39 Mike Penders

ကစားသည့်နေရာ : Goalkeeper

အသက် : 21 years (31 July, 2005)

မွေးဖွားရာဒေသ : Maasmechelen, Belgium

အရပ်အမြင့် : 2.00m (6ft 7in)

ကိုယ်ရေးအကျဉ်း
=========

မိုက်ခ် ပန်ဒါးစ် သည် ၂၀၂၅ ခုနှစ် နွေရာသီတွင် ဂျန့်ခ်အသင်းမှ ချယ်လ်ဆီးသို့ ရောက်ရှိလာခဲ့သည်။ ချယ်လ်ဆီးအသင်းမှာ ဘယ်လ်ဂျီယမ် လူငယ်ဂိုးသမားကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည့် သဘောတူညီမှုကို ယခင်နှစ်ကတည်းက ကြေညာခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ရာသီတွင် သူ့အားဘယ်လ်ဂျီယံ အသင်း၌ပင် ဆက်လက်ထားရှိခဲ့သည်။

ပန်ဒါးစ်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ စတန်းဒက် လီယေးဂျ်အသင်းနှင့်ပွဲစဉ်တွင် ဂျန့်ခ်အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့် စတင်ရရှိခဲ့သည်။ အဆိုပါပွဲတွင် ပေးဂိုးမရှိ (Clean sheet) ရယူခဲ့ပြီး အသက် (၁၈) နှစ်၊ (၃၆၃) ရက်ဖြင့် ဘယ်လ်ဂျီယမ်လိဂ်သမိုင်းတွင် တတိယမြောက် အသက်အငယ်ဆုံး ပွဲထွက်ခဲ့သည့် ဂိုးသမား ဖြစ်လာခဲ့သည်။ ၂၀၂၄/၂၅ ရာသီတွင် ၎င်းသည် ဂျန့်ခ်အသင်းအတွက် (၂)၆ ပွဲကစား၊ ပေးဂိုးမရှိ (၇) ပွဲ ရရှိခဲ့ပြီး ဘယ်လ်ဂျီယံလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားထိပ်တွင် (၉) မှတ်အသာဖြင့် ပြီးဆုံးခဲ့သည်..။ ထို့နောက် (Play-offs) အဆင့်တွင် တတိယနေရာရရှိ၍ UEFA ယူရိုပါလိဂ် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

အဆိုပါဘောလုံးရာသီကုန်တွင် ချယ်လ်ဆီးသို့ ရောက်ရှိလာပြီးနောက် အမေရိကန်ပြည်ထောင်စုတွင် ကျင်းပသည့် ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် နည်းပြ အင်ဇို မာရက်စကာ ၏ အသင်းလူစာရင်း၌ ပါဝင်လာခဲ့သည်။

၂၀၂၅/၂၆ ရာသီအတွက် ၎င်းသည် စထရာ့ဘာ့ဂ်အသင်းသို့ အငှားသွားရောက်ကစားခဲ့ပြီး မက်ဇ်အသင်းနှင့် ဒါဘီပွဲစဉ်၌ ဂိုးမပေးရပဲ လက်စွမ်းပြခဲ့ချိန်မှ စတင်ကာ ပွဲထွက်ဂိုးသမားနေရာကို ရရှိခဲ့သည်။ ထို့အပြင် ပန်ဒါးစ် သည် စထရာ့ဘာ့ဂ်အသင်းအား UEFA ကွန်ဖရန့်လိဂ် play-off အဆင့်များကို ကျော်ဖြတ်နိုင်ရန် ကူညီပေးခဲ့ပြီး နိုဝင်ဘာလအတွင်း လိုင်လီအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် သူ၏အဆိုပါဘောလုံးရာသီအတွက် (၆) ပွဲမြောက် ပေးဂိုးမရှိ (Clean sheet) ရယူနိုင်ခဲ့သည်။ ပန်ဒါးစ် သည် အယ်လ်ဆက်ဒေသအခြေစိုက်အသင်း (Alsace side) အတွက် ပြိုင်ပွဲစုံ (၅၂) ပွဲ ပါဝင်ကစားခဲ့ပြီး clean sheet (၁၂) ပွဲ ရအောင် ထိန်းသိမ်းနိုင်ခဲ့သည်။

ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ လူတန် တောင်းအသင်းနှင့် Carabao ဖလား အနိုင်ပွဲစဉ်တွင် ရရှိခဲ့ပြီး ပေးဂိုးမရှိ clean sheet ရရှိခဲ့သည်။

ပန်ဒါးစ်သည် လူငယ်အသင်းအဆင်ဆင့်ကို ဖြတ်သန်းခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် လက်ရွေးစင် အသင်းကြီးအတွက် ခေါ်ယူခြင်းခံခဲ့ရသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲများတွင် ပါဝင်ကစားခွင့် မရရှိခဲ့ပေ။ သူ၏ ဘယ်လ်ဂျီယမ် လူငယ် (အသက် (၂၁) နှစ်အောက်) အသင်းနှင့် ပထမဆုံး ပွဲထွက်ခွင့်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ဝေလအသင်းအား ၇ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ ရရှိခဲ့သည်။

၂၀၂၆ ခုနှစ် မတ်လတွင် ဘယ်လ်ဂျီယမ်လူငယ် (အသက် (၂၁) နှစ်အောက်) အသင်းက ဩစတြီးယားအသင်းကို ၁ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ ဂိုးမပေးရအောင် ထိန်းသိမ်းနိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်နိုင်မည့် လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေစေခဲ့သည်။ ၂၀၂၅/၂၆ ဘောလုံးရာသီ အပြီးတွင် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘယ်လ်ဂျီယံအသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။