feature-image

သံမဏိ ဂျွန် တယ်ရီ ရဲ့ အရသာကို မြည်းစမ်းခဲ့ရတဲ့ ‘မတ်တီယို ကိုဗာဆစ်’

မနေ့က ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် အက်စ်တွန် ဗီလာအသင်းတို့၏ ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် ဂန္တဝင်နောက်ခံလူ ဂျွန် တယ်ရီ အား အသင်းဟောင်းမှ ကစားသမားများ၊ နည်းပြဝန်ထမ်းများနှင့် ပရိသတ်များက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်..။



အသင်းခေါင်းဆောင်ကြီးကို နှုတ်ဆက်မယ်..


အောင်မလေး.. သေပါပြီဗျ..!!!


ပွဲအပြီးနည်းပြခုံတန်းတွင် ရှိနေသော ဂျွန် တယ်ရီ က ချယ်လ်ဆီးကစားသမားများနှင့် အပြန်အလှန် နှုတ်ဆက်ခဲ့ရာ ခရိုအေးရှား ကွင်းလယ်ကစားသမား မတ်တီယို ကိုဗာဆစ် ၏ အလှည့်အရောက်တွင် ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်းကြီးက ကိုဗာဆစ် ၏ လက်အား အားကုန်ညှစ်မိခဲ့သည့်အတွက် ခရိုအေးရှား ကွင်းလယ်ကစားသမားမှာ နာကျင်မှုကို ဟန်မဆောင်နိုင်အောင် ဖြစ်ခဲ့ရသည်.။


တကယ်လုပ်တာဟ...


အိမ်ကျရင် အမေနဲ့ တိုင်ပြောမယ်...


ဆောရီး ပါ... ညေး...


ကိုဗာဆစ် ၏ နာကျင်မှု ဝေဒနာကို ချက်ချင်းသိမြင်ခဲ့သည့် ဂျွန် တယ်ရီ မှာ လက်ပြပြီး တောင်းပန်ခဲ့သည်..။ သို့သော် အဆိုပါဖြစ်ရပ်အား ရုပ်သံကင်မရာများမှ မှတ်တမ်းတင်မိခဲ့ပြီး ပရိသတ်တစ်ယောက်က အသင်းခေါင်းဆောင်ဟောင်းကြီး၏ လက်ညှစ်အားအပေါ် ‘Hands of Steel’ ဟု တင်စားသွားခဲ့သည်..။