ကစားသည့်နေရာ : Midfielder
အသက် : 21 years (6 January, 2004)
မွေးဖွားရာဒေသ : Brussels, Belgium
အရပ်အမြင့် : 1.81 m (5 ft 11 in)
ကိုယ်ရေးအကျဉ်း
========
ချယ်လ်ဆီးအသင်းမှာ ကွင်းလယ်ကစားသမား ရိုမီယို လာဗီးယား အား ဆောက်ပ်သမ်တန်အသင်းမှ ခုနှစ်နှစ်သက်တမ်း စာချုပ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ခေါ်ယူခဲ့သည်..။ အသက် (၁၉) နှစ်အရွယ် ဘယ်လ်ဂျီယမ် လူငယ် ကစားသမားမှာ ဆောက်ပ်သမ်တန်အသင်းနှင့်အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အသက်အရွယ်နှင့် မမျှအောင် ရင့်ကျက်သော ခြေစွမ်းကို ပြသခဲ့ပြီးဖြစ်သည်..။
လာဗီးယား မှာ မွေးရပ်မြေ ဘယ်လ်ဂျီယမ်နိုင်ငံ၊ အန်ဒါလက်ချ်မြို့တွင် ကစားသမားဘဝ စတင်ခဲ့ပြီး အသက် (၁၆) နှစ်အရွယ်တွင် မန်ချက်စတာ စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။ မန်ချက်စတာ စီးတီး အကယ်ဒမီမှ အသက် (၁၈) နှစ်အောက်အသင်း၊ အရန်အသင်း (development squad) များတွင် ခြေစွမ်းပြခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် အသင်းကြီးနှင့် စတင်ပါဝင်ခွင့်ရရှိခဲ့သည်..။ လာဗီးယား မှာ ဝိုင်ကွမ်းဘီး အသင်းအား ၆ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သော EFL ဖလားပြိုင်ပွဲတွင် ပွဲထွက်ခွင့်ရရှိခဲ့သည်..။ ထို့နောက် ၂၀၂၂ ခုနှစ်၊ နွေရာသီတွင် ဆောက်ပ်သမ်တန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။
၂၀၂၂/၂၃ ဘောလုံးရာသီတွင် ဆောက်ပ်သမ်တန်အသင်းမှာ တန်းဆင်းခဲ့ရသော်လည်း လာဗီးယား မှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ပွဲပေါင်း (၃၄) ပွဲ ကစားခွင့်ရရှိခဲ့သည်..။ ဘယ်လ်ဂျီယမ် လူငယ် ကစားသမားမှာ ချယ်လ်ဆီးအသင်းအား စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် အနိုင်ရရှိခဲ့သော ပွဲစဉ်အပါအဝင် ဆောက်ပ်သမ်တန်အသင်း၏ ပွဲစဉ်အတော်များများ၌ ပရိသတ်မျက်စိကျအောင် ကစားနိုင်ခဲ့သည်..။
ရိုမီယို လာဗီးယား မှာ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိချိန်တွင် ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပွဲထွက်ကစားခွင့် နောက်ကျခဲ့ရပြီး ၂၀၂၃/၂၄ ဘောလုံးရာသီ၊ ပထမရာသီဝက် တစ်ခုလုံးကို လွဲချော်ခဲ့သည်..။ အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ကို ခရစ်စ်တယ် ပဲလေ့စ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့ပြီး မိနစ် (၆၀) အထိ ကစားခဲ့ရသည်..။
သို့သော် အဆိုပါပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာ ပြန်လည်ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လတွင် ယခုနှစ်ရာသီတွင် ပြန်လည်ပါဝင်နိုင်မည် မဟုတ်ကြောင်း ကြေငြာခဲ့သည်..။
၂၀၂၃/၂၄ ဘောလုံးရာသီကို ကာလရှည်ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသော်လည်း ၂၀၂၄/၂၅ ဘောလုံးရာသီ အဖွင့်ပွဲစဉ်အဖြစ် မန်ချက်စတာ စီးတီးအသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် ပွဲထွက်ခွင့်ရခဲ့သည်..။ ထို့နောက် ကွန်ဖရင့်စ်လိဂ် ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး မကြာခင်မှာပင် ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့သည်..။
စက်တင်ဘာလတွင် ဘရိုက်တန်အသင်းနှင့်ပွဲတွင် ပြန်လည်ပါဝင်ခဲ့ပြီး မွိုက်စ် ကိုင်ဆီဒို နှင့်အတူ ကွင်းလယ်တွင် အတွဲအဖက်ညီခဲ့သည်..။ သို့သော်ဒီဇင်ဘာလ အစောပိုင်းကာလ တော့တင်ဟမ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ် ပထမပိုင်းအပြီးတွင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ၂၀၂၄ နှစ်ကုန်အထိ အနားယူခဲ့ရသည်..။
ထို့နောက် မိုရာကမ်ဘီ အသင်းအား အနိုင်ရရှိခဲ့သည့် FA ဖလား၊ တတိယအဆင့်ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့ပြီး ဘုန်းမောက်အသင်းနဲ့ပွဲတွင်လည်း ဆက်လက်ပါဝင်ခဲ့သည်..။ အဆိုပါပွဲအပြီးတွင် နောက်ထပ်တစ်ကြိမ် ဒဏ်ရာရရှိခဲ့သောကြောင့် နှစ်လခန့် အနားယူခဲ့ရပြီး အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရသည့် အဝေးကွင်းပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့သည်..။
ရိုမီယို လားဗီးယား မှာ ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ လူစာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိသော်လည်း ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ် ရာသီကုန်ပွဲစဉ် (၅) ပွဲတွင် ပါဝင်ခဲ့ပြီး ပွဲထွက်ကစားသမားအဖြစ် (၃) ပွဲ ကစားခွင့်ရခဲ့သည်..။
လာဗီးယား မှာ ဘယ်လ်ဂျီယမ် လူငယ်အသင်းအဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဘယ်လ်ဂျီယမ် လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည်..။ ဂျာမနီအသင်းအား ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲစဉ်တွင် လက်ရွေးစင်အသင်းအတွက် လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရရှိခဲ့သည်..။