31 Cesare Casadei

ကစားသည့်နေရာ : Midfielder

အသက် : 21 years (10 January, 2003)

မွေးဖွားရာဒေသ : Ravenna, Italy

အရပ်အမြင့် : 1.86m (6ft 1in)

ကိုယ်ရေးအကျဉ်း
======

အီတလီနိုင်ငံ၏ အနာဂတ်တွင် ထွန်းတောက်မည့် လူငယ်ကွင်းလယ် ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည့် ဆီဇာရီ ကာဆာဒီ မှာ အင်တာ မီလန်အသင်းမှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် (၆) နှစ်သက်တမ်း စာချုပ်ချုပ်နိုင်ခဲ့သည်..။ အသင်းကို‌ရောက်လာချိန်တွင် လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းနှင့် စတင်ကစားခဲ့ရပြီး ပြိုင်ပွဲအတွေ့အကြုံအတွက် ချန်ပီယံရှစ်ပြိုင်ပွဲသို့ အဌားသွားရောက်ခဲ့သည်..။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရက်ဒင်းအသင်းသို့ အဌားသွားရောက်ခဲ့ပြီး ဘလက်ဘန်းအသင်းနှင့် ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် တစ်ဂိုးသွင်းနိုင်ခဲ့သလို (၁၅) ပွဲ ကစားခွင့်ရရှိခဲ့သည်..။ ၂၀၂၃/၂၄ ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်သည့်အနေဖြင့် အမေရိကန် ပြည်ထောင်စုသို့ ခရီးထွက်ရာတွင် လိုက်ပါသွားခဲ့ပြီးနောက် ချန်ပီယံရှစ်ပြိုင်ပွဲဝင် လက်စ်တာ အသင်းသို့ အဌားသွားရောက်ခဲ့သည်..။

လက်စ်တာအသင်းနှင့် စတင်ပွဲကစားခွင့် ရရှိခဲ့သည့် ကာဒစ်ဖ်အသင်းနှင့်ပွဲတွင် အဖွင့်ဂိုး ရရှိခဲ့သလို ဆန်းဒါးလန်းအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခံခဲ့ရသည်..။ လက်စ်တာအသင်းနှင့် ပထမရာသီဝက်တွင် (၂၅) ပွဲကစားခွင့်ရရှိခဲ့ပြီး ပွဲထွက်ကစားသမားအဖြစ် (၈) ပွဲကစားခွင့်ရခဲ့သည်..။ ကာဆာဒီ မှာ လက်စ်တာအသင်းအတွက် (၃) ဂိုးသွင်းပေးနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ချယ်လ်ဆီးအသင်းသို့ ပြန်လည်ခေါ်ယူခဲ့သည်..။

ချယ်လ်ဆီးအသင်းနှင့် ပထမဆုံး ပွဲကစားခွင့်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်၌ စတင်ရရှိခဲ့သည်..။ အီတလီလူငယ် ကွင်းလယ် ကစားသမားမှာ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် လူစားဝင် ကစားသမားအဖြစ် (၁၁) ကြိမ် ပါဝင်ခွင့်ရရှိခဲ့သည်..။