49 Alejandro Garnacho

ကစားသည့်နေရာ : Winger

အသက် : 21 years (1 July, 2004)

မွေးဖွားရာဒေသ : Madrid, Spain

အရပ်အမြင့် : 1.80 m (5ft 11in)

ကိုယ်ရေးအကျဉ်း
==========

အလီဂျန်ဒရို ဂါနာချို မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လကုန်တွင် မန်ချက်စတာ ယူနိုက်တက်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်..။ အာဂျင်တီးနား လက်ရွေးစင် တောင်ပံ ကစားသမားမှာ ပြီးခဲ့သည့် ဘောလုံးရာသီ နှစ်ရာသီတွင် မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် (၉၃) ပွဲကစား၊ (၁၆) ဂိုး သွင်းယူပေးခဲ့သည်..။ အဲဗာတန်အသင်းနှင့်ပွဲစဉ်တွင် သွင်းယူပေးခဲ့သော မြေမကျဘောကန်ချက် သွင်းဂိုးမှာ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆု Puskas Award ရရှိခဲ့သည်..။

ဂါနာချို မှာ မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဘယ်တောင်ပံ တိုက်စစ်မှူးအဖြစ် အများဆုံးကစားပြီး ညာတောင်ပံနှင့် ကွင်းလယ်တိုက်စစ်တွင်လည်း ကစားပေးနိုင်သည်..။ မန် ယူနိုက်တက်၏ လူငယ်အသင်းများတွင် ခြေစွမ်းပြခဲ့ပြီးနောက် အသက် (၁၈) နှစ်မပြည့်မှီ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ချယ်လ်ဆီးအသင်းနှင့် ပွဲစဉ်၌ လူစားဝင် ကစားသမားအဖြစ် စတင်ကစားခွင့်ရခဲ့သည်..။

၂၀၂၂/၂၃ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ (၃၄) ပွဲကစား၊ (၅) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် ပွဲထွက်ကစားသမားအဖြစ် နေရာရလာခဲ့ပြီး (၃၆) ပွဲကစား၊ (၇) ဂိုး သွင်းယူပေးခဲ့သည်..။ အဆိုပါသွင်းဂိုးများတွင် အဲဗာတန်အသင်းနှင့်ပွဲစဉ်က သွင်းဂိုးနှင့် ချယ်လ်ဆီးအသင်းက မန် ယူနိုက်တက်အသင်းကို စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ၄ဂိုး- ၃ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်မှ သွင်းဂိုးများလည်း ပါဝင်ခဲ့သည်..။ ထို့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂါလာတာစာရေးအသင်းနှင့် တစ်ဘက်သုံးဂိုးစီ သရေကျခဲ့သော ပွဲစဉ်၌ ဂိုးရရှိခဲ့သည်..။

အိုးလ် ထရက်ဖို့ဒ်အသင်းနှင့် နောက်ဆုံးရာသီတွင် ဂါနာချို မှာ ပိုမိုခြေစွမ်းပြနိုင်ခဲ့သလို ပြိုင်ပွဲစုံ (၅၈) ပွဲကစားခွင့်ရခဲ့ပြီး (၁၁) ဂိုးသွင်း၊ (၁၀ )ဂိုး ဖန်တီးပေးနိုင်ခဲ့သည်..။ အာဂျင်တီးနား တောင်ပံ ကစားသမားလေးမှာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် (၁၄၄) ကစား၊ ဂိုးသွင်း+ ဂိုးဖန်တီးမှု (၄၈) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။

ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ပွဲကစားခွင့်ကို ဘရန့်တ်ဖို့ဒ်အသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့သောပွဲတွင် ရရှိခဲ့ပြီး သူ၏ဖြတ်တင်ဘောမှာ အသင်း၏ဒုတိယဂိုးရရှိနိုင်ရန် အရေးပါခဲ့သည်..။

ဂါနာချို မှာ ၂၀၂၃ ခုနှစ်၊ မတ်လတွင် အာဂျင်တီးနား လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ခေါ်ယူခံခဲ့ရပြီး ဩစတြေးလျအသင်းနှင့် ခြေစမ်းပွဲစဉ်တွင် စတင်ကစားခွင့်ရခဲ့သည်..။ ၂၀၂၄ ခုနှစ်တွင် ကိုပါ အမေရိက ဖလားပြိုင်ပွဲ၊ ဗိုလ်စွဲခဲ့သည့် အာဂျင်တီးနားအသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ချယ်လ်ဆီးအသင်းသို့ မပြောင်းရွှေ့မီအထိ အာဂျင်တီးနားအသင်းအတွက် (၈) ပွဲ ကစားပေးထားသည်..။