ကစားသည့်နေရာ : Goalkeeper
အသက် : 34 years (2 September, 1992)
မွေးဖွားရာဒေသ : Mar de Plata, Argentina
အရပ်အမြင့် : 1.95m (6ft 5in)
ကိုယ်ရေးအကျဉ်း
=========
အီမီလီယာနို သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လကုန်တွင် အက်စတွန် ဗီလာမှ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်။ သူ၏မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံရှိ အင်ဒီပဲန်းဒီးယန်းတေး လူငယ်အကယ်ဒမီတွင် ကစားသမားဘဝကို စတင်ခဲ့ပြီးနောက် မာတီနက်ဇ် သည် ၂၀၁၀ ပြည့်နှစ်၊ ဩဂုတ်လတွင် အသက် (၁၇) နှစ်အရွယ်ဖြင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
ပထမအသင်း အတွေ့အကြုံရရှိရန်အတွက် အငှားသွားရောက်ကစားခဲ့ပြီးနောက် ၂၀၁၉/၂၀ ရာသီတွင် အာဆင်နယ်အသင်း၏ ပွဲထွက်ဂိုးသမား ဖြစ်လာခဲ့ကာ ရာသီနောက်ဆုံးပွဲစဉ် (၁၁) ဆက်တိုက် ပွဲထွက်ခွင့် ရရှိခဲ့ပြီး FA ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။ နောက်ရာသီအစတွင် ကွန်မြူနတီ ဒိုင်းကို ဆွတ်ခူးခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် အက်စတွန် ဗီလာအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
Midlands ဒေသ၌ရှိစဉ်အတွင်း မာတီနက်ဇ် သည် ကမ္ဘာ့ထိပ်တန်း ဂိုးသမားများအနက် တစ်ဦးအဖြစ် လက်စွမ်းပြ၊ သက်သေပြနိုင်ခဲ့သည်။ သူသည် ဗီလာအသင်းအတွက် ဘောလုံးရာသီ (၆) ရာသီအတွင်း (၂၅၆) ပွဲ ကစားခဲ့ပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ရန် ကူညီပေးခဲ့သည်။
မာတီနက်ဇ် သည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အာဂျင်တီးနားအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ကို စတင်ရရှိခဲ့ပြီး ထိုအချိန်မှစ၍ အာဂျင်တီးနားအသင်း၏ ပထမဦးစားပေးဂိုးသမား ဖြစ်လာခဲ့ကာ ချယ်လ်ဆီးအသင်းသို့ မပြောင်းရွှေ့မီအထိ နိုင်ငံအသင်းအတွက် (၆၇) ပွဲ ကစားထားခဲ့ပြီး ဖြစ်သည်။ မာတီနက်ဇ် သည် အာဂျင်တီးနား လက်ရွေးစင်အသင်းနှင့်အတူ ကိုပါအမေရိက ဖလား (၂) ကြိမ် (၂၀၂၁ နှင့် ၂၀၂၄) ဆွတ်ခူးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဖလားကို ရရှိခဲ့သည်။
အဆိုပါအောင်မြင်မှုများကြောင့် မာတီနက်ဇ် သည် ၂၀၂၃ နှင့် ၂၀၂၄ Ballon d'Or ဆုပေးပွဲ အခမ်းအနားများ၌ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားအတွက် ပေးအပ်သည့် ‘ရာရှင်ဆု (Yashin Trophy)’ ကို ရရှိခဲ့သည်။