2 Axel Disasi

ကစားသည့်နေရာ : Defender

အသက် : 25 years (11 March, 1998)

မွေးဖွားရာဒေသ : Gonesse, France

အရပ်အမြင့် : 1.90m (6ft 3in)

ကိုယ်ရေးအကျဉ်း

=========
အက်ဆယ်လ် ဒီဆာဆီ မှာ ချယ်လ်ဆီးအသင်းသို့ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် မိုနာကိုအသင်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရောက်ရှိလာခဲ့သည်..။ ပြင်သစ်နောက်ခံလူမှာ ချယ်လ်ဆီးအသင်းနှင့် ခြောက်နှစ်သက်တမ်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး မိုနာကိုအသင်းအတွက် ပွဲပေါင်း (၁၃၀)၊ ပြင်သစ်အသင်းအတွက် (၄) ပွဲ ကစားပေးခဲ့ပြီး ကာတာနိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သည့် ပြင်သစ်အသင်းတွင် ပါဝင်ခဲ့သည်..။ ဒီဆာဆီ မှာ အမြင့်ဘော ဖျက်ထုတ်ရာတွင် ထူးချွန်ပြီး ပွဲအခြေအနေကို မှန်းဆရာတွင် ကောင်းမွန်သူလည်းဖြစ်သည်..။ ညာနောက်ခံလူအဖြစ်လည်း ကစားပေးနိုင်ပါသည်...။

ပဲရစ်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော Gonesse ဒေသတွင် ဖွားမြင်ခဲ့ပြီး Paris FC အသင်းနှင့် ကစားသမားဘဝကို စတင်ခဲ့သည်..။ ၂၀၁၅ ခုနှစ်တွင် ပြင်သစ်ဒုတိယတန်းပြိုင်ပွဲ၌ စတင်ပါဝင်ခွင့် ရရှိခဲ့ပြီး Reims အသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။ ၂၀၁၇/၁၈ ဘောလုံးရာသီတွင် Reims အသင်းနှင့် ဒုတိယတန်းပြိုင်ပွဲ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး လီဂူး (၁) ပြိုင်ပွဲသို့ တက်ရောက်နိုင်ခဲ့သည်..။ ထို့နောက်မိုနာကိုအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပွဲပေါင်း (၁၃၀) ကစားပေးနိုင်ခဲ့ပါသည်..။

ပြင်သစ်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်ပ် က အက်ဆယ်လ် ဒီဆာဆီ အား ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မည့် ပြင်သစ်အသင်းအတွက် ရွေးချယ်ခဲ့ပြီး တူနီးရှားအသင်းနှင့်ပွဲတွင် ပြင်သစ်အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့် ရရှိခဲ့သည်..။ ချယ်လ်ဆီးအသင်းသို့ မပြောင်းရွှေ့မီအထိ ဒီဆာဆီ မှာ ပြင်သစ်အသင်းအတွက် (၄) ပွဲ ကစားခွင့်ရရှိထားသည်..။