19 Mamadou Sarr

ကစားသည့်နေရာ : Centre-back

အသက် : 20 years (29 August, 2005)

မွေးဖွားရာဒေသ : Martigues, France

အရပ်အမြင့် : 1.94m (6ft 4in)

ကိုယ်ရေးအကျဉ်း
=========

မာမာဒူ ဆားရ် မှာ ၂၀၂၄/၂၅ ဘောလုံးရာသီအတွင်းတွင် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် စထရာ့ဘာ့ဂ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်…။ ထို့နောက် ၂၀၂၅/၂၆ ဘောလုံးရာသီ စတင်ချိန်တွင် စထရာ့ဘာ့ဂ်အသင်းသို့ ပြန်လည်အဌားချခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ အပြောင်းအရွှေ့၊ နောက်ဆုံးရက်တွင် ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်..။

၂၀၂၄/၂၅ ဘောလုံးရာသီ၊ UEFA ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ Play-off အဆင့် ဝင်ခွင့်ရရှိခဲ့သည့် စထရာ့ဘာ့ဂ်အသင်းတွင် အဓိကကစားသမားနေရာမှ ပါဝင်ပေးခဲ့ပြီး အသင်းနှင့် ပြိုင်ပွဲစုံ (၂၈) ပွဲ ပါဝင်ကစားခဲ့သည်..။ 

ဆားရ် မှာ RC လန်းစ်အသင်း လူငယ်အကယ်ဒမီမှတဆင့် လိုင်ယွန်အသင်းသို့ ရောက်ရှိလာခဲ့ပြီး ၂၀၂၂/၂၃ ဘောလုံးရာသီတွင် လိုင်ယွန်အသင်းကြီးအတွက် ကစားခွင့်ရရှိခဲ့သည်..။ ထို့နောက် ဘယ်လ်ဂျီယမ်လိဂ် ပြိုင်ပွဲဝင် RWD Molenbeek အသင်းသို့ ငါးလကြာ အဌားသွားရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် စထရာ့ဘာ့ဂ်အသင်းသို့ ရောက်ရှိလာခဲ့သည်..။

၂၀၂၅ ခုနှစ်၊ နွေရာသီတွင် ကျင်းပခဲ့သော ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ES Tunis အသင်းနှင့် ယှဉ်ပြိုင်ခဲ့သောပွဲစဉ်၌ ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့သည်..။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် စထရာ့ဘာ့ဂ်အသင်းသို့ ပြန်လည်ပြီး အဌားသွားရောက်ခဲ့သည်..။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ၂၀၂၅ ခုနှစ်အတွက် ‘အကောင်းဆုံး လူငယ်ကစားသမားဆ (Golden Boy)’ ဆန်ကာတင် စာရင်းတွင် ပါဝင်ခဲ့သည်..။

မာမာဒူ ဆားရ် မှာ ပြင်သစ်လူငယ် (အသက် ၂၀ နှစ်အောက်) အသင်းတွင် ရွေးချယ်ခံရဖူးသော်လည်း ဆီနီဂေါအသင်းအတွက် ကိုယ်စားပြုရန် ဆုံးဖြတ်ခဲ့သည်..။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဆီနီဂေါအသင်းက ကင်ညာအသင်းအား ၈ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် လက်ရွေးစင်အသင်းကြီးနှင့် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့သည်..။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အာဖရိကဖလားပြိုင်ပွဲဝင် ဆီနီဂေါအသင်းအတွက် ရွေးချယ်ခံခဲ့ရသည်..။ အာဖရိကချန်ပီယံဆု ရရှိခဲ့သည့် ဆီနီဂေါအသင်းအတွက် အုပ်စုအဆင့်တွင် လူစားဝင် ကစားသမားအဖြစ် (၂) ပွဲနှင့် နောက်ဆုံးဗိုလ်လုပွဲတွင် ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရသော ကာလီဒူ ကူလီဘာလီ ၏ နေရာသို့ အစားထိုးပြီး ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ရသည်..။