ကစားသည့်နေရာ : Forward
အသက် : 19 years (4 February, 2006)
မွေးဖွားရာဒေသ : London, England
အရပ်အမြင့် : 1.85m (6ft 1in)
ကိုယ်ရေးအကျဉ်း
======
တိုင်ရစ်ခ် ဂျော့ချ် မှာ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီသို့ အသက် (၈) နှစ်အောက် အသင်းနင့်အတူ ရောက်ရှိလာခဲ့သည်...။ ဂျော့ချ် မှာ လျှင်မြန်မှုနှင့် ဘောလုံးအလိမ်အလှည့် ကောင်းမွန်ပြီး ဘယ်တောင်ပံတွင် အများဆုံး နေရာယူလေ့ ရှိသည်..။ ထို့အပြင် တိုက်စစ်အားသန်သည့် ကွင်းလယ် ကစားသမားအဖြစ် တာဝန်ယူ ကစားနိုင်စွမ်းရှိသူဖြစ်သည်..။
တိုင်ရစ်ခ် ဂျော့ချ် သည် ၂၀၂၂/၂၃ ရာသီတွင် ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်း၏ အရေးပါသော ကစားသမား တစ်ယောက်အဖြစ် ပါဝင်ခဲ့ရပြီး ရာသီတစ်လျှောက်လုံး အက်ဒ် ဘရန်း နှင့် ဟာဆန် ဆူလီမန် တို့၏အသင်းတွင် ပုံမှန်ပါဝင်ကစားခဲ့သည်။ အဆိုပါဘောလုံးရာသီတွင် ပြိုင်ပွဲစုံ (၂၈) ပွဲကစားခွင့်ရခဲ့ပြီး (၁၈) ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရသည်။ ဂျော့ချ် မှာ လူငယ်ပရီးမီးယားလိဂ် ချန်ပီယံရရှိခဲ့သည့် လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းနှင့် အသက် (၂၁) နှစ်အောက် အသင်းများနှင့် ကစားခဲ့သည့် ပွဲစဉ်များတွင် စွဲမက်ဖွယ်ရာသွင်းဂိုးများကို သွင်းယူပေးခဲ့သည်။
ထို့အပြင်အဆိုပါဘောလုံးရာသီအတွင်း သွင်းဂိုး (၂၀) ရရှိခဲ့ပြီး အသက် (၂၁) နှစ်အောက်အသင်းအတွက် သွင်းယူပေးခဲ့သောဂိုး (၈) ဂိုး ပါဝင်ခဲ့သည်။ ရာသီကုန်ချိန်တွင် အသင်းကြီးအသင်းအတွက် လူစားဝင်ကစားသမားအဖြစ် (၃) ကြိမ် ပါဝင်ခွင့်ရခဲ့ပြီး ၂၀၂၄ ခုနှစ် နွေရာသီတွင် အမေရိကန်ပြည်ထောင်စုသို့ ကြိုတင်ရာသီခရီးစဉ်အတွက် သွားရောက်ခဲ့ရသည်။
၂၀၂၄/၂၅ ရာသီတွင် လူကြီးအသင်း၏ အဖွဲ့ဝင်အဖြစ် ပါဝင်နေစဉ်၊ ကျွန်ုပ်တို့၏ Under-21s အသင်းအတွက် George သည် Premier League Cup အသင်းလိုက်အဆင့်တွင် Brentford နှင့်ကစားရာတွင် ဟက်ထရစ်ဂိုးသွင်းယူခဲ့ပြီး၊ Motspur Park တွင် Fulham ကို ၆-၀ ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးတစ်ဂိုးထပ်မံသွင်းယူခဲ့သည်။
၂၀၂၄/၂၅ ရာသီအစောပိုင်းတွင် အသင်းကြီးနှင့် ပထမဆုံးပွဲကစားခွင့် စတင်ရရှိခဲ့ပြီးနောက် လူငယ်အကယ်ဒမီမှ အချိန်ပြည့်အသင်းကြီး ကစားသမားအဖြစ် ပြောင်းလဲ၊ သတ်မှတ်ခံခဲ့ရသည်။ တိုင်ရစ်ခ် ဂျော့ချ် သည် UEFA ကွန်ဖရင့်စ်လိဂ်ပွဲစဉ်၊ play-off ပွဲစဉ်အဖြစ် ဆာဗက်တေး အသင်းနှင့် ဆွစ်ဇာလန်နိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် အဝေးကွင်းပွဲစဉ် ဒုတိယပိုင်းတွင် အသင်းကြီးနှင့် ပထမဆုံး ပွဲကစားခွင့် ရရှိခဲ့သည်။ ထို့နောက် ဂျန့်ချ်အသင်းနှင့် ကွန်ဖရင့်စ်လိဂ်ပွဲစဉ်၊ ဘာရိုးအသင်းနှင့် Carabao ဖလားပွဲစဉ်များတွင် လူစားဝင် ကစားသမားအဖြစ် ထပ်မံပါဝင်ခွင့် ရရှိခဲ့သည်။ ထို့အပြင် အင်္ဂလန်လူငယ် (အသက် ၁၉ နှစ်အောက်) အသင်းအတွက်လည်း ပါဝင်ကစားခွင့် ရရှိခဲ့သည်။
