွဲ၊ တတိယအဆင့်ပွဲစဉ်တွင် ရရှိခဲ့သည်..။ ထို့နောက် FIFA ကမ္ဘာ့ကလပ် ချန်ပီယံဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ် နှစ်ပွဲစလုံးတွင် အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ရသည်..။

၂၀၂၂/၂၃ ဘောလုံးရာသီတွင် အရန်ကစားသမားအဖြစ် (၂၇) ကြိမ် စာရင်းတင်သွင်းခံခဲ့ရသော်လည်း ပါဝင်ကစားခွင့် မရရှိခဲ့ပေ..။ ဘတ်တင်နယ်လီ မှာ မန်ချက်စတာ စီးတီး အရန်အသင်းနှင့် သရေကျခဲ့သည့် ပရီးမီးယားလိဂ် (၂) ပွဲစဉ်တွင်သာ ပါဝင်ကစားခွင့်ရရှိခဲ့သည်..။