39 Mathis Amougou

ကစားသည့်နေရာ : Midfielder

အသက် : 19 years (18 January, 2006)

မွေးဖွားရာဒေသ : Le Blanc-Mesnil, France

အရပ်အမြင့် : 1.77m (5ft 10in)

ကိုယ်ရေးအကျဉ်း
======

မက်သစ် အမ်မိုဂူး မှာ ၂၀၂၄/၂၅ ဘောလုံးရာသီ ဇန်နဝါရီ အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်တွင် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် စိန့် အက်တီယန်းန် အသင်းမှ ရောက်ရှိလာခဲ့သည်။ အသက် (၁၉) နှစ်အရွယ် ပြင်သစ်လူငယ် ကွင်းလယ်ကစားသမားမှာ ချယ်လ်ဆီးအသင်းနှင့် ရှစ်နှစ်သက်တမ်းစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့သည်။

အမ်မိုဂူး မှာ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် စိန့် အက်တီယန်းန် အသင်းနှင့် ပထမဆုံး ပွဲကစားခွင့်ကို Nimes အသင်းနှင့် ပြင်သစ်ဖလားပွဲစဉ်တွင် စတင်ရရှိခဲ့သည်။ ထို့အပြင်အမ်မိုဂူး မှာ လီဂူး (၂) ပြိုင်ပွဲတွင် ရောက်ရှိနေသည့် စိန့် အက်တီယန်းန် အသင်းအား လီဂူး (၁) ပြိုင်ပွဲသို့ တန်းတက်ခွင့် ရရှိအောင် ကူညီပေးနိုင်ခဲ့သည်။

၂၀၂၄/၂၅ ဘောလုံးရာသီ အစောပိုင်းတွင် သူသည် စိန့် အက်တီယန်းန် အသင်း၏ ကွင်းလယ်တွင် ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ချိန်အထိ လီဂူး (၁) ပြိုင်ပွဲတွင် (၁၇) ပွဲကစားခွင့်ရခဲ့သည်။