ကစားသည့်နေရာ : Forward
အသက် : 24 years (26 September, 2001)
မွေးဖွားရာဒေသ : Ribeirao Preto, Brazil
အရပ်အမြင့် : 1.82 m (6ft)
ကိုယ်ရေးအကျဉ်း
==========
ဂျာအို ပီဒရို မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လဆန်းတွင် ဘရိုက်တန်အသင်းမှ ရောက်ရှိလာခဲ့သည်..။ တိုက်စစ်တွင် နေရာစုံကစားပေးနိုင်သည့် ဘရာဇီးလ် ကစားသမားမှာ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိပြီး ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက် (၃) ပွဲကစားခွင့် ရရှိထားပါသည်…။
တိုက်စစ်မှူး ပီဒရို မှာ ချယ်လ်ဆီးအသင်းနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုပြီး ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် အသင်းနှင့် ချက်ချင်းပူးပေါင်းခဲ့သည်..။ ပါးလ်မီးရက်စ် အသင်းအား အနိုင်ရရှိခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ချယ်လ်ဆီးအသင်းနှင့် ပထမဆုံး ကစားခွင့်ရခဲ့သည်..။
ဖလူမင်နက်စီအသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းနှင့် ဗိုလ်လုပွဲတွင်လည်း တတိယအနိုင်ဂိုးကို သွင်းယူပေးကာ ခြေစွမ်းပြခဲ့သည်..။
၂၀၂၅/၂၆ ဘောလုံးရာသီ စတင်ချိန်တွင် ချယ်လ်ဆီးအသင်း၏ ရာသီအစ ဒုတိယမြောက်နှင့် တတိယမြောက် ပွဲစဉ်များဖြစ်သော ဝက်စ်ဟမ်း၊ ဖူးလ်ဟမ်းအသင်းများကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်များတွင် ထောင့်ကန်ဘောများကို ခေါင်းတိုက်ပြီး ဂိုးများရရှိခဲ့သည်..။ ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွက် ပရီးမီးယားလိဂ်၏ တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်..။
ဂျာအို ပီဒရို မှာ ဖလူမင်နက်စီအသင်း လူငယ်အကယ်ဒမီတွင် ကြီးပြင်းလာခဲ့ပြီး ငယ်စဉ်ကပင် သူ၏ဘောလုံးကျွမ်းကျင်မှုနှင့် ဂိုးလာဘ်ရှိမှုတို့အပေါ် အများက သတိပြုမိခဲ့ကြသည်..။ အင်္ဂလန်ဘောလုံးလောကသို့ မရောက်ရှိလာမီ ဖလူမင်နက်စီအသင်းအတွက် (၃၆) ပွဲကစား၊ (၁၀) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။
ဝက်ဒ်ဖို့ဒ်အသင်းသို့ စတင်ရောက်ရှိခဲ့ပြီး ဘောလုံးရာသီ၊ လေးရာသီအတွင်း (၁၀၉) ပွဲကစား၊ (၂၄) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။ ပီဒရို မှာ အသက် (၂၂) နှစ်အရွယ်မှာပင် ဝက်ဒ်ဖို့ဒ်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့သည်..။
၂၀၂၃ ခုနှစ်တွင် ဘရိုက်တန်အသင်းသို့ ရောက်ရှိလာပြီး ပထမဆုံးပွဲစဉ်မှာပင် ချက်ချင်းအထိုင်ကျခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် (၁၉) ဂိုး သွင်းယူပေးခဲ့ပြီး ဘရိုက်တန်အသင်း၏ ဂိုးအများဆုံး သွင်းယူပေးနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်..။