40 Facundo Buonanotte

ကစားသည့်နေရာ : Attacking midfielder/winger

အသက် : 20 years (23 December, 2004)

မွေးဖွားရာဒေသ : Santa Fe, Argentina

အရပ်အမြင့် : 1.76 m (5 ft 9 in)

ကိုယ်ရေးအကျဉ်း
==========

ဖာကန်ဒို ဘူနာနော့တေး မှာ ၂၀၂၅ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်တွင် ဘရိုက်တန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ အဌားစာချုပ်ဖြင့် ရောက်ရှိလာခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ ပြိုင်ပွဲစုံ ယှဉ်ပြိုင်နေရခြင်း ဖြစ်သောကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်ပေးရန် အာဂျင်တီးနား တိုက်စစ်အားသန် ကွင်းလယ် ကစားသမားအား ခေါ်ယူခဲ့ခြင်းဖြစ်သည်..။

ချယ်လ်ဆီးအသင်းသို့ရောက်ရှိပြီး ဘရန့်တ်ဖို့ဒ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်၊ ပထမပိုင်း၌ စတင်ပွဲထွက်ခွင့် ရရှိခဲ့သည်..။ အသင်းအတွက် ပထမဆုံးဂိုးကို လင်ကွန်း စီးတီးအသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် Carabao ဖလားပြိုင်ပွဲတွင် ရရှိခဲ့သည်..။ 

အသက် (၂၀) နှစ်အရွယ်ရှိ တိုက်စစ်အားသန် ကွင်းလယ် ကစားသမားမှာ အာဂျင်တီးနားလိဂ်ပြိုင်ပွဲဝင် Rosario Central အသင်းတွင် ကစားသမားဘဝကို စတင်ခဲ့ပြီး အသင်းကြီးပွဲထွက်ခွင့်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရရှိခဲ့သည်..။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ Rosario အသင်းတွက် (၃၂) ပွဲကစား၊ (၄) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဘရိုက်တန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။

ဘရိုက်တန်အသင်းနှင့် (၁၈) လကာလအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀) ကစားပေးခဲ့ပြီး (၅) ဂိုးသွင်းယူ ပေးနိုင်ခဲ့သည်..။ ဘိုနာနော့တေး မှာ ‘No. 10’ နေရာတွင်သာမက တောင်ပံများတွင် ကစားပေးနိုင်သူဖြစ်ပြီး ၂၀၂၄/၂၅ ဘောလုံးရာသီတွင် လက်စ်တာ အသင်းသို့ အဌားသွားရောက်ခဲ့သည်..။ လက်စ်တာ အသင်းတွင် (၃၅) ပွဲ ကစားပေးခဲ့ပြီး (၆) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။

ဖာကန်ဒို ဘိုနာနော့တေး မှာ အာဂျင်တီးနား လက်ရွေးစင် အသင်းကြီးအတွက် ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားအသင်းအား ၂ဂိုး- ဂိုးမရှီဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် စတင်ရွေးချယ်ခံခဲ့ရသည်..။ ထို့နောက် အယ်လ်ဆားဗေးဒိုးအသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် ဒုတိယအကြိမ်မြောက် ပွဲထွက်ခွင့် ရရှိခဲ့သည်..။