36 Deivid Washington

ကစားသည့်နေရာ : Forward

အသက် : 18 years (5 June, 2005)

မွေးဖွားရာဒေသ : Itumbiara, Brazil

အရပ်အမြင့် : 1.87m (6ft 2in)

ကိုယ်ရေးအကျဉ်း
=========

ဒီဗစ် ဝါရှင်တန် မှာ ချယ်လ်ဆီးအသင်းသို့ ဘရာဇီးလ်လိဂ်ပြိုင်ပွဲဝင် ဆန်းတို့စ်အသင်းမှ ခုနှစ်နှစ်သက်တမ်း စာချုပ် (+ တစ်နှစ်သက်တမ်း ထပ်မံတိုးခွင့် အပါအဝင်) ဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရောက်ရှိလာခဲ့သည်..။ တိုက်စစ်မှူး ဝါရှင်တန် မှာ တောင်အမေရိကပြိုင်ပွဲများတွင် ဆန်းတို့စ်အသင်းနှင့်အတူ‌ ခြေစွမ်းပြနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ အသင်းဖော် အန်ဂျလို ဂါဘရီယယ်လ် နှင့်အတူ ရောက်ရှိလာခဲ့သည်..။

ဘရာဇီးလ် လူငယ်တိုက်စစ်မှူးမှာ တိုက်စစ်တွင် နေရာစုံ ကစားနိုင်သော်လည်း အထောင်တိုက်စစ်မှူးအဖြစ် အများဆုံး ကစားလေ့ရှိပါသည်..။

ဒီဗစ် ဝါရှင်တန် မှာ ဇာတိ‌မြေ ဂရီမီယိုအသင်းတွင် ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဆန်းတို့စ်အသင်းသို့ ရောက်ရှိခဲ့သည်..။ လူငယ်အဆင့်ပြိုင်ပွဲများတွင် ဂိုးသွင်းစွမ်းရည် ပြသနိုင်ခဲ့သောကြောင့် ဆန်းတို့စ်အသင်းကြီးသို့ ခေါ်ဆောင်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် အသင်းကြီးနှင့်အတူ စတင်ပါဝင်ခွင့်ရရှိခဲ့သည်..။ ဆန်းတို့စ်အသင်းအတွက် သူ၏ပထမဆုံးဂိုးကို ဘာဟီးယားအသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် သွင်းယူပေးနိုင်ခဲ့သည်..။