19 Armando Broja

ကစားသည့်နေရာ : Forward

အသက် : 21 years (10 September, 2001)

မွေးဖွားရာဒေသ : Slough, England

အရပ်အမြင့် : 1.91 m (6 ft 3 in)

ကိုယ်ရေးအကျဉ်း
=========

အာမန်ဒို ဘရိုဂျား မှာ တိုက်စစ်မှူးအဖြစ်သာမက တောင်ပံတိုက်စစ်မှူးနေရာတွင်ပါ ကစားပေးနိုင်သူ ဖြစ်သည်..။ အယ်လ်ဘေးနီးယား လူငယ်တိုက်စစ်မှူးမှာ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီသို့ အသက် (၈) နှစ်အရွယ်တွင် စတင်ရောက်ရှိလာခဲ့သည်..။ ထို့နောက် ၂၀၁၉/၂၀ ဘောလုံးရာသီတွင် လူငယ်အသင်းအတွက် (၃၃) ပွဲကစား၊ (၂၃) ဂိုးသွင်းယူပေးနိုင်ခဲ့သလို ချယ်လ်ဆီးအသင်းနှင့် နှစ်နှစ်ခွဲသက်တမ်းရှိ စာချုပ်သက်တမ်းသစ် ချုပ်ဆိုနိုင်ခဲ့သည်..။

အကယ်ဒမီ အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သည့် အာမန်ဒို ဘရိုဂျားစ် မှာ ဟော်လန်လိဂ် ပြိုင်ပွဲဝင် ဗီတက်ဆီ အာဟမ်အသင်းသို့ အဌားသွားရောက်ခဲ့ပြီး (၃၄) ပွဲကစား၊ (၁၁) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။ ထို့နောက် ၂၀၂၁/၂၂ ဘောလုံးရာသီတွင် ဆောက်ပ်သမ်တန်အသင်းသို့ ထပ်မံအဌားသွားရောက်ခဲ့သည်..။ သူ၏ပထမဆုံး ပါဝင်ကစားခွင့်ကို နယူးပို့တ် ကောင်တီအသင်းအား ၈ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် စတင်ရရှိခဲ့ပြီး အဆိုပါပွဲတွင် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။သူ၏ပထမဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲထွက်ခွင့်ကို လိဒ် ယူနိုက်တက်အသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ရရှိခဲ့ပြီး အဆိုပါပွဲစဉ်၏ တစ်လုံးတည်းသော အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်..။ အဆိုပါသွင်းဂိုးကြောင့် ဘရိုဂျား မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ဂိုးရရှိဖူးသော ပထမဆုံး အယ်လ်ဘေးနီးယား ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်..။ အာမန်ဒို ဘရိုဂျားစ် မှာ အဆိုပါဘောလုံးရာသီတွင် ဆောက်ပ်သမ်တန်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၉) ဂိုး ရရှိခဲ့သည်..။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် အာမန်ဒို ဘရိုဂျားစ် မှာ အသင်းနှင့်ခြောက်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်..။ ထို့နောက် ဒိုင်နမို ဇာဂရက်အသင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စုပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရရှိခဲ့သည်..။ ဘရိုဂျားစ် မှာ နည်းပြဂရေဟမ် ပေါ်တာ လက်ထက်တွင်လည်း ဆက်လက်ပါဝင်ခွင့်ရရှိခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ် (၆) ပွဲတွင် (၅) ပွဲ ကစားခွင့်ရခဲ့သည်..။

အောက်တိုဘာအတွင်း ဝုလ်ဖ်အသင်းနှင့်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကြီးအတွက် သူ၏ပထမဆုံး သွင်းဂိုး ရရှိခဲ့သည်..။ ဘရန့်တ်ဖို့ဒ် အသင်းနှင့်ပွဲတွင် ပထမဆုံးပွဲထွက်ခွင့် ရရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနှင့်သရေကျခဲ့သည့် ပွဲစဉ်တွင် သူ့အားဖျက်ထုတ်မှုတဆင့် ချယ်လ်ဆီးအသင်း ပင်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့သည်..။

သို့သော် ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် အနားယူရသည့် ကာလအတွင်း အက်စ်တွန် ဗီလာအသင်းနှင့် ခြေစမ်းပွဲတွင် ပြင်းထန်သည့် ဒူးအရွတ်ကြော ဒဏ်ရာကြောင့် အနားယူခဲ့ရသည်..။ ဒီဇင်ဘာလအတွင်း အဆိုပါဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ရာသီကုန်အထိ အနားယူခဲ့ရသည်..။

ချယ်လ်ဆီးအကယ်ဒမီ လူငယ်ကစားသမားမှာ အယ်လ်ဘေးနီးယား လူငယ် (အသက် ၁၉ နှစ်အောက်)၊ (အသက် ၂၁ နှစ်အောက်) အသင်းများတွင် အဆင့်ဆင့် ကစားပေးခဲ့ပြီး လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံး ပါဝင်ကစားခွင့်ကို လစ်သူရေးနီးယား အသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် လူစားဝင် ကစားသမားအဖြစ် စတင်ရရှိခဲ့သည်..။ လက်ရွေးစင်အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ကို ကာဇက်စ်တန်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက် ပထမဆုံး သွင်းဂိုးကို ဟန်ဂေရီအသင်းအား ဟန်ဂေရီအသင်းအား ၁ဂိုး- ဂိုးမရှဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် သွင်းယူပေးနိုင်ခဲ့သည်..။