4 Tosin Adarabioyo

ကစားသည့်နေရာ : Centre-back

အသက် : 28 years (24 September, 1997)

မွေးဖွားရာဒေသ : London, England

အရပ်အမြင့် : 1.97 m (6ft 5in)

ကိုယ်ရေးအကျဉ်း
======

အသက် (၂၆) နှစ်အရွယ် နောက်ခံလူမှာ လန်ဒန်မြို့ခံပြိုင်ဘက် ဖူးလ်ဟမ်းအသင်းမှတဆင့် ရောက်ရှိလာခဲ့ပြီး အသင်းနှင့် လေးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်..။ တိုဆင် အဒါယာဘိုင်ယိုရို မှာ လန်ဒန်မြို့တွင် မွေးဖွားခဲ့သူ ဖြစ်သော်လည်း မန်ချက်စတာမြို့တွင် ကြီးပြင်းလာခဲ့ပြီး မန်ချက်စတာ စီးတီးအသင်းနှင့် ကစးသမားဘဝကို စတင်ခဲ့သည်..။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ချယ်လ်ဆီးအသင်းနဲ့ စတန်းဖို့ဒ် ဘရစ်ချ်တွင် ရင်ဆိုင်ခဲ့သည့်ပွဲစဉ်၌ ပထမဆုံး ကစားခွင့် ရရှိခဲ့ပြီး မန်ချက်စတာ စီးတီးအသင်း၏ FA ဖလားပြိုင်ပွဲများတွင် (၇) ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့သည်..။ ထို့နောက်ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဝက်စ်ဘရွန်းအသင်း၊ ဘလက်ဘန်းအသင်းများသို့ အဌားသွားရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင် ဖူးလ်ဟမ်းအသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့သည်..။

တိုဆင် မှာ ဖူးလ်ဟမ်းအသင်းနှင့် ပထမဆုံးရာသီတွင် (၃၃) ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဒုတိယရာသီတွင် ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းဆင်းသွားခဲ့ရသည့် ဖူးလ်ဟမ်းအသင်းနှင့်အတူ (၄၄) ပွဲကစားခဲ့ရသည်..။ ဖူးလ်ဟမ်းအသင်းမှာ အဆိုပါဘောလုံးရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ပြန်လည်ရရှိခဲ့ပြီး တိုဆင် မှာ အရေးပါသည့် ကစားသမားတစ်ယောက်အဖြစ် ပါဝင်ခဲ့သည်..။

ချယ်လ်ဆီးအသင်းသို့ မပြောင်းရွှေ့မီ ဖူးလ်ဟမ်းအသင်းနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် နှစ်ရာသီ ကစားပေးခဲ့ပြီး စုစုပေါင်း (၄၆) ပွဲကစားပေးခဲ့သည်..။



အပြာရောင်များအတွက် သူ၏ပထမဆုံးပါဝင်ကစားခွင့်မှာ ဆွစ်ဇာလန်လိဂ်မှ Servette အသင်းနှင့် ကွန်ဖရင့်လိဂ် ပွဲစဉ်များတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ဘုန်းမောက်အသင်းနှင့်ပွဲတွင် လူစားဝင်ရောက်ကစားရင်း သူ၏အသင်းသစ်အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲကစားခွင့်ရခဲ့သည်..။ ထို့နောက်ဝက်စ်ဟမ်းနှင့် အဝေးကွင်းပွဲစဉ်တွင် နောက်ထပ်တစ်ကြိမ် ပွဲထွက်ကစားခွင့်ရခဲ့သည်။ ထိုပွဲနှစ်ပွဲစလုံးတွင် ချယ်လ်ဆီးအသင်းမှာ ပေးဂိုးမပေးရှိပဲ အနိုင်ရရှိခဲ့သည်။ ချယ်လ်ဆီးအသင်းအတွက် သူ၏ပထမဆုံးသွင်းဂိုးကို နိုဝင်ဘာလတွင် နိုအာအသင်းအား အိမ်ကွင်း၌ ၈ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ကွန်ဖရင့်လိဂ် စံချိန်တင်ပွဲတွင် ခေါင်းတိုက်၍ သွင်းယူပေးနိုင်ခဲ့သည်။

ဒီဇင်ဘာလတွင် ဝက်စ်လေ ဖိုဖာနာ ဒဏ်ရာရရှိခဲ့ချိန်၌ တိုဆင်သည် ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရသည်။

ဇန်နဝါရီလ အစောပိုင်းတွင် ကျင်းပသော FA ဖလားပွဲတွင် တိုစင်သည် သူ၏ ဂိုးသွင်းစွမ်းရည် ကောင်းမွန်မှုကို ပြသနိုင်ခဲ့သည်။ မော်ရာကမ်ဘီအသင်းကို ၅ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ရရှိခဲ့သော သွင်ဂိုးနှစ်ဂိုးစလုံးကို ပင်နယ်တီဧရိယာ အပြင်ဘက်မှ ကန်သွင်းရယူပေးခဲ့သည်။



ထို့နောက် ဝုလ်ဗ်အသင်းနှင့်ပွဲတွင် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ချယ်လ်ဆီးအတွက် သူ၏ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုး ရရှိခဲ့သည်။ အသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါခဲ့သည့် ပွဲစဉ်များဖြစ်သော မန်ချက်စတာ ယူနိုက်တက်၊  နော်တင်ဟမ်ဖောရက်စ် အသင်းများကို အနိုင်ရရှိခဲ့သော ရာသီနောက်ဆုံးပိတ် ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရသည်။

တိုဆင် မှာ ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်အားလုံးတွင် ရွေးချယ်ခံခဲ့ရသော်လည်း ရီးရဲလ် ဘက်တစ်အသင်းနှင့် ဗိုလ်လုပွဲတွင် အရန်ကစားသမားအဖြစ်နှင့်သာ ပါဝင်ခဲ့ရသည်။ FIFA ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီအထိ ပွဲပေါင်း (၃၇) ပွဲ ကစားခဲ့ပြီး ပွဲ (၃၀) ကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရသည်။ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လော့စ် အိန်းဂျယ်လိစ် FC အသင်းနှင့်အဖွင့်ပွဲစဉ်၌ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်..။ ES Tunis အသင်းနှင့် တတိယပွဲစဉ်တွင် ခေါင်းတိုက်သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့သည်..။ တိုဆင် မှာ အဆိုပါပြိုင်ပွဲတွင် (၄) ပွဲ ပါဝင်ကစားခဲ့ရပြီး ဖလူမင်နက်စီ အသင်းနှင့် အကြိုဗိုလ်လုပွဲစဉ်၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး clean sheet ရခဲ့သည်..။