40 Renato Veiga

ကစားသည့်နေရာ : Defender/midfielder

အသက် : 21 years (29 July, 2003)

မွေးဖွားရာဒေသ : Lisbon, Portugal

အရပ်အမြင့် : 1.90m (6ft 3in)

ကိုယ်ရေးအကျဉ်း
======

ရီနာတို ဗီယေဂါ မှာ ကွင်းလယ်နှင့် နောက်တန်းတွင် အစွန်လူနေရာ သာမက ဗဟိုနောက်ခံလူ နေရာ၌ပါ ကစားပေးနိုင်သူဖြစ်သည်..။ ချယ်လ်ဆီးအသင်းမှာ အသက် (၂၀) နှစ်အရွယ် ပေါ်တူဂီနောက်ခံလူအား ဆွစ်ဇာလန်လိဂ် ပြိုင်ပွဲဝင် FC ဘေဆယ်လ်အသင်းမှ ခေါ်ယူခဲ့ပြီး ကစားသမားနှင့် (၇) နှစ်သက်တမ်း စာချုပ် (+ တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် အပါအဝင်ဖြင့်) ခေါ်ယူခဲ့သည်..။

နောက်ခံလူ ဗီယေဂါ မှာ လူငယ်ကစားသမားဘဝကို စပိုးတင်း လစ္စဘွန်းအသင်း လူငယ်အကယ်ဒမီတွင် ဖြတ်သန်းခဲ့ပြီး စပိုးတင်း ( B ) အသင်းအတွက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ကစားခွင့် ရခဲ့သည်..။ ထိုမှတဆင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ အပြောင်းအရွှေ့တွင် ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် အော့စ်ဘတ် အသင်းသို့ အဌားသွားရောက်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် (၁၃) ပွဲ ကစားခွင့် ရခဲ့သည်..။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် FC ဘေဆယ်လ်အသင်းသို့ အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့သည်..။ ဗီယေဂါ မှာ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပြီး ပြိုင်ပွဲစုံ (၂၆) ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့သည်..။  

ရီနာတို ဗီယေဂါ မှာ ပေါ်တူဂီလူငယ် (အသက် ၂၁ နှစ်အောက်) အသင်း၏ ဥရောပလူငယ် (အသက် ၂၁ နှစ်အောက်) တံခွန်စိုက် ချန်ပီယံရှစ်ပြိုင်ပွဲ၊ ခြေစစ်ပွဲစဉ် (၇) ပွဲစလုံးတွင် ပါဝင်ခွင့်ရခဲ့ပြီး ပေါ်တူဂီလက်ရွေးစင် အသင်းကြီးအတွက် ပထမဆုံးခေါ်ယူမှုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ UEFA Nations League ပြိုင်ပွဲ ယှဉ်ပြိုင်မည့်အသင်းနှင့်အတူ ရရှိခဲ့သည်..။