မနေ့ကယှဉ်ပြိုင်ကစားခဲ့သော ယူရို ၂၀၂၀ ဥရောပဖလား ခြေစစ်ပွဲစဉ်များတွင် ပါဝင်ကစားခဲ့သော ချယ်လ်ဆီးအသင်း ကစားသမားများကို စုစည်းတင်ဆက် ပေးလိုက်ရပါသည်..။
⚽️ ခရိုအေးရှား အသင်းက ဟန်ဂေရီအသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ယူရို ၂၀၂၀ ဥရောပဖလား ခြေစစ်ပွဲစဉ်၊ အုပ်စု (E) ပွဲစဉ်တွင် ကွင်းလယ်ကစားသမား ‘မက်တီယို ကိုဗာဆစ်’ မှာ ပွဲချိန် (၆၇) မိနစ်တွင် လူကာ မိုဒရစ် အစား လူစားဝင်ရောက် ကစားခွင့်ရရှိခဲ့သည်..။
⚽️ ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် RB လိုက်ပ်ဇစ် အသင်းသို့ အဌားရောက်ရှိနေသည့် လူငယ်ကစားသမား ‘အီသန် အမ်ပါဒူး’ မှာ ဆလိုဗက်ကီးယားအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ဝေလအသင်းတွင် ပွဲထွက်ကစားခွင့် ရရှိခဲ့သည်..။ ထိုပွဲတွင် အီသန် အမ်ပါဒူး မှာ ကွင်းလယ်အဖျက် နေရာတွင် ပါဝင်ကစားခဲ့ရပြီး ပွဲချိန် (၁၁) မိနစ်တွင် ဆလိုဗက်ကီးယား အသင်းမှ ကန်သွင်းသော အပိုင်ဂိုးသွင်းခွင့်ကို ကာကွယ်တားဆီးခဲ့သည်..။ အမ်ပါဒူး မှာ ပွဲချိန် (၅၈) မိနစ်တွင် ဂျီးဆက်ပ် မိုရဲလ် နှင့် လူစားလဲခြင်း ခံခဲ့ရသည်..။
⚽️ အုပ်စု (I) ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယမ် အသင်းက ဆမ် မာရီနိုအသင်းအား ၉ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် တိုက်စစ်မှူး ‘မစ်ချီ ဘတ်ရှူအားယီ’ မှာ ပါဝင်ကစားခွင့် မရခဲ့ပေ..။ အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးကစားသမားဟောင်းများဖြစ်သည့် ဂိုးသမား သီဘတ် ကော့တွားစ် နှင့် ကွင်းလယ်ဖန်တီးရှင် အီဒင် ဟာဇက် တို့ ပါဝင်ကစားခဲ့သည်..။
⚽️ စကော့တလန်နိုင်ငံ၊ အီဒင်ဘာရာမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သော စကော့တလန် လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းနှင့် လစ်သူယေးနီးယား လူငယ်အသင်းတို့၏ ပွဲစဉ်တွင် လူငယ်ကစားသမား #ဘီလီ_ဂေးလ်မား ပါဝင်ကစားခွင့် ရရှိခဲ့သည်..။
⚽️ အင်္ဂလန် လူငယ် (အသက် ၂၀ နှစ်အောက်) အသင်းနှင့် အီတလီလူငယ်အသင်းတို့ တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် လူငယ်နောက်ခံအစွန်လူ #တာရစ်ခ်_လမ်ပ်တေး ပါဝင်ကစားခွင့်ရသည်..။