16 Lesley Ugochukwu

ကစားသည့်နေရာ : Midfielder

အသက် : 19 years (26 March, 2004)

မွေးဖွားရာဒေသ : Rennes, France

အရပ်အမြင့် : 1.90m (6 ft 3 in)

ကိုယ်ရေးအကျဉ်း
=====

ပြင်သစ်ကွင်းလယ် ကစားသမား လက်စ်လေ အူဂိုချူကူ မှာ ချယ်လ်ဆီးအသင်းသို့ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် ရန်းန်အသင်းမှ (၇) နှစ်သက်တမ်းစာချုပ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့တွင် ရောက်ရှိလာခဲ့သည်..။

အူဂိုချူကူ မှာ ရန်းန်အသင်း၏ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းသို့ အသက် (၈) နှစ်အရွယ်တွင် စတင်ရောက်ရှိခဲ့ပြီး အသင်းကြီးအတွက် ပထမဆုံးအကြိမ် ပါဝင်ခွင့်ကို အသက် (၁၇) နှစ်ပြည့်ပြီး မကြာခင်မှာပင် ရရှိခဲ့သည်..။ လက်စ်လေ မှာ အသင်း၏ သမိုင်းတစ်လျှောက် စတုတ္ထမြောက် အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။

လီဂူး (၁) ပြိုင်ပွဲအတွက် ပထမဆုံးပွဲထွက်ခွင့်ကို ပီအက်စ်ဂျီအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် စတင်ရရှိခဲ့သည်..။ အူဂိုချူကူ မှာ ရန်းန်အသင်းမှ ထွက်ခွာချိန်တွင် အသင်းအတွက် (၆၇) ပွဲ ပါဝင်ကစားပေးခဲ့သည်..။