ကစားသည့်နေရာ : Striker
အသက် : 22 years (16 June, 2025)
မွေးဖွားရာဒေသ : Winchester, England
အရပ်အမြင့် : 1.87 m (6ft 2in)
ကိုယ်ရေးအကျဉ်း
==========
လီယန် ဒီလပ် မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လဆန်းတွင် အစ်ပ်ဝစ်ချ်အသင်းမှ ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်..။ အင်္ဂလန်လူငယ် တိုက်စစ်မှူးမှာ ပြီးခဲ့သည့်ရာသီတွင် အစ်ပ်ဝစ်ချ်အသင်းအတွက် (၃၇) ပွဲကစား၊ (၁၂) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်၏ ရာသီအလိုက် အကောင်းဆုံး လူငယ်ကစားသမားဆု ဆန်ကာတင် ကစားသမားစာရင်းတွင် ပါဝင်ခဲ့သည်..။
ဒါဘီ ကောင်တီ လူငယ် အကယ်ဒမီထွက် တိုက်စစ်မှူး ဒီလပ် မှာ မန်ချက်စတာ စီးတီးလူငယ် အကယ်ဒမီသို့ ၂၀၁၉ ခုနှစ်တွင် ရောက်ရှိလာပြီး လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းမှတဆင့် နည်းပြအင်ဇို မာရက်စ်ကာ တာဝန်ယူနေသည့် အရန်အသင်း (Elite Development Sqaud) သို့ ရောက်ရှိလာခဲ့သည်..။ အဆိုပါရာသီ ပရီးမီးယားလိဂ် (၂) ပြိုင်ပွဲတွင် ကစားပွဲ (၂၀) အတွင်း (၂၄) ဂိုး သွင်းယူပေးနိုင်ခဲ့ကာ လက်စ်တာ အသင်းနှင့် ယှဉ်ပြိုင်ရသည့် Carabao ဖလားပြိုင်ပွဲတွင် မန်ချက်စတာ စီးတီးအသင်းကြီးအတွက် ကစားခွင့်ရခဲ့သည်..။
၂၀၂၁/၂၂ ဘောလုံးရာသီတွင် ချန်ပီယံရှစ်ပြိုင်ပွဲဝင် စတုတ် စီးတီး၊ ပရက်စ်တန် အသင်းများသို့ အဌားထွက်ခဲ့ပြီး ၂၀၂၃/၂၄ ဘောလုံးရာသီတွင် ဟူးလ် စီးတီးအသင်းနှင့် (၈) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။ ထို့နောက် ပရီးမီးယားလိဂ် တန်းတက် အစ်ပ်ဝစ်ချ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။
လီယန် ဒီလပ် မှာ ၂၀၂၆ ခုနှစ်၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း၏ ပွဲဦးထွက် ပွဲစဉ်ဖြစ်သော လော့စ် အိန်းဂျယ်လိစ် အသင်းနှင့်ပွဲတွင် ချယ်လ်ဆီးအသင်းအတွက် စတင်ကစားခွင့်ရခဲ့သည်..။ အဆိုပါပွဲစဉ်တွင် အင်ဇို ဖာနန်ဒက်စ် ၏ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး ES Tunis အသင်းနှင့်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။
ဒီလပ် မှာ ရှုံးထွက်အဆင့် ပွဲစဉ်များတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး ပီအက်စ်ဂျီအသင်းနှင့် ဗိုလ်လုပွဲစဉ်တွင် ဒုတိယပိုင်း၌ လူစားဝင် ကစားခွင့်ရခဲ့သည်..။ သို့သော် ၂၀၂၅/၂၆ ဘောလုံးရာသီ စတင်ပြီး တတိယမြောက် ပွဲစဉ်တွင် ပေါင်ကြွက်သား ဒဏ်ရာကြောင့် အနားယူနေရပါသည်…။