ကစားသည့်နေရာ : Goalkeeper
အသက် : 23 years (16 April, 2002)
မွေးဖွားရာဒေသ : Lomma, Sweden
အရပ်အမြင့် : 1.90 m (6ft 4in)
ကိုယ်ရေးအကျဉ်း
=====
အသက် (၂၂) နှစ်အရွယ်ရှိ ဒိန်းမတ်လူငယ်ဂိုးသမား ဂျော်ဂျင်ဆင် မှာ ချယ်လ်ဆီးအသင်းသို့ (၇) နှစ်သက်တမ်းစာချုပ်ဖြင့် ရောက်ရှိလာခဲ့သည်..။
ဆွီဒင်နိုင်ငံတွင် မွေးဖွားခဲ့သည့် ဂျော်ဂျင်ဆင် မှာ အသက် (၁၅) နှစ်အရွယ်တွင် ဗီလာရီးရဲလ်အသင်း လူငယ် အကယ်ဒမီသို့ ရောက်ရှိခဲ့သည်..။ လူငယ်အကယ်ဒမီ အသင်းနှင့် (၃) နှစ်အကြာတွင် ဗီလာရီးရဲလ် (B) အသင်းသို့ ရောက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလက SCR Pena Deportiva အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ပထမဆုံးအကြိမ် အသင်းကြီးပွဲထွက်ခွင့် ရရှိခဲ့သည်..။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက Atletico Sanluqueno အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဗီလာရီးရဲလ် အသင်းနှင့် စတင်ကစားခွင့်ရခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဗီလာရီးရဲလ်အသင်း၏ နံပါတ်တစ် ဂိုးသမားအဖြစ် နေရာရလာခဲ့သည်..။ ၂၂၀၂၃/၂၄ ဘောလုံးရာသီတွင် ဗီလာရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၇) ပွဲ ကစားခွင့်ရခဲ့ပြီး စပိန်လာလီဂါပြိုင်ပွဲတွင် အဆင့် (၈) နေရာရရှိအောင် ကူညီပေးနိုင်ခဲ့သည်..။
ဂျော်ဂျင်ဆင် မှာ Servette အသင်းနှင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ကွန်ဖရင့်စ်လိဂ် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ကစားခွင့်ရခဲ့သည်..။ အဆိုပါပွဲတွင် လက်စွမ်းပြနိုင်ခဲ့သောကြောင့် ချယ်လ်ဆီးပရိသတ်များက ရွေးချယ်ခဲ့သည့် ‘ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု’ ရရှိခဲ့ပါသည်..။
ထို့နောက် ဟိုက်ဒန်ဟိမ်း အသင်းနှင့် ကွန်ဖရင့်စ်လိဂ် အဝေးကွင်းပွဲစဉ်တွင် အရေးပါသော ကာကွယ်မှုများစွာကို ပြုလုပ်နိုင်ခဲ့ပြီးနောက် ဂျော်ဂျန်ဆန် မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအစောပိုင်းတွင် ဆောက်သမ်တန် အသင်းအား ၅ဂိုး- ၁ဂိုးဖြင့် အနိုင်ရခဲ့သောပွဲစဉ်၌ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ရရှိခဲ့သည်။ ဒီဇင်ဘာလနှောင်းပိုင်း အစ်ပ်စ်ဝစ်ခ်ျ အသင်းကို ရှုံးနိမ့်ခဲ့သောပွဲ၌ သူ၏ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရရှိခဲ့သည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၄) ပွဲဆက်တိုက် ကစားခဲ့ရသည်။ မတ်လအစောပိုင်းတွင် ကိုပင်ဟေဂင် အသင်းနှင့် ကွန်ဖရင့်စ်လိဂ် ပြိုင်ပွဲ၌ ရောဘတ် ဆန်းချက်ဇ် က ပထမအကျော့ပွဲစဉ်တွင် ကစားခဲ့သော်လည်း ဒုတိယအကျော့ပွဲစဉ်တွင် ဂျော်ဂျင်ဆင် ကစားခွင့်ရခဲ့သည်..။ ပိုလန်နိုင်ငံတွင် ရီးယဲလ် ဘက်တစ်စ် အသင်းအား ၄ဂိုး -၁ဂိုးဖြင့် အနိုင်ရခဲ့သော ဗိုလ်လုပွဲအပါအဝင် ကွန်ဖရင့်စ်လိဂ် ပြိုင်ပွဲ၏ လက်ကျန်ပွဲစဉ်အားလုံး၌ ပါဝင်ကစားခဲ့ရသည်။ ထို့အပြင် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ES Tunis အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော အုပ်စုအဆင့် တတိယမြောက်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး clean sheet ရယူနိုင်ခဲ့သည်...။
ဖိလစ် ဂျော်ဂျင်ဆင် မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် UEFA ကွန်ဖရင့်စ်လိဂ် ဗိုလ်လုပွဲစဉ်များ၌ ဒိန်းမတ်အသင်းကြီးအတွက် ရွေးချယ်ခံခဲ့ရပြီး မြောက်အိုင်ယာလန်အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ပွဲထွက်ခွင့်ရရှိခဲ့သည်..။