15 Nicolas Jackson

ကစားသည့်နေရာ : Forward

အသက် : 22 years (13 August, 2023)

မွေးဖွားရာဒေသ : Banjul, The Gambia

အရပ်အမြင့် : 1.87m (6 ft 2 in)

ကိုယ်ရေးအကျဉ်း
========

ချယ်လ်ဆီးအသင်းမှာ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် အား စပိန်လာလီဂါ ပြိုင်ပွဲဝင် ဗီလာရီးရဲလ်အသင်းမှ ရှစ်နှစ်သက်တမ်း စာချုပ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ခေါ်ယူခဲ့သည်..။ အသက် (၂၂) နှစ်အရွယ်  ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူးမှာ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် စပိန်လာလီဂါပြိုင်ပွဲ၌ (၁၂) ဂိုးသွင်းယူပေးခဲ့ပြီး ခြေစွမ်းပြ၊ ကစားနိုင်ခဲ့သည်..။

ဂျက်ဆင် မှာ အာဖရိကတိုက်၊ ဂမ်ဘီယာ နိုင်ငံတွင် မွေးဖွားခဲ့သော်လည်း ဆီနီဂေါနိုင်ငံတွင် ကြီးပြင်းခဲ့သည်..။ ဆီနီဂေါ ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သော Casa Sports အသင်းတွင် ကစားသမားဘဝ စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ဗီလာရီးရဲလ် အသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။ ထို့နောက် စပိန်ဒုတိယတန်းမှ Mirandes အသင်းသို့ အဌားသွားရောက်ခဲ့သည်..။

စပိန်နိုင်ငံမှ ဒုတိယဘောလုံးရာသီတွင် ဗီလာရီးရဲလ် (ခ) အသင်းတွင် ကစားခဲ့ပြီး play-off ဗိုလ်လုပွဲတွင် အဆုံးအဖြတ် သွင်းဂိုးများကို သွင်းယူပေးခဲ့သည်..။ ၂၀၂၂ နွေရာသီတွင် ဗီလာရီးရဲလ် အသင်းကြီးသို့ ရောက်ရှိခဲ့ပြီး အဆိုပါဘောလုံးရာသီတွင် အသင်းအတွက် (၃၈) ပွဲ ကစားပေးခဲ့သည်..။

နီကိုလပ်စ် ဂျက်ဆင် မှာ ရာသီပြီးဆုံးခါနီး ကာလတွင် လာလီဂါပြိုင်ပွဲ၏ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားအဖြစ် နောက်ဆုံး (၈) ပွဲတွင် (၉) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မေလအတွက် ‘တစ်လတာ အကောင်းဆုံး ကစားသမားဆု’ ချီးမြှင့်ခံခဲ့ရသည်…။

ဗီလာရီးရဲလ် အသင်းတွင် ပြသခဲ့သော ခြေစွမ်းကြောင့် တိုက်စစ်မှူး ဂျက်ဆင် မှာ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဆီနီဂေါ လက်ရွေးစင် အသင်းအတွက် ခေါ်ယူခြင်းခံခဲ့ရသည်..။ သူ၏ပထမဆုံး နိုင်ငံအသင်းအတွက် ပွဲထွက်ခွင့်ကို နယ်သာလန်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ရရှိခဲ့သည်..။