ကစားသည့်နေရာ : Midfielder
အသက် : 20 years (14 March, 2005)
မွေးဖွားရာဒေသ : Lisbon, Portugal
အရပ်အမြင့် : 1.80 m (5ft 11in)
ကိုယ်ရေးအကျဉ်း
===========
ဒါရီယို အက်ဆူဂို မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် စပိုးတင်း လစ္စဘွန်းအသင်းမှ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်..။ အသင်းနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ပြီးခဲ့သည့်ရာသီတွင် စပိန်လာလီဂါ ပြိုင်ပွဲဝင် လာ့စ် ပါးလ်မက်စ်အသင်းသို့ အဌားသွားရောက်ခဲ့သည်..။
၂၀၂၅ ခုနှစ်တွင် ကျင်းပသော FIFA ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လော့စ် အိန်းဂျယ်လိစ် အသင်းနှင့် အဖွင့်ပွဲစဉ်၌ လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခဲ့ပြီး အဆိုပါပြိုင်ပွဲအတွင်း နောက်ထပ်နှစ်ပွဲ ကစားခွင့် ရခဲ့သည်..။ သို့သော် ပေါ်တူဂီလူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် သွားရောက်စဉ် ပေါင်ကြွက်သား ဒဏ်ရာရရှိခဲ့သောကြောင့် ခွဲစိတ်ကုသမှု ခံယူနေရသည်..။
အက်ဆူဂို မှာ စပိုးတင်း လစ္စဘွန်း လူငယ်အကယ်ဒမီတွင် ကြီးပြင်းလာခဲ့ပြီး အသက် (၁၆) နှစ်၊ (၆) ရက်သားတွင် အသင်းကြီးကစားခွင့် စတင်ရရှိခဲ့သည်..။ ၂၀၀၁ ခုနှစ်၊ မတ်လတွင် Vitoria de Guimaraes အသင်းနှင့်ပွဲစဉ်၌ စတင်ကစားခွင့် ရခဲ့ခြင်းဖြစ်ပြီး စပိုးတင်အသင်း၏ အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရခဲ့သည့် ကစားသမားအဖြစ် လူးဝစ် ဖီဂို ၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်..။
၂၀၂၃/၂၄ ဘောလုံးရာသီ၊ ဒုတိယရာသီဝက်တွင် ပေါ်တူဂီလိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်းဖြစ်သော Chaves အသင်းသို့ အဌားသွားရောက်ခဲ့ပြီး ထိုမှတဆင့် လာ့စ် ပါးလ်မက်စ် အသင်းသို့ ရောက်ရှိခဲ့သည်..။ အက်ဆူဂို မှာ စပိန်လာလီဂါပြိုင်ပွဲတွင် (၂၇) ပွဲကစား၊ (၁) ဂိုး သွင်းယူပေးနိင်ခဲ့သည်..။