26 Levi Colwill

ကစားသည့်နေရာ : Defender

အသက် : 20 years (26 February, 2003)

မွေးဖွားရာဒေသ : Southampton, England

အရပ်အမြင့် : 1.87m (6 ft 2 in)

ကိုယ်ရေးအကျဉ်း
=========

လီဗိုင်း ကော်ဝီးလ် မှာ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီသို့ အသက် (၉) နှစ်အောက် ကစားသမားအုပ်စုနှင့်အတူ ရောက်ရှိလာခဲ့ပြီး လူငယ်အသင်းအဆင့်ဆင့်ကို ဖြတ်သန်းခဲ့ကာ ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းကြီးသို့ ရောက်ရှိလာခဲ့သည်..။ အင်္ဂလန် လူငယ်လက်ရွေးစင် ကစားသမားမှာ ဗဟိုနောက်ခံလူအဖြစ် အများဆုံးကစားခဲ့ပြီး ဘယ်အစွန် နောက်ခံလူ၊ left wing back အဖြစ်လည်း ကစားနိုင်သူဖြစ်သည်..။ ဘောလုံးပေးပို့၊ ဖြန့်ဝေမှု ကောင်းမွန်သည့် ball playing defender အဖြစ် လူသိများသည်..။

ကော်ဝီးလ် မှာ ၂၀၁၉/၂၀ ဘောလုံးရာသီတွင် ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းသို့ ရောက်ရှိခဲ့ပြီး ဗလင်စီယာအသင်းနှင့် UEFA Youth League လူငယ်ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ချယ်လ်ဆီးလူငယ် (အသက် ၁၉ နှစ်အောက်) အသင်းနှင့်အတူ ပါဝင်ခွင့်ရခဲ့သည်..။ လူငယ် FA ဖလားပြိုင်ပွဲတွင် ဘရန့်ဒ်ဖို့ဒ် စီးတီးအသင်းအား ၅ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် စတင်ပါဝင်ခွင့်ရခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် ဒူးဒဏ်ရာကြောင့် အချိန်အတော်ကြာကြာ အနားယူခဲ့ရသောကြောင့် စုစုပေါင်း (၂၂)ပွဲသာ ပါဝင်ကစားခဲ့ရသည်..။ ထို့နောက် အသက် (၁၇) နှစ်ပြည့်မြောက်ခဲ့သည့် မွေးနေ့တွင် အသင်းနှင့်ပထမဆုံး စာချုပ်ချုပ်ဆိုခဲ့သည်..။

၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ချယ်လ်ဆီးအသင်းနှင့် လေးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဟာဒက်စ်ဖီးလ် တောင်းအသင်းသို့ အဌားထွက်ခွာခဲ့သည်..။ လီဗိုင်း ကော်ဝီးလ် မှာ ဟာဒက်စ်ဖီးလ် တောင်းအသင်းတွင် ပုံမှန်ကစားခွင့် ရရှိခဲ့ပြီး  ချန်ပီယံရှစ်ပြိုင်ပွဲ၊ တတိယနေရာရရှိခဲ့သည့် အသင်းတွင် ဗဟိုနောက်ခံလူအဖြစ် ပွဲပေါင်း (၂၉) ပွဲ ပါဝင်ကစားခဲ့ရသည်..။ သို့သော် ပရီးမီးယားလိဂ် တန်းတက်ခွင့်အဆုံးအဖြတ်အတွက် ယှဉ်ပြိုင်ခဲ့ရသည့် play off final ပွဲစဉ်တွင် ပွဲချိန်ပြီးဆုံးခါနီး နောက်ဆုံးထိချက်တွင် ကော်ဝီးလ် မှာ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရသည်..။

နည်းပြသောမတ်စ် တူခယ်လ် ၏ ၂၀၂၂/၂၃ ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်နေသည့်အသင်းတွင် ပါဝင်ခဲ့သော်လည်း ရာသီစတင်ခါနီးတွင် ဘရိုက်တန်အသင်းသို့ အဌားသွားရောက်ခဲ့ပြန်သည်..။ ဘရိုက်တန်အသင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အဆင့် (၆) နေရာ ရရှိခဲ့သလို လီဗိုင်း ကော်ဝီးလ် မှာ ဗဟိုနောက်ခံလူအဖြစ် (၂၃) ပွဲ ကစားခွင့်ရရှိခဲ့သည်..။ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် နည်းပြမော်ရစ္စစီယို ပိုချက်တီနို ၏ အမေရိကန်ပြည်ထောင်စု ရာသီကြိုခရီးစဉ်တွင် ပါဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အသင်းနှင့် (၆) နှစ်သက်တမ်း (+ ၁ နှစ် ထပ်မံသက်တမ်းတိုးခွင့် အပါအဝင်) စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည်..။

လီဗိုင်း ကော်ဝီးလ် မှာ အင်္ဂလန်လူငယ် ကျောင်းသားအသင်း အဆင့်ဆင့်တွင် ပါဝင်ခဲ့ရပြီး အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းတွင် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း အင်ဒိုရာအသင်းအား အနိုင်ရရှိခဲ့သောပွဲတွင် စတင်ပါဝင်ခွင့်ရရှိခဲ့သည်..။ နောက်ခံလူ ကော်ဝီးလ် မှာ ၂၀၂၃ ခုနှစ်၊ နွေရာသီတွင် ကျင်းပခဲ့သည့် ဉရောပလူငယ် (အသက် ၂၁ နှစ်အောက်) တံခွန်စိုက် ချန်ပီယံဖလားပြိုင်ပွဲတွင် ပေးဂိုးမရှိစံချိန်ဖြင့် ဗိုလ်စွဲခဲ့သည့် အင်္ဂလန်လူငယ်အသင်းတွင် အဓိကနောက်ခံလူအဖြစ် ပွဲစဉ်တိုင်းတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သည်..။