ချယ်လ်ဆီးအသင်း Official Website မှာ ယခုနှစ်ဘောလုံးရာသီတွင် ကစားသမားတစ်ဦးချင်းစီ၏ ယခင်အတိတ်က အမှတ်တရ ပစ္စည်းများ၊ ဖြစ်ရပ်များ၊ လက်ရှိအချိန်တွင် အနှစ်သက်ဆုံး အရာများအကြောင်းကို တွေ့ဆုံမေးမြန်းခန်း ပုံစံအသစ်အဖြစ် တင်ဆက်ပေးခဲ့သည်..။ အင်္ဂလန်လူငယ် နောက်ခံလူ ရိစ် ဂျိမ်းစ် နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် သူအနှစ်သက်လုံး ဘောလုံးအကျီများ၊ အားလပ်ရက်ခရီးစဉ်များ၊ မိုဘိုင်းဖုန်းများ အပါအဝင် သူ၏ယခင်ကာလ၊ ယခုကာလနှင့် အမြဲတမ်း ပြုလုပ်လေ့ရှိသည့် အမူအကျင့်များအကြောင်းကို ယခုလိုပြောပြခဲ့သည်..။
First: ခင်ဗျားပထမဆုံး ဝတ်ဆင်ခဲ့ဖူးတဲ့ ဘောလုံးအကျီအကြောင်း ပြောပြနိုင်မလား..?
“ချယ်လ်ဆီးအသင်းရဲ့ အဝါရောင်တောက်တောက်နဲ့ အဝေးကွင်းအကျီ ဖြစ်ပါလိမ့်မယ်..။ အဲဒီအကျီကို ရတဲ့အချိန်က ကျွန်တော်ဟာ ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်လောက်ပဲ ရှိပါဦးမယ်..။ နောက်ကျောမှာ ဒီဒီယာ ဒရော့ဘာ နံပါတ်နဲ့ ကျောနံပါတ် (၁၁) ရိုက်ထားပါတယ်..။”
Last: ခင်ဗျားတစ်ခါမှ မကစားခဲ့ဖူးတဲ့ အသင်းတစ်သင်းရဲ့အကျီကို နောက်ဆုံးအကြိမ် ဝတ်ဖူးခဲ့တဲ့ ဘယ်တုန်းကလဲ..? ဘယ်အသင်းရဲ့အကျီ ဖြစ်မလဲ..?
“မရှိဘူးလို့ ထင်တာပဲဗျ..။ ကျွန်တော့်ဆီမှာ ချယ်လ်ဆီးအသင်းအကျီတွေပဲ ရှိပါတယ်..။”
Always: အဲဒီအကျီတွေထဲမှာ ခင်ဗျားအကြိုက်ဆုံးအကျီကို ပြောပြပေးပါလား..?
“မနှစ်ကဘောလုံးရာသီ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ ပြိုင်ဘက်ကစားသမားတွေနဲ့ အမှတ်တရ အကျီလဲဖြစ်ခဲ့တဲ့ အကျီတစ်ချို့ရှိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ မနှစ်ကဘောလုံးရာသီဟာ ကျွန်တော့်အတွက် တကယ့်ပြိုင်ပွဲကြီးတစ်ရပ်ကို ပထမဆုံး ပါဝင်ခွင့်ရတဲ့ ရာသီတစ်ခုလည်း ဖြစ်တာကြောင့်ပါ..။ နောက်ပြီးချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ပွဲက အကျီရယ်..၊ အသင်းအတွက် ပထမဆုံး ဂိုးသွင်းပေးနိုင်ခဲ့တဲ့ အိုင်းယက်စ်အသင်းနဲ့ပွဲက အကျီတွေကို အိမ်မှာသိမ်းထားပါတယ်..။ နောက်ပိုင်းကျရင် အဲဒီအကျီတွေကို မှန်ဘောင်တွေနဲ့ သေသေချာချာ ထိန်းသိမ်းဖြစ်မယ်လို့ ထင်ပါတယ်..။”
First: မနက်စောစော ပထမဆုံး စားဖြစ်တဲ့..၊ ဒါမှမဟုတ် သောက်ဖြစ်တဲ့အရာ ပြောပြပါလား..?
“မနက်စောစောတိုင်း လက်ဘက်ရည်တစ်ခွက် သောက်လေ့ရှိပါတယ်..။ မနက်စာကိုတော့ လေ့ကျင့်ကွင်းကို ရောက်တဲ့အချိန် ကြက်ဥမွှေကြော်တွေ စားတာများပါတယ်..။”
Last: အိပ်ရာမဝင်ခင် နောက်ဆုံးသုံးဆောင်လေ့ရှိတဲ့ အရာကရော..?
