41 Estevao Willian

ကစားသည့်နေရာ : Forward

အသက် : 18 years (24 April, 2007)

မွေးဖွားရာဒေသ : Franca, Brazil

အရပ်အမြင့် : 1.78 m (5ft 10in)

ကိုယ်ရေးအကျဉ်း
==========

အက်စ်တီဗာအို ဝီလီယံ မှာ လွန်ခဲ့သည့်တစ်နှစ်က ဘရာဇီးလ်လိဂ်ပြိုင်ပွဲဝင် ပါးလ်မီးရက်စ် အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကြေငြာခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နွေရာသီတွင် အသင်းသို့ ရောက်ရှိလာခဲ့သည်..။

ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ မရောက်ရှိလာမီ သူ၏ဘောလုံးပညာ ကျွမ်းကျင်မှုနှင့် လျှင်မြန်မှုတို့ကြောင့် တောင်အမေရိကတိုက်၏ ထွန်းတောက်မည့် ကြယ်ပွင့်သစ်အဖြစ် ရေပန်းစား၊ ထင်ကြေးပေးခံခဲ့ရသည်..။ အက်စ်တီဗာအို မှာ ပါးလ်မီးရက်စ် အသင်းအတွက် ၂၀၂၃ ခုနှစ်တွင် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ထိုစဉ်က အသက် (၁၆) နှစ်အရွယ်သာ ရှိသေးသည်..။ အဆိုပါဘောလုံးရာသီတွင် ဘရာဇီးလ် Series A ပြိုင်ပွဲ၌ (၃၁) ပွဲကစား၊ (၁၃) ဂိုးသွင်း၊ (၉) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်..။ ထို့အပြင် ကိုပါဘရာဇီးလ်ဖလား ဗိုလ်လုပွဲတွင်လည်း ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။

တောင်အမေရိကတိုက်၏ ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်သော ၂၀၂၅ ခုနှစ်၊ Copa Libertadores ပြိုင်ပွဲတွင် (၅) ပွဲကစား၊ (၄) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပါးလ်မီးရက်စ်အသင်းနှင့်အတူ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားခွင့် ရရှိခဲ့သည်…။ အဆိုပါပြိုင်ပွဲတွင် ပွဲစဉ်တိုင်းပါဝင် ကစားခွင့်ရခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ကွာတားဖိုင်နယ် ပွဲစဉ်တွင် လှလှပပဂိုးသွင်းယူပေးခဲ့သည်..။

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းသို့ ရောက်ရှိပြီး ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် ရာသီအဖွင့်ပွဲစဉ်တွင် ဒုတိယပိုင်း၌ လူစားဝင် ကစားခွင့်ရခဲ့သည်..။ ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်တွင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေစဉ် ကိုးလ် ပါးမား ဒဏ်ရာရခဲ့သောကြောင့် သူ၏အစား ပွဲထွက်ခဲ့ရပြီး အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့သည်..။ သူ၏အမှားမှတဆင့် ဝက်စ်ဟမ်းအသင်းကို ဦးဆောင်ဂိုးပေးလိုက်ရသော်လည်း အင်ဇို ဖာနန်ဒက်စ် သွင်းယူခဲ့သော တတိယဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့သည်..။ အဆိုပါဂိုးဖန်တီးပေးမှုမှာ ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးဖန်တီးရှင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။

အက်စ်တီဗာမို မှာ ဘရာဇီးလ်လူငယ် (အသက် ၁၇ နှစ်အောက်) အသင်းမှတဆင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်မည့် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံခဲ့ရသည်..။ အဆိုပါကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် စတင်ကစားခွင့် ရရှိခဲ့ပြီး အီကွေဒေါအသင်းနှင့် ပြန်လည်ရင်ဆိုင်ခဲ့ရသည့်ပွဲစဉ်တွင် ဘရာဇီးလ် အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရရှိခဲ့သည်..။ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာချိန်တွင် ဘရာဇီးလ်အသင်းအတွက် (၅) ပွဲ ကစားပေးခဲ့ပြီးဖြစ်သည်..။

ဘရာဇီးလ်အသင်းအတွက် သူ၏ပထမဆုံးသွင်းဂိုးကို ချီလီအသင်းအား အနိုင်ရရှိခဲ့သည့် ၂၀၂၆ ခုနှစ်၊ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် နောက်ပြန်ကန်ချက်ဖြင့် သွင်းယူပေးခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဂန္ထဝင်ကစားသမားကြီး ပီလီနောက်ပိုင်း ဘရာဇီးလ်အသင်းအတွက် ပြိုင်ပွဲကြီးများတွင် အသက်အငယ်ဆုံး ဂိုးသွင်းပေးနိုင်ခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။