ကစားသည့်နေရာ : Forward
အသက် : 24 years (26 September, 2001)
မွေးဖွားရာဒေသ : Ribeirao Preto, Brazil
အရပ်အမြင့် : 1.82 m (6ft)
ကိုယ်ရေးအကျဉ်း
==========
ဂျာအို ပီဒရို မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လဆန်းတွင် ဘရိုက်တန်အသင်းမှ ရောက်ရှိလာခဲ့သည်..။ တိုက်စစ်တွင် နေရာစုံကစားပေးနိုင်သည့် ဘရာဇီးလ် ကစားသမားမှာ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိပြီး ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက် (၃) ပွဲကစားခွင့် ရရှိထားပါသည်…။ ဂျာအို ပီဒရို မှာ ဖလူမင်နက်စီအသင်း လူငယ်အကယ်ဒမီတွင် ကြီးပြင်းလာခဲ့ပြီး ငယ်စဉ်ကပင် သူ၏ဘောလုံးကျွမ်းကျင်မှုနှင့် ဂိုးလာဘ်ရှိမှုတို့အပေါ် အများက သတိပြုမိခဲ့ကြသည်..။ အင်္ဂလန်ဘောလုံးလောကသို့ မရောက်ရှိလာမီ ဖလူမင်နက်စီအသင်းအတွက် (၃၆) ပွဲကစား၊ (၁၀) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။ ဝက်ဒ်ဖို့ဒ်အသင်းသို့ စတင်ရောက်ရှိခဲ့ပြီး ဘောလုံးရာသီ၊ လေးရာသီအတွင်း (၁၀၉) ပွဲကစား၊ (၂၄) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။ ပီဒရို မှာ အသက် (၂၂) နှစ်အရွယ်မှာပင် ဝက်ဒ်ဖို့ဒ်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့သည်..။
၂၀၂၃ ခုနှစ်တွင် ဘရိုက်တန်အသင်းသို့ ရောက်ရှိလာပြီး ပထမဆုံးပွဲစဉ်မှာပင် ချက်ချင်းအထိုင်ကျခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် (၁၉) ဂိုး သွင်းယူပေးခဲ့ပြီး ဘရိုက်တန်အသင်း၏ ဂိုးအများဆုံး သွင်းယူပေးနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်..။ တိုက်စစ်မှူး ပီဒရို မှာ ချယ်လ်ဆီးအသင်းနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုပြီး ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် အသင်းနှင့် ချက်ချင်းပူးပေါင်းခဲ့သည်..။ ပါးလ်မီးရက်စ် အသင်းအား အနိုင်ရရှိခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ချယ်လ်ဆီးအသင်းနှင့် ပထမဆုံး ကစားခွင့်ရခဲ့သည်..။
ပီဒရို သည် ချယ်လ်ဆီးအသင်း ကစားသမားဘဝသည် လျှင်လျှင်မြန်မြန်နှင့် အစကောင်းခဲ့သည်။ နောက်တစ်ဆင့်ဖြစ်သော ဖလူမီနက်စီအသင်းကို ၂ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် နှစ်ဂိုးစလုံးကို သွင်းယူခဲ့ပြီး ဗိုလ်လုပွဲ၌ ပီအက်စ်ဂျီအသင်းကို ၃ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင်လည်း တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သည်။ ဂျာအို ပီဒရို သည် ၂၀၂၅/၂၆ ပရီးမီးယားလိဂ် ရာသီ၏ ဒုတိယမြောက်နှင့် တတိယမြောက် ပွဲစဉ်များဖြစ်သော ဝက်စ်ဟမ်း၊ ဖူးလ်ဟမ်းတို့နှင့် လန်ဒန်ဒါဘီ အနိုင်ပွဲစဉ်များတွင် ဆက်တိုက်ဂိုးများ သွင်းယူပေးခဲ့သည်။
ထို့နောက်နောက်ထပ် ဂိုးထပ်မံရရှိရန် (၂) လခန့် စောင့်ဆိုင်းခဲ့ရပြီး (ထိုကာလအတွင်း ဘရန့်တ်ဖို့ဒ်နှင့်ပွဲ၌ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ခဲ့သလို ဘင်ဖီကာနှင့် အိမ်ကွင်းပွဲစဉ်၌ အနီကတ် ထိခဲ့ရသည်) နောက်ထပ်သွင်းဂိုးကို လန်ဒန်ဒါဘီ ပွဲစဉ်တစ်ပွဲဖြစ်သည့် စပါးအသင်းအား အဝေးကွင်း၌ ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ရရှိခဲ့သည်။ နောက်ထပ် (၂) ပွဲအကြာ ဝုလ်ဖ်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် ထပ်မံဂိုး သွင်းယူခဲ့ပြီးနောက် ထိုဘရာဇီးလ် တိုက်စစ်မှူးမှာ အတ္တလန်တာအသင်းကို အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် သူ၏ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုး ရရှိခဲ့သည်။

