ကစားသည့်နေရာ : Midfielder
အသက် : 26 years (6 September, 1998)
မွေးဖွားရာဒေသ : Shepshed, England
အရပ်အမြင့် : 1.78m (5ft 10in)
ကိုယ်ရေးအကျဉ်း
=======
ချယ်လ်ဆီးအသင်းမှာ လက်စ်တာအသင်းမှ အင်္ဂလန်လူမျိုး ကွင်းလယ် ကစားသမား ကီယာနန် ဒူးစ်ဘယ်ရီ-ဟောလ် အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် (၅) နှစ်သက်တမ်းစာချုပ်(+ တစ်နှစ်သက်တမ်း ထပ်မံတိုးခွင့် အပါအဝင်ဖြင့်) ခေါ်ယူနိုင်ခဲ့သည်..။
ဒူးစ်ဘာရီ-ဟောလ် မှာ လက်စ်တာအသင်းသို့ အသက် (၅) နှစ်အရွယ်မှ စတင်ရောက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ဘရန့်တ်ဖို့ဒ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် FA ဖလားပွဲစဉ်တွင် ပထမဆုံးအကြိမ် အသင်းကြီး ပွဲကစားခွင့် ရရှိခဲ့သည်..။ ထို့နောက် League One ပြိုင်ပွဲဝင် ဘလက်ပူးလ်အသင်းသို့ ရောက်ရှိခဲ့ပြီး (၁၀) ပွဲကစား၊ (၄) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။
၂၀၂၁/၂၁ ဘောလုံးရာသီတွင် ချန်ပီယံရှစ်ပြိုင်ပွဲဝင် လူတန် တောင်းအသင်းသို့ အဌားသွားရောက်ခဲ့ရာတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပွဲပေါင်း (၄၀) အထိ ကစားခွင့် ရခဲ့သည်…။ ထို့ကြောင့် ၂၀၂၁/၂၂ ဘောလုံးရာသီတွင် လက်စ်တာ အသင်း၏ အဓိကကစားသမား တစ်ယောက် ဖြစ်လာခဲ့ပြီး ပွဲပေါင်း (၄၄) ပွဲ ကစားခွင့်ရခဲ့သလို UEFA ကွန်ဖရင့်လိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးအသင်း (UEFA Conference League Team of the Season) တွင် ရွေးချယ်ခံရခဲ့သည်အထိ ခြေစွမ်းပြနိုင်ခဲ့သည်..။
၂၀၂၂/၂၃ ဘောလုံးရာသီတွင် လက်စ်တာအသင်းအတွက် (၃၄) ပွဲကစားခွင့်ရခဲ့ပြီး ၂၀၂၃/၂၄ ဘောလုံးရာသီတွင် နည်းပြအင်ဇို မာရက်စ်ကာ နှင့်အတူ ချန်ပီယံရှစ်ပြိုင်ပွဲဝင် လက်စ်တာ အသင်းနှင့် ပြိုင်ပွဲစုံ (၄၉) ပွဲကစား၊ (၁၂) ဂိုးသွင်းယူပေးခဲ့သည်..။ ထို့အပြင် လက်စ်တာအသင်းနှင့်အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲသို့ ပြန်လည်တန်းတက်နိုင်ခဲ့ပြီး ဒူးစ်ဘာရီ-ဟောလ် မှာ ‘ပရိသတ်များက ချီးမြှင့်သည့် လက်စ်တာအသင်း၏ အကောင်းဆုံး ကစားသမားဆု (Supporters’ Player of the Season)’ နှင့် ‘အသင်းဖော်များက ချီးမြှင့်သည့် အကောင်းဆုံး ကစားသမားဆု (Players’ Player of the Season)’ များ ဆွတ်ခူးနိုင်ခဲ့သည်..။ ဒူးစ်ဘာရီ-ဟောလ် မှာ အဆိုပါဘောလုံးရာသီတွင် ချန်ပီယံရှစ် ပြိုင်ပွဲ၏ အကောင်းဆုံးအသင်း (Team of the Season) တွင်လည်း ရွေးချယ်ခံခဲ့ရသည်..။