ချယ်လ်ဆီးအသင်းကြီးနှင့် ပထမဆုံး ပွဲထွက်ခွင့်ကို နိုအာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ကွန်ဖရင့်စ်လိဂ် ပွဲစဉ်တွင် စတင်ရရှိခဲ့သည်။ ထို့နောက် ဟိုင်ဒမ်ဟိမ်းပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ထပ်မံပါဝင်ခွင့် ရရှိခဲ့ပြီး ကာဇက်စ်တန်နိုင်ငံတွင် အက်စ်တာနာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ပွဲချိန်ပြည့် ကစားခွင့် ရရှိခဲ့သည်။ ထို့နောက်ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ရှမ်းမ်ရော့ခ် ရိုဗားစ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင်လည်း ပွဲချိန်ပြည့်ပါဝင်ခွင့် ရခဲ့ပြန်သည်။
ဂျော့ချ် သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ချယ်လ်ဆီးအသင်းကြီး ကစားသမားအဖြစ် အတည်ပြု၊ သတ်မှတ်ခံခဲ့ရသည်။ ဇန်နဝါရီလတွင် မိုရာကမ်ဘီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် FA ဖလားပြိုင်ပွဲတွင် တိုဆင် အဒါယာဘိုင်ယိုရို နှင့် ဂျာအို ဖဲလစ် တို့၏ အဝေးကန်ချက် သွင်းဂိုးများအတွက် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးခဲ့ပြီး သူ၏ပထမဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ဂိုးဖန်တီးမှုကို ဖေဖော်ဝါရီလတွင် မာ့စ် ကူကူရယ်လာ ၏ သွင်းဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့သည်..။
၂၀၂၅ ခုနှစ်၊ ဧပြီလ၊ လီဂီယာ ဝါဆောအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် UEFA ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်တွင် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကြီးအတွက် ပထမဆုံးသွင်းဂိုး ရရှိခဲ့သည်..။ သူ၏ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို ဖူးလ်ဟမ်းအသင်းအား သွင်းယူပေးခဲ့သော အရေးပါခဲ့သည့် ချေပဂိုးဖြင့် ရရှိခဲ့သည်..။
တိုင်ရစ်ခ် ဂျော့ချ် မှာ ၂၀၂၄/၂၅ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ ‘အကောင်းဆုံး လူငယ် အကယ်ဒမီ ကစားသမားဆု’ ကို ရရှိခဲ့သည်..။ သူ၏ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ပွဲပယ်ပြစ်ဒဏ် ကျခံနေရသည့် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် အစား ပါဝင်၊ ပွဲထွက်ခွင့်ရခဲ့သည်..။ ထို့အပြင် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း လူစားဝင် ကစားသမားအဖြစ် (၂) ပွဲကစားခွင်ံရခဲ့သည်..။