“လက်ဘက်ရည်ပါပဲ..။ ကျွန်တော်ဟာ လက်ဘက်ရည်ကို မနက်တစ်ခွက်၊ ညအိပ်ရာဝင်ခါနီး တစ်ခွက်သောက်လေ့ရှိတဲ့ အကျင့်ရှိပါတယ်..။”
Always: အများဆုံး မကြာခဏ သုံးဆောင်လေ့ရှိတဲ့ အစားအစာကရော ဘာတွေဖြစ်မလဲဗျ..?
“ငါး.. ဖြစ်ပါလိမ့်မယ်..။ ကျွန်တော်ဟာ ငါးကို အများဆုံး စားလေ့ရှိပါတယ်..။”
First: ကြည့်ဖူးသမျှထဲမှာ ခင်ဗျားစိတ်ထဲ အရင်ဦးဆုံးအရနေတဲ့ ရုပ်ရှင်တစ်ကား….
“ဝီလ် စမစ် ရဲ့ ‘The Pursuit for Happiness’..”
Last: ခင်ဗျားနောက်ဆုံးကြည့်ခဲ့တဲ့ ရုပ်ရှင်၊ ဒါမှမဟုတ် TV အစီအစဉ်တစ်ခုကို ပြောပြပါလား..?
“အခုလောလောဆယ် Netflix က လာနေတဲ့ ‘You’ ဆိုတဲ့ ဇာတ်လမ်းတွဲ ကြည့်နေပါတယ်..။ ဇာတ်လမ်းက နည်းနည်းတော့ ထူးဆန်းတယ်ဗျ..။ စိတ်မမှန်တဲ့သူတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ကြိုက်တယ်..၊ ဒါပေမယ့် အဲဒီကောင်မလေးက သူ့ကိုခေါက်ထားပြီး တခြားသူတွေနဲ့ တွဲခုတ်နေတဲ့နောက်ပိုင်း ဖြစ်ရပ်တွေအကြောင်း ရိုက်ကူးထားတာပါ..”
Always: ခင်ဗျားမကြာခဏ ကြည့်ရှုလေ့ရှိတဲ့ ရှုပ်ရှင်ဇာတ်ကား ရှိခဲ့ရင်ပြောပြပါလား..
“မကြာခဏ ကြည့်ဖြစ်တာဆိုရင် ‘ဘောလုံးပွဲ’ ပဲ ဖြစ်မှာပါ..။”
First: ဈေးဝယ်ထွက်တယ် ဆိုပါစို့..၊ ဘယ်လိုဆိုင်မျိုးကို အရင်ဆုံးကြည့်ရှုလေ့ ရှိပါသလဲ..?
“ကျွန်တော်က ရေမွှေးနဲ့ အနံ့မွှေးတဲ့အရာတွေကို နှစ်ခြိုက်ပါတယ်..။ ဒ့ါကြောင့်ရေမွေးဆိုင်..၊ aftershave ရောင်းတဲ့ဆိုင်တွေပဲ အရင်ကြည့်ဖြစ်ပါတယ်..။”
Last: ဒါဆိုရင် နောက်ဆုံးကျမှ ရောက်ဖြစ်တဲ့ဆိုင်တွေကရော..?
“အိမ်ပြန်တဲ့အချိန် ကော်ဖီဆိုင် ဝင်တတ်ပါတယ်..။ ဒါ့ကြောင့် Starbuck ဒါမှမဟုတ် Costa ကော်ဖီဆိုင် ဖြစ်ပါလိမ့်မယ်..။”
Always: တစ်ယောက်ယောက်ကို လက်ဆောင်ပေးဖြစ်မယ်ဆိုရင် ဘယ်လိုအရာတွေဝယ်ဖို့ အရင်ဆုံးစဉ်းစားလေ့ရှိလဲဗျ..?
“Westfield စူပါမားကတ်ကို သွားပါ့မယ်..။ အဲဒီမှာက ဆိုင်နည်းနည်းပဲရှိပေမယ့် အမယ်အရမ်းစုံပါတယ်..။ ကျွန်တော်လိုချင်တဲ့အရာ ရှာတွေ့နိုင်ဖို့ အခွင့်အရေးများပါတယ်..။”
First: ကဘေးဘဝတုန်းက ပထမဆုံးအားလပ်ရက်ခရီး သွားဖြစ်ခဲ့တဲ့နေရာကို ပြောပြနိုင်မလား..?
“ကျွန်တော့်ရဲ့ ပထမဆုံး အားလပ်ရက်ခရီးမှာ ဖလော်ရီဒါ ကို သွားဖြစ်ပါတယ်...။ နောက်တော့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ပြောင်းရွှေ့သွားတဲ့ အယ်လ်မားရီးယား ကို မကြာခဏ သွားလည်ဖြစ်ပါတယ်..။ ဒါ့ကြောင့်စပိန်ကို မကြာမကြာရောက်ဖြစ်တယ်လို့ပဲ ပြောရမှာပါ…။”
Last: ပြီးခဲ့တဲ့ international break တုန်းက ဘယ်ကိုသွားလည်ဖြစ်ခဲ့လဲဗျ..?