ဆောင်းရာသီ အလယ်ပိုင်းကာလများတွင် ဂျာအို ပီဒရို ၏ ဂိုးသွင်းနှုန်း မြင့်တက်လာခဲ့ပြီး ဘရန့်တန်ဖို့ဒ်နှင့် အိမ်ကွင်း အနိုင်ပွဲ အပါအဝင် (၃) ပွဲဆက်တိုက် ဂိုးများ သွင်းယူနိုင်ခဲ့သည်။ အဆိုပါပွဲများထဲတွင် နာပိုလီအသင်း၏ အဝေးကွင်း၌ ဖိအားများသည့်အခြေအနေတွင် ၂ - ၁ ဖြင့် ရှုံးနိမ့်နေရာမှ ၃ - ၂ ဖြင့် အနိုင်ရအောင် ပြောင်းလဲပေးနိုင်ခဲ့သည့် သွင်းဂိုး (၂) ဂိုး ပါဝင်ခဲ့သည်။
ထို့နောက် (၃) ရက်အကြာ ဝက်စ်ဟမ်းအသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်..။ ပီဒရို မှာ ဆက်လက်ခြေစွမ်းပြခဲ့ပြီး လိဒ်၊ ဘန်လေအသင်းများနှင့် ပွဲစဉ်များတွင် ဆက်လက်ဂိုးများ ရရှိခဲ့ပြီး မတ်လအစောပိုင်း အက်စ်တွန် ဗီလာကို အဝေးကွင်း၌ ၄ဂိုး -၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင်မူ ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံး ဟက်ထရစ် (Hat-trick) ကို သွင်းယူနိုင်ခဲ့သည်..။ အဆိုပါ ဟက်ထရစ်မှာ ပရီးမီးယားလိဂ်တွင် သူ၏ပထမဆုံး ဟက်ထရစ်လည်း ဖြစ်ခဲ့သည်။
ထို့နောက် ဝရက်ခ်စ်ဟမ်း၊ ပေါ့တ်ဗေးလ်အသင်းတို့နှင့် FA ဖလား ပွဲစဉ်များတွင် ဂိုးများ ဆက်တိုက် ရရှိခဲ့ပြီး ဝင်ဘလေကွင်းကြီး၌ မန်ချက်စတာ စီးတီးကို ရှုံးနိမ့်ခဲ့သည့် ဗိုလ်လုပွဲတွင် ပွဲထွက်ခွင့်ရခဲ့သည်။ ပီဒရို မှာ နော့တင်ဟမ် ဖောရက်စ်နှင့် မေလအစောပိုင်းက ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် မြေမကျကန်ချက် (Overhead kick) ဖြင့် သွင်းယူခဲ့သည့်ဂိုးမှာ ချယ်လ်ဆီးအသင်း၏ ‘တစ်နှစ်တာ အကောင်းဆုံးဂိုးဆု (Goal of the Season)’ ကို ဆွတ်ခူးနိုင်ခဲ့သည်..။ ဘရာဇီးလ် တိုက်စစ်မှူးမှာ ၂၀၂၅/၂၆ ဘောလုံးရာသီတွင် သွင်းဂိုး (၂၀) ရရှိခဲ့ပြီး ပရိသတ်များ၏ မဲပေးမှုဖြင့် ချယ်လ်ဆီး အမျိုးသားအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (Player of the Season) ကို ဆွတ်ခူးခဲ့သည်။ ထို့အပြင် ပရီးမီးယားလိဂ်မှ ပထမဆုံးအကြိမ် ပေးအပ်သည့် ‘တစ်နှစ်တာ အကောင်းဆုံး ခေါ်ယူမှုဆု (Transfer of the Season award)’ အတွက် ဆန်ကာတင်စာရင်း၌ ပါဝင်ခဲ့သည်။

ဂျာအို ပီဒရို မှာ ချယ်လ်ဆီးအသင်းနှင့် ပထမဆုံးဘောလုံးရာသီတွင် ပွဲထွက် (၄၂) ပွဲ၊ လူစားဝင် (၈) ပွဲ၊ စုစုပေါင်းသွင်းဂိုး (၂၀) ဖြင့် အသင်း၏ ဂိုးအများဆုံး သွင်းယူသူ ဖြစ်လာခဲ့သည်။
အိုလံပစ်ပြိုင်ပွဲဝင် ဘရာဇီးလ် (အသက် (၂၃) နှစ်အောက်) အသင်းတွင် ပါဝင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ကိုလံဘီယာနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယပိုင်းတွင် လူစားဝင်ကစားသမားအဖြစ် ဘရာဇီးလ် စီနီယာအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့် စတင်ရရှိခဲ့သည်။
ချယ်လ်ဆီးအသင်းသို့ မရောက်မီ ကိုလံဘီယာနှင့် အခြားပွဲစဉ်တစ်ခု၌ ပထမဆုံးပွဲထွက်ခွင့် အပါအဝင် နိုင်ငံအသင်းအတွက် (၂) ပွဲ ပါဝင်ကစားခဲ့ပြီး ချယ်လ်ဆီးအသင်း နည်းပြဟောင်း ကာလို အန်ဆယ်လော့တီ လက်ထက်တွင်လည်း နိုင်ငံအသင်း၌ ဆက်လက် ရွေးချယ်ခံခဲ့ရသည်။