ကစားသည့်နေရာ : Defender
အသက် : 19 years (29 April, 2005)
မွေးဖွားရာဒေသ : Bernardo Larroude, Argentina
အရပ်အမြင့် : 1.86m (6ft 1in)
ကိုယ်ရေးအကျဉ်း
======
ချယ်လ်ဆီးအသင်းမှာ အာဂျင်တီးနား လူငယ်နောက်ခံလူ အေရွန် အင်ဆယ်လ်မီနို အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် (၇) နှစ်သက်တမ်းရှိ စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည်..။ အင်ဆယ်လ်မီနိုသည် အသက် (၁၂) နှစ်အရွယ်တွင် ဘိုကာ ဂျူနီယာအသင်းသို့ မရောက်ရှိမှီ Juventud Unida..၊ Sportivo Realico လူငယ်အသင်းများနှင့် ဖြတ်သန်းခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင် ဘိုကာအသင်းနှင့် ကစားသမားဘဝ ပထမဆုံးစာချုပ် လက်မှတ်ရေးထိုးနိင်ခဲ့ပြီး ထိုနေ့တွင်ပင် Lanus နှင့် ယှဉ်ပြိုသည့်ပွဲစဉ်၌ ပထမဆုံး စတင်ကစားခွင့် ရရှိခဲ့သည်။
လူငယ်နောက်ခံလူ အင်ဆယ်လ်မီနို သည် ဘိုကာအသင်းအတွက် နောက်ထပ် (၉) ပွဲထပ်မံကစားခွင့်ရခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလတွင် သူ၏ပထမဆုံးသွင်းဂိုးကို Copa Sudamericana ဖလားပြိုင်ပွဲ၊ အုပ်စုအဆင့်ပွဲစဉ်အဖြစ် Trinidense နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
အင်ဆယ်လ်မီနို မှာ ချယ်လ်ဆီးအသင်းနှင့် စာချုပ်လက်မှတ် ရေးထိုးပြီးနောက် ဘိုကာ ဂျူနီယာအသင်းသို့ အဌားစာချုပ်ဖြင့် မွေးရပ်မြေ အာဂျင်တီးနားသို့ ပြန်လာခဲ့ပြီး သူ၏တိုးတက်မှုအတွက် ဆက်လက်ကြိုစားခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ၊ ဆန် လိုရန်ဇို အသင်းအား ၃ဂိုး-၂ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ အစောပိုင်း Copa Sudamericana ပွဲစဉ်တွင် အနိုင်ဂိုးသွင်းယူပြီးနောက် ကိုပါ အာဂျင်းတီးနား ဖလားပွဲစဉ်အဖြစ် Gimnasia အသင်းနှင့်ယှဉ်ပြိုင်ရာတွင် အဖွင့်ဂိုးကို ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့သည်..။ အဆိုပါပွဲစဉ်တွင် ဘိုကာ ဂျူနီယာအသင်းသည် ပင်နယ်တီအဆုံးအဖြတ်၌ အနိုင်ရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဘိုကာအသင်းနှင့် (၁၈) ပွဲ ကစားခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းသို့ ပြန်လာခဲ့သည်။