“ပေါ်တူဂီ ပါ..။ ပြီးခဲ့တဲ့ နောက်ဆုံး international break မှာ မဟုတ်ဘူး..။ နွေရာသီတုန်းကပဲ နောက်ဆုံးခရီးထွက်ဖြစ်ခဲ့ပါတယ်..။”
Always: မကြာခဏ သွားဖြစ်လေ့ရှိတဲ့ အနှစ်သက်ဆုံးနေရာတစ်ခုကို ပြောပြပါလား..?
“တစ်နေရာတည်းကို အမြဲတမ်းလိုလို သွားဖြစ်နေတာ မရှိပါဘူး..။ အမြဲတမ်းလိုလို နေရာစုံကို သွားလည်ဖြစ်လေ့ ရှိပါတယ်..။”
First: ပထမဆုံး ခင်ဗျားကိုင်ခဲ့တဲ့ မိုဘိုင်းဖုန်းက..
“iPhone 3GS ပါ..။”
Last: ခင်ဗျားရဲ့ဖုန်းမှာ နောက်ဆုံးသွင်းဖြစ်ခဲ့တဲ့ application က ဘာလဲဗျ.?
“Clash of Clan မိုဘိုင်း ဂိမ်းပါ..။”
Always: ဖုန်းမှာ အများဆုံး ပြုလုပ်ဖြစ်တဲ့အရာကရော..?
“အင်တာနက်မှာ ရောက်တတ်ရာရာ လျှောက်ကြည့်တာနဲ့ social media တွေ ကြည့်ဖြစ်တာပဲ ဖြစ်မှာပါ..။”
First: ပထမဆုံး ဝယ်ဖြစ်တဲ့ ဗွီဒီယိုဂိမ်းက..
“Xbox ဂိမ်းတစ်ခုဖြစ်တဲ့ ‘Star Wars’ ဂိမ်းပါ..။ ငယ်ငယ်တုန်းက Star Wars ဂိမ်းကို အတော်လေး ကြိုက်ခဲ့ပါတယ်..။”
Last: အခုနောက်ဆုံး ဆော့ဖြစ်ခဲ့တဲ့ ဗွီဒီယိုဂိမ်းကရော..
“FIFA ဂိမ်းကို PS 4 နဲ့ ဆော့ဖြစ်ပါတယ်..။ ကျွန်တော်က ‘Ultimate Team’ ကိုင်ပြီး အကောင်းဆုံး ကစားသမားတွေနဲ့ လူတိုင်းကို အနိုင်ရအောင် လိုက်ပြီးကစားတာပဲဗျ..”
Always: ဒါဆိုရင် ဘယ်သူနဲ့အများဆုံး တွဲပြီးကစားလေ့ရှိလဲဗျ..?
“အသင်းကလူတွေနဲ့ ကစားလေ့မရှိပါဘူး..။ Online တက်ပြီး ကြုံတဲ့ပြိုင်ဘက်နဲ့ ကစားလေ့ရှိပါတယ်..။ ဒါ့ကြောင့်တခါတလေ နိုင်တယ်..၊ တခါတလေ ရှုံးနိမ့်ပါတယ်..။”
First: မော်တော်ကားမောင်း လိုင်စင်ကို တကြိမ်တည်းနဲ့ စာမေးပွဲအောင်မြင်အောင် ဖြေနိုင်ခဲ့ရဲ့လား..?
“Yes...။ တစ်ကြိမ်တည်းပါပဲ..။ ကျွန်တော်က ကားမောင်းတာ ကျွမ်ကျင်တဲ့အပြင် လမ်းကလည်း ရှင်းနေတယ်..၊ အတားအဆီးလည်း သိပ်မများခဲ့တဲ့အတွက် ဖြေဆိုခဲ့ရတာ အခက်အခဲ သိပ်မရှိခဲ့ပါဘူး…။”
Last: ဘတ်စ်ကား တို့၊ မီးရထား တို့ ဘယ်တုန်းက နောက်ဆုံးစီးဖြစ်ခဲ့လဲဗျ..?
“မနှစ်ကဘောလုံးရာသီမှာ ဖြစ်ပါလိမ့်မယ်..။ ဝီဂန်အသင်းမှာတုန်းက ဝီဂန်ကနေ ပြန်လာပြီဆိုရင် ရထားစီးဖြစ်တာ များပါတယ်...။”
Always: ဒါဆိုရင် မော်တော်ကားမောင်းတဲ့အချိန် အမြဲတမ်းနားဆင်ဖြစ်တဲ့ ဂီတ..၊ ဒါမှမဟုတ် သီချင်းကရော..?
“ကျွန်တော်က R & B ဂီတကို နှစ်သက်ပါတယ်..။ ကျွန်တော့်ရဲ့နေရာက ကော့ဘ်ဟမ်လေ့ကျင့်ကွင်းနဲ့ အရမ်းနီးတော့ ငါးမိနစ်လောက်ပဲ ကားမောင်းရပါတယ်..။”
#FRANK