feature-image

အိုလီဗီယာ ဂျီရူးဒ် နဲ့ ဆွေးနွေးသွားမယ်လို့ တုံ့ပြန်လိုက်တဲ့ ဖရန့် လမ်းပတ်

ယခုနှစ်ဘောလုံးရာသီတွင် လူငယ်တိုက်စစ်မှူး တန်မီ အေဘရာဟမ် မှာ အထောင်တိုက်စစ်မှူးအဖြစ် ချယ်လ်ဆီးအသင်း၏ တိုက်စစ်ကို ဦးဆောင်လျှက်ရှိသည်..။ ထို့ကြောင့်ပြင်သစ်အသင်းနှင့် နိုင်ငံတကာ ပွဲစဉ်များအတွက် သွားရောက်စဉ် တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် က သူ့အတွက် ကစားရန် အခွင့်အရေး မရှိပါက အသင်းမှ ထွက်ခွာသွားရန် စဉ်းစားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်..။

ထို့ကြောင့်နည်းပြ ဖရန့် လမ်းပတ် က Goal.com သတင်းဌာနှနှင့် တွေ့ဆုံခန်းတွင် တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် ဟာ လက်လွှတ်ရန် ဆုံးဖြတ်ပြီးပြီလား..? ဆိုသည့်မေးခွန်းအပေါ် ယခုလို ဖြေကြားခဲ့သည်..။

“No… ကျွန်တော်သူ့ကို အသင်းမှာဆက်ပြီး နေစေချင်ပါတယ်..။ အခုအချိန်မှာ သူဟာအသင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့သူပါ..။ ဒါ့ကြောင့်တန်မီ ဟာ အခုအချိန်မှာ ခြေစွမ်းပြနေတယ် ဆိုပေမယ့် ကျွန်တော်ဟာ ဂျီရူးဒ် နဲ့ အသေအချာ ဆွေးနွေးသွားပါဦးမယ်..။ ကျွန်တော်ဟာ သူ့ကိုလေးစားမှု ရှိသလို အသင်းမှာသူ့ကိုဆက်ပြီး ရှိနေစေချင်ပါတယ်..။

နိုင်ငံပွဲတွေအတွက် သူမသွားရောက်ခင်မှာ သူနဲ့စကားပြောဖြစ်ခဲ့ပါသေးတယ်..။ ကျွန်တော်ဟာ အသင်းက ကစားသမားတိုင်းကို လေးစားမှု ရှိသလို ကိုယ်ကိုယ်တိုင်လည်း အသက် (၃၀) ကျော် အရွယ်တုန်းက အနိမ့်စံဘဝမျိုးနဲ့ ကြုံခဲ့ရဖူးပါတယ်..။ ကျွန်တော်ဟာ သူ့ရဲ့စိတ်ဓါတ်နဲ့ ခံယူချက်တွေကို နှစ်သက်ပါတယ်..။


သူ့ရဲ့အနေအထားအပေါ် မကျေနပ်နိုင်ဘူး..၊ ကစားခွင့်မရတဲ့အပေါ် လက်မခံနိုင် ဖြစ်နေတယ်.. အဲဒါဟာ ဖြစ်သင့်ပါတယ်..။ ကစားသမားကောင်းတွေ..၊ ကစားသမားကြီးတွေတိုင်းဟာ ဒီလိုပါပဲ..။ ဒါ့ကြောင့် အိုလေ (အိုလီဗီယာ ဂျီရူးဒ်) ကို ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ..၊ သူဟာကစားခွင့် သေချာပေါက်ရမှာပါ..၊ အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေဦးမှာပါ..။ အခုလက်ရှိ အချိန်မှာတော့ တန်မီ ရဲ့ ခြေစွမ်းကြောင့် သူ့အတွက် ကစားခွင့် သိပ်မပေးနိုင်ပဲ ဖြစ်နေရတာပါ..။

ဒ့ါကြောင့်လာမယ့် ဇန်နဝါရီကျရင် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်တော်ဟာ အိုလေ နဲ့ သေသေချာချာ ဆွေးနွေးမှာ ဖြစ်ပါတယ်..။ ဒါပေမယ့် ဇန်နဝါရီ ကိုရောက်ဖို့ အဝေးကြီး လိုနေပါသေးတယ်..။”

ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် မှာ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် နှစ်ကြိမ်..၊ ကစားချိန် (၁၀၁) မိနစ်သာ ရရှိထားသေးပြီး ပရီးမီးယားလိဂ် သွင်းဂိုးမရရှိသေးပေ..။