29 Ian Maatsen

ကစားသည့်နေရာ : Defender

အသက် : 21 years (10 March, 2002)

မွေးဖွားရာဒေသ : Vlaardingen, Netherlands

အရပ်အမြင့် : 1.67m (5 ft 6 in)

ကိုယ်ရေးအကျဉ်း
=======

ချယ်လ်ဆီးအသင်း ကင်းထောက်အဖွဲ့မှာ အီယန် မတ်ဆန် အား ဟော်လန်လူငယ် (အသက် ၁၆ နှစ်အောက်) အသင်းတွင် ရှာဖွေ၊ တွေ့ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ဟော်လန်လိဂ်ပြိုင်ပွဲဝင် ပီအက်စ်ဗွီ အိုင်ဒိုဗန်အသင်းမှ ခေါ်ယူခဲ့သည်..။ လူငယ်ဘယ်နောက်ခံ ကစားသမားမှာ ဘယ်နောက်ခံလူ၊ left wing back၊ ဗဟိုနောက်ခံလူ အပြင် ကွင်းလယ် ကစားသမားအဖြစ်ပါ နေရာစုံ ကစားပေးနိုင်သူလည်းဖြစ်သည်..။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ချယ်လ်ဆီးလူငယ် အသင်းအတွက် ပထမဆုံးဂိုးကို အာဆင်နယ် လူငယ်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် သွင်းယူပေးနိုင်ခဲ့သည်..။ အရန်အသင်း (development squad) အတွက် ပထမဆုံး ပွဲထွက်ခွင့်ကို Newport County အသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် Checkatrade Trophy ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရှိခဲ့သည်..။ ထို့နောက် ချယ်လ်ဆီးလူငယ် (အသက် ၁၉ နှစ်အောက်) အသင်းနှင့်အတူ UEFA လူငယ်ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ပါဝင်ကစားခဲ့ရသည်..။

၂၀၁၉/၂၀ ဘောလုံးရာသီတွင် ချယ်လ်ဆီးအရန်အသင်း၏ ခံစစ်ကြောင်းတွင် ပုံမှန်နေရာ ရရှိခဲ့ပြီး ဝုလ်ဖ်အသင်းအား ၇ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် သူ၏ပထမဆုံး FA လူငယ်ဖလားပြိုင်ပွဲ၊ သွင်းဂိုးရရှိခဲ့သည်..။ အီယန် မတ်ဆန် မှာ ၂၀၁၉/၂၀ ဘောလုံးရာသီတွင် လူငယ်အသင်းများအတွက် ပြိုင်ပွဲစုံ (၂၃) ပွဲ ကစားခွင့်ရခဲ့သည်..။

အီယန် မတ်ဆန် မှာ ချယ်လ်ဆီးအသင်းနှင့် ၂၀၁၉ ခုနှစ်၊ မတ်လတွင် ကစားသမားစာချုပ် ချုပ်ဆိုခဲ့ပြီး အဆိုပါ ၂၀၁၉ ခုနှစ်ထဲတွင် အသင်းကြီးအတွက် စတင်ကစားခွင့်ရရှိခဲ့သည်..။ ထိုစဉ်က အသက် (၁၇) နှစ်သာ ရှိနေသေးသည့် လူငယ် ဘယ်နောက်ခံလူမှာ ဂရင်စ်ဘီ တောင်းအသင်းအား ၇ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် Carabao ဖလားပြိုင်ပွဲတွင် ပွဲချိန် (၂၄) မိနစ် ပါဝင်ကစားခွင့်ရရှိခဲ့သည်..။ ထို့နောက် ၂၀၂၀ ခုနှစ်၊ နွေရာသီတွင် အသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည်..။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင် League One ပြိုင်ပွဲဝင် ချာလ်တန် အက်တလက်တစ် အသင်းသို့ အဌားသွားရောက်ခဲ့ပြီး အချိန်တိုအတွင်းမှာပင် ချာလ်တန်အသင်း ပရိသတ်များ၏ နှစ်ခြိုက်စွာ အားပေးမှု ရရှိခဲ့သည့် ကစားသမားတစ်ဉီး ဖြစ်လာခဲ့သည်…။ အဆိုပါဘောလုံးရာသီတွင် ချာလ်တန်အသင်းအတွက် (၃၅) ပွဲ ကစားပေးခဲ့ရပြီး ဒွန်ကက်စ်တာ အသင်းနှင့်ပွဲစဉ်တွင် သူ၏ပထမဆုံး သွင်းဂိုးကို ညာတောင်ပံ ကစားသမားအဖြစ် တာဝန်ယူရစဉ် သွင်းယူပေးခဲ့သည်..။

၂၀၂၁/၂၂ ဘောလုံးရာသီတွင် ကွန်ဗင်ထရီ အသင်းသို့ အဌားသွားရောက်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရခဲ့သည့် ကစားသမားအဖြစ် (၄၁) ပွဲ ကစားပေးခဲ့ရသည်..။ မူလက ဘယ်နောက်ခံလူအဖြစ် ကစားခဲ့ရသော်လည်း ဒုတိယရာသီဝက်တွင် ဘယ်တောင်ပံ ကစားသမားအဖြစ် တာဝန်ယူခဲ့ရသည်..။ အဆိုပါဘောလုံးရာသီတွင် ချာလ်တန်အသင်း၏ ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု (Young Player of the Year)’ ကို ဆွတ်ခူးရရှိခဲ့သည်..။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဘန်လေအသင်းသို့ ထပ်မံအဌားသွားရောက်ခဲ့ပြီး အထူးခြေစွမ်းပြနိုင်ခဲ့သည်..။ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် ဘန်လေအသင်းမှာ ပရီးမီးယားလိဂ်သို့ ပြန်လည်တန်းတက်ခွင့် ရရှိခဲ့သလို အီယန် မတ်ဆန် မှာ ပြိုင်ပွဲစုံ (၄၂) ပွဲ ပါဝင်ကစားခွင့်ရခဲ့ပြီး (၄) ဂိုး သွင်းယူပေးခဲ့သည်..။ ထို့အပြင် အဆိုပါဘောလုံးရာသီ၊ ‘ချန်ပီယံရှစ်ပြိုင်ပွဲ၏ အကောင်းဆုံးအသင်း (Team of the Season)’ တွင် ရွေးချယ်ခံခဲ့ရသည်..။

၂၀၂၃/၂၄ ဘောလုံးရာသီတွင် AFC ဝင်ဘယ်လ်ဒန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရသည့် Carabao ဖလားပြိုင်ပွဲ၊ ဒုတိယအဆင့် ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သည်..။