21 Jorrel Hato

ကစားသည့်နေရာ : Defender

အသက် : 19 years (7 March, 2006)

မွေးဖွားရာဒေသ : Rotterdam, Netherlands

အရပ်အမြင့် : 1.82 m (6ft)

ကိုယ်ရေးအကျဉ်း
========

ဂျိုရယ်လ် ဟာတို မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ချယ်လ်ဆီးအသင်းသို့ ၂၀၂၃၂ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းဖြင့် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်..။ အိုင်းယက်စ် အသင်းတွင် ဗဟိုနောက်ခံလူ နေရာအပြင် ဘယ်နောက်ခံလူအဖြစ်ပါ ကစားပေးနိုင်သူဖြစ်သည်..။ ဟာတို မှာ ဘောလုံးဖျက်ထုတ်ရာတွင် သပ်ရပ်၊ ကောင်းမွန်ပြီး ဘောလုံးနှင့်အတူ တိုက်စစ်ကို လိုက်ပါနိုင်စွမ်းရှိသူလည်း ဖြစ်သည်..။ 

အသက် (၁၇) နှစ်အရွယ်မှာပင် အိုင်းယက်စ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူ ဟော်လန်နောက်ခံလူမှာ စပါတာ ရော့တာဒမ်အသင်းမှ အိုင်းယက်စ်အသင်း လူငယ်အကယ်ဒမီသို့ ၂၀၁၈ ခုနှစ်တွင် ရောက်ရှိလာခဲ့သည်..။ အသက် (၁၆) နှစ်အရွယ်မှာပင် အိုင်းယက်စ်အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အိုင်းယက်စ်အသင်းနှင့်အတူ ဟော်လန်လိဂ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ရခဲ့သည်..။

ဟာတို မှာ အိုင်းယက်စ်အသင်း၏ သမိုင်းတစ်လျှောက် တတိယမြောက် အသက်အငယ်ဆုံး အသင်းကြီးကစားခွင့် ရခဲ့သူဖြစ်ပြီး အဆိုပါဘောလုံးရာသီ၏ နောက်ဆုံးပွဲစဉ်ဖြစ်သော ဒတ်ချ်ဖလား၊ ဗိုလ်လုပွဲတွင် ပါဝင်ကစားခွင့်ရခဲ့သည်..။

၂၀၂၃/၂၄ ဘောလုံးရာသီမှစတင်ပြီး အိုင်းယက်စ်အသင်းတွင် ပုံမှန်ကစားခွင့်ရရှိခဲ့သည်..။ 

ဂျိုရယ်လ် ဟာတို မှာ ဥရောပလူငယ် (အသက် ၂၁ နှစ်အောက်) ပြိုင်ပွဲဝင် ဟော်လန်လူငယ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသလို ဟော်လန်လက်ရွေးစင် အသင်းကြီးအတွက် အသက် (၁၇) နှစ်အရွယ်တွင် စတင်ပွဲထွက်ခွင့်ရခဲ့သည်..။