44 Gaga Slonina

ကစားသည့်နေရာ : Goalkeeper

အသက် : 21 years (15 May, 2004)

မွေးဖွားရာဒေသ : Illinois, USA

အရပ်အမြင့် : 1.93 m (6 ft 4in)

ကိုယ်ရေးအကျဉ်း
==========

အသက် (၁၈) နှစ်သားအရွယ် ဂိုးသမား ဂါဘရီယယ် စလိုနီးနား မှာ ချယ်လ်ဆီးအသင်းသို့ အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲဝင် ချီကာဂို ဖိုင်းယား အသင်းမှ ခြောက်နှစ်သက်တမ်းစာချုပ်ဖြင့် ရောက်ရှိလာခဲ့သည်..။ သို့သော်အသင်းဟောင်း ချီကာဂို ဖိုင်းယားအသင်းသို့ ပြန်လည်အဌားချခဲ့ရသောကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလရောက်ချိန်မှသာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်..။

ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာပြီး ၂၀၂၂/၂၃ ဘောလုံးရာသီတွင် နည်းပြမာ့ခ် ရော်ဘင်ဆင် ၏ လူငယ်အကယ်ဒမီ (အသက် ၂၁ နှစ်အောက်) အသင်း၌ လက်စွမ်းပြနိုင်ခဲ့သည်..။ ထို့နောက် ဘယ်လ်ဂျီယမ်လိဂ် နှင့် အင်္ဂလန်လိဂ်ဝမ်း ပြိုင်ပွဲဝင်အသင်းများသို့ အဌားထွက်ခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိခဲ့သည်..။

ဆလိုနီးနား မှာ ချီကာဂိုအသင်း၏ အသက်အငယ်ဆုံး ခေါ်ယူမှုအဖြစ် ၂၀၁၉ ခုနှစ်တွင် အသက် (၁၄) နှစ်အရွယ်တွင် ရောက်ရှိလာခဲ့သည်..။ ထို့နောက် မေဂျာလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသမားအဖြစ် အသက် (၁၇) နှစ်၊ (၈၁) ရက်ဖြင့် ပွဲထွက်ခွင့်ရခဲ့သည်..။ ထို့အပြင် နယူးယော့ခ် စီးတီးအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် မေဂျာလိဂ် ပြိုင်ပွဲ၏ clean sheet အများဆုံး စံချိန်ကို (၁၆) ပွဲဆက်တိုက် ပေးဂိုးမရှိ စွမ်းဆောင်ပြီး မှတ်တမ်းဝင်နိုင်ခဲ့သည်..။ ချယ်လ်ဆီးအသင်းသို့ မပြောင်းရွှေ့မီ ချီကာဂိုအသင်းအတွက် (၄၃) ပွဲ ကစားပေးခဲ့သည်..။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဘယ်လ်ဂျီယမ်လိဂ်ပြိုင်ပွဲဝင် K.A.S Eupen အသင်းသို့ အဌားသွားရောက်ခဲ့ပြီး ပွဲထွက်ဂိုးသမားအဖြစ် တာဝန်ယူခွင့်ရခဲ့သည်..။ အဆိုပါ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် (၃၄) ပွဲကစား၊ clean sheet (၅) ကြိမ် ရရှိခဲ့သည်..။

၂၀၂၄/၂၅ ဘောလုံးရာသီတွင် လိဂ်ဝမ်းပြိုင်ပွဲဝင် ဘန်စ်လေ အသင်းသို့ အဌားသွားရောက်ခဲ့သည်..။ ဝီဂန်အသင်းနှင့် Carabao ဖလားပွဲစဉ်တွင် ပင်နယ်တီနှစ်ဂိုး ကာကွယ်နိုင်ခဲ့ပြီး ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခံခဲ့ရသည်..။ ထို့နောက်လင်ကွန်းအသင်းအား အနိုင်ရရှိသော ပွဲစဉ်တွင်လည်း အကောင်းဆုံး ကစားသမားဆု ထပ်မံရရှိခဲ့သည်..။

စလိုနီးနား မှာ ဘန်လေအသင်းနှင့် လက်စွမ်းပြနိုင်ခဲ့သော်လည်း အောက်တိုဘာလကုန်ပိုင်းတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်..။ အမေရိကန် လူငယ်ဂိုးသမားမှာ ဘန်လေအသင်းတွင် (၁၄) ပွဲ ပါဝင်ကစားခွင့်ရခဲ့သည်..။ 

ဂါဘရီယယ် ဆလိုနီးနား မှာ အမေရိကန်ပြည်ထောင်စု လက်ရွေးစင်အသင်းကြီးအတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ဘော့စ်နီးယား - ဟာဇီဂိုဗီးနားအသင်းနှင့် ခြေစမ်းပွဲစဉ်တွင် ခေါ်ယူခြင်းခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ဆားဗီးယားအသင်းနှင့် ခြေစမ်းပွဲစဉ်တွင် အမေရိကန် လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး အမေရိကန် ပြည်ထောင်စုအသင်း၏ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်…။