ကစားသည့်နေရာ : Striker
အသက် : 19 years (4 January, 2006)
မွေးဖွားရာဒေသ : Granollers, Spain
အရပ်အမြင့် : 1.87 m (6ft 2in)
ကိုယ်ရေးအကျဉ်း
========
မာ့စ် ဂီယူ မှာ စပိန်လာလီဂါ ပြိုင်ပွဲဝင် ဘာစီလိုနာအသင်းမှ ချယ်လ်ဆီးအသင်းသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁) ရက်နေ့တွင် ရောက်ရှိခဲ့သည်..။ အသက် (၁၈) နှစ်အရွယ် လူငယ်တိုက်စစ်မှူးမှာ အသင်းနှင့် (၅) နှစ်သက်တမ်းစာချုပ် (+ တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် အပါအဝင်ဖြင့်) သဘောတူညီနိုင်ခဲ့ခြင်းဖြစ်သည်..။
စပိန်လူငယ် တိုက်စစ်မှူးမှာ ၂၀၂၄/၂၅ ဘောလုံးရာသီ အဖွင့်ပွဲစဉ်ဖြစ်သော မန်ချက်စတာ စီးတီးအသင်းနှင့်ပွဲစဉ် ဒုတိယပိုင်းတွင် လူစားဝင်ကစားသမားအဖြစ် ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့သည်..။
မာ့စ် ဂီယူ မှာ ဘာစီလိုနာ လူငယ်အကယ်ဒမီတွင် ကြီးပြင်းလာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နွေရာသီတွင် ရာသီကြိုခြေစမ်းပွဲဖြစ်သော Vissel Kobe အသင်းနှင့်ပွဲတွင် ဘာစီလိုနာအသင်းကြီးနှင့် စတင်ပါဝင်ခွင့်ရခဲ့သည်..။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဂရန်နာဒါ အသင်းနှင့်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် လာလီဂါပြိုင်ပွဲ ကစားခွင့်ရခဲ့ပြီး အက်တလက်တီကို ဘီလ်ဘာအို အသင်းနှင့်ပွဲစဉ်တွင် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့သည်..။
တိုက်စစ်မှူး ဂီယူ မှာ လူစားဝင်ခွင့် စတင်ရရှိခဲ့ပြီး ခုနှစ်မိနစ်အကြာမှာပင် အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။ ၂၀၂၃/၂၄ ဘောလုံးရာသီကုန်ချိန်တွင် ဘာစီလိုနာအသင်းအတွက် (၇) ပွဲ ကစားခွင့်ရခဲ့ပြီး Royal Antwerp အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပထမဆုံး ချန်ပီယံလိဂ်သွင်းဂိုး ရရှိခဲ့သည်..။
မာ့စ် ဂီယူ မှာ ၂၀၂၄/၂၅ ဘောလုံးရာသီ၊ ပထမဆုံးပွဲစဉ်အဖြစ် မန်ချက်စတာ စီးတီးအသင်းနှင့် စတန်းဖို့ဒ် ဘရစ်ချ်တွင် ယှဉ်ပြိုင်ခဲ့သောပွဲစဉ်၊ ဒုတိယပိုင်းတွင် ချယ်လ်ဆီးအသင်းနှင့် စတင်ကစားခွင့်ရရှိခဲ့သည်..။ ထို့နောက် UEFA ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ play-off ပွဲစဉ်အဖြစ် ဆာဗက်တေး အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့သည်..။
ချယ်လ်ဆီးအသင်းအတွက် သူ၏ပထမဆုံး သွင်းဂိုးများကို နိုအာ အသင်း၊ အက်စ်တာနာ အသင်းတို့နှင့် ကွန်ဖရင့်စ်လိဂ်ပွဲစဉ်များတွင် ရရှိခဲ့သည်..။ ရှမ်းမ်ရော့ခ် ရိုဗားစ်အသင်းနှင့် ပွဲစဉ်တွင် သူ၏ပထမဆုံး hattrick ကို ပထမပိုင်းတွင် သုံးဂိုးဆက်တိုက် သွင်းယူပေးခဲ့ပြီး အသင်း၏သမိုင်းတစ်လျှောက် ဒုတိယမြောက် အသက်အငယ်ဆုံး hattrick ရရှိခဲ့သည့် ကစားသမားအဖြစ် (၁၈) နှစ်၊ (၃၅၀) ရက်ဖြင့် စံချိန်မှတ်တမ်းတင်နိုင်ခဲ့သည်..။
သို့သော် ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ ရှုံးထွက်ပွဲစဉ်များ စတင်ချိန်တွင် ဒဏ်ရာရရှိခဲ့သောကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေ..။ မာ့စ် ဂီယူ မှာ ပိုလန်နိုင်ငံတွင် ရီးရဲလ် ဘက်တစ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လုပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပြန်လည်ပါဝင်နိုင်ခဲ့သည်..။
အမေရိကန် ပြည်ထောင်စုတွင် ကျင်းပခဲ့သည့် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၂) ပွဲကစားခွင့် ရရှိခဲ့ပြီး ၂၀၂၅/၂၆ ဘောလုံးရာသီ စတင်ချိန်တွင် ဆန်းဒါးလန်းအသင်းသို့ အဌားချထားခဲ့သည်…။ သို့သော် တိုက်စစ်မှူး လီယန် ဒီလပ် ၏ ဒဏ်ရာကြောင့် အသင်းသို့ ပြန်လည်ခေါ်ယူခဲ့သည်..။