ကစားသည့်နေရာ : Forward
အသက် : 24 years (25 March, 2000)
မွေးဖွားရာဒေသ : London, England
အရပ်အမြင့် : 1.80m (5ft 11in)
ကိုယ်ရေးအကျဉ်း
========
ချယ်လ်ဆီးအသင်းမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်တွင် အင်္ဂလန်လက်ရွေးစင် တောင်ပံ ကစားသမားဟောင်း ဂျေဒွန် ဆန်ချို အား မန်ချက်စတာ ယူနိုက်တက်အသင်းမှ အဌားခေါ်ယူခဲ့သည်..။ အသက် (၂၄) နှစ်အရွယ် တောင်ပံကစားသမား၏ အဌားစာချုပ်တွင် ရာသီကုန်ချိန်၌ အပြီးသတ်ခေါ်ယူနိုင်ခွင့် ထည့်သွင်းချုပ်ဆိုခဲ့သည်..။
ငယ်စဉ်ကတည်းက ချယ်လ်ဆီးအသင်း ပရိသတ်ဖြစ်သော ဂျေဒွန် မှာ ဝက်ဒ်ဖို့ဒ် အသင်းတွင် ကစားသမားဘဝကို စတင်ခဲ့ပြီး မန်ချက်စတာ စီးတီးလူငယ်အသင်းသို့ အသက် (၁၄) နှစ်အရွယ်တွင် ရောက်ရှိခဲ့သည်..။ မန်ချက်စတာ စီးတီး လူငယ်အသင်းတွင် သုံးနှစ်ကစားခဲ့ပြီး ဘိုရုရှား ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ကာ ဥရောပဘောလုံးလောက၏ အထွန်းတောက်ဆုံး လူငယ်ကြယ်ပွင့် တောင်ပံ ကစားသမား တစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့သည်..။
ဒေါ့မွန်အသင်းနှင့် ဘောလုံးရာသီ လေးရာသီအတွင်း (၁၃၇) ပွဲကစားခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ဂျာမန် စူပါဖလား နှင့် ၂၀၂၁ ခုနှစ်တွင် DFB-Pokal ဖလားများကို ဆွတ်ခူးနိုင်ခဲ့သည်..။ ၂၀၂၁ ခုနှစ်နွေရာသီကာလ၊ အင်္ဂလန်နိုင်ငံတွင် ကျင်းပသော ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးတွင် မန်ချက်စတာ ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် သွင်းယူပေးခဲ့သော ချေပဂိုးအပါအဝင် မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် (၃၈) ပွဲအတွင်း (၅) ဂိုး သွင်းယူပေးနိုင်ခဲ့သည်.။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် ဒေါ့မွန်အသင်းသို့ နောက်ထပ်တစ်ကြိမ် အဌားထွက်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ ရောက်ရှိစေရန် အဓိကကစားသမား တစ်ယောက်အဖြစ် ကူညီပေးနိုင်ခဲ့သည်..။
ဆန်ချို မှာ အင်္ဂလန်လူငယ်အသင်း အဆင့်ဆင့်တွင် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင် အင်္ဂလန်လက်ရွေးစင် အသင်းကြီးအတွက် ရွေးချယ်ခံခဲ့ရသည်..။ ဒေါ့မွန်အသင်းတွင် ရှိနေစဉ်အတွင်း အင်္ဂလန်အသင်းအတွက် (၁၈) ပွဲကစားခွင့်ရခဲ့သည့်အပြင် ၂၀၂၁ ခုနှစ်တွင် ကျင်းပသော ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ရွေးချယ်ခံခဲ့ရသည်..။