28 Djordje Petrovic

ကစားသည့်နေရာ : Goalkeeper

အသက် : 23 years (8 October, 1999)

မွေးဖွားရာဒေသ : Pozarevac, Serbia

အရပ်အမြင့် : 1.94m (6ft 4in)

ကိုယ်ရေးအကျဉ်း
=====

ဆားဗီးယား လက်ရွေးစင်ဂိုးသမားဖြစ်သူ ဂျော်ဂျီ ပီထရိုဗစ် မှာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးအပါတ်တွင် အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲဝင် New England Revolution အသင်းမှ (၇) နှစ်သက်တမ်းစာချုပ် (+ တစ်နှစ်သက်တမ်း ထပ်မံတိုးခွင့် အပါအဝင်) ဖြင့် ရောက်ရှိလာခဲ့သည်..။

ပီထရိုဗစ် မှာ သူ၏ကစားသမားဘဝကို ဇာတိမြေ ဆားဗီးယား နိုင်ငံတွင် စတင်ခဲ့ပြီး Rudar Kostolac နှင့် Presing Pozarevac အသင်းများမှတဆင့် ၂၀၁၄ ခုနှစ်တွင် Cukaricki အသင်းသို့ ရောက်ရှိခဲ့သည်..။ အသင်း၏ လူငယ်အသင်းအဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး FK IMT အသင်းသို့ အဌားသွားရောက်ခဲ့သည်..။ မိခင်အသင်းဖြစ်သော Cukaricki အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ကို ၂၀၁၉ ခုနှစ်က Mladost အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် စတင်ရရှိခဲ့ပြီး ထိုအချိန်မှစတင်၍ ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သည်..။

ပီထရိုဗစ် မှာ Cukaricki အသင်းအတွက် (၈၆) ပွဲ ကစားပေးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲဝင် New England Revolution အသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။ ၂၀၂၂ ခုနှစ်၊ ဘောလုံးရာသီတွင် New England အသင်းအတွက် (၂၁) ပွဲ ကစားပေးခဲ့ရပြီး မေဂျာလိဂ်ပြိုင်ပွဲ၏ ‘အကောင်းဆုံး လူသစ်ကစားသမားဆု (MLS Newcomer of the Year Award)’ နှင့် ‘မေဂျာလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆု (MLS Goalkeeper of the Year Award)’ များ ချီးမြှင့်ခံခဲ့ရသည်..။

ချယ်လ်ဆီးအသင်းသို့ မပြောင်းရွှေ့မီအထိ ၂၀၂၃ ခုနှစ်၊ ဘောလုံးရာသီတွင် New England အသင်းအတွက် (၂၃) ပွဲ ကစားပေးခဲ့ပြီးဖြစ်သည်..။ ထို့အပြင် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် MLS All-Stars အသင်းတွင်လည်း ပါဝင်ခွင့်ရခဲ့သည